#World_Health
Published 21 July 2022

 

သွေးပြစ်နှုန်းမြင့်တဲ့ ကိုဗစ်လူနာတွေဟာ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း အမေရိကန်နှလုံးကောလိပ်ဂျာနယ်မှာ တနင်္လာနေ့က ဖော်ပြခဲ့ပါတယ်။

 

သွေးပြစ်နှုန်းက သွေးစီးဆင်းမှုဆန့်ကျင်ခြင်းကို ကိုယ်စားပြုပြီး သွေးပြစ်နှုန်းမြင့်မားခြင်းဖြင့် ခန္ဓာကိုယ်ထဲက သွေးကြောတွေထဲ လျင်မြန်ချောမွေ့စွာ သွေးစီးဆင်းနိုင်ခြင်းအပေါ် ဆိုးကျိုးသက်ရောက်စေပြီး သွေးခဲခြင်းနဲ့လည်း တိုက်ရိုက်ဆက်စပ်နေပါတယ်။

 

အဆိုပါ လေ့လာချက်က ကိုဗစ်ကြောင့်အသက်ဆုံးပါးခြင်းနဲ့ သွေးပြစ်နှုန်းတို့ကို ပထမဦးဆုံးအကြိမ်လေ့လာတာဖြစ်ပါတယ်။

 

သွေးပြစ်နှုန်းမြင့်မားတဲ့ ကိုဗစ်လူနာတွေဟာ သွေးပြစ်နှုန်းနည်းတဲ့လူနာတွေထက် အသက်သေဆုံးနိုင်ချေ ၆၀ ရာခိုင်နှုန်းပိုများကြောင်း သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။

 

လူနာတွေ ဆေးရုံကိုရောက်တဲ့အခါ ဆရာဝန်တွေက သွေးထဲကပရိုတိန်းအမျိုးမျိုးကို တိုင်းတာစစ်ဆေးပေမယ့် သွေးပြစ်နှုန်းကိုတော့ သိပ်ပြီး စစ်ဆေးလေ့မရှိပါဘူး။

 

အဆိုပါ တွေ့ရှိချက်များအရ ဆေးရုံးဆေးခန်းများအနေနဲ့ လူနာ မှတ်တမ်းမှတ်ရာပြုစုရာမှာ သွေးပြစ်နှုန်းကိုလည်း ထည့်သွင်းစစ်ဆေးပြီး ကိုဗစ်လူနာများအသက်ရှင်နှုန်းပိုများအောင် ပြုလုပ်နိုင်ဖို့မျှော်လင့်နေကြပါတယ်။

 

"ပုံမှန်ဓာတ်ခွဲခန်းစမ်းသပ်မှုတွေကနေ သွေးပြစ်နှုန်းကို အလွယ်တကူစစ်ဆေးနိုင်ပြီး ဆေးရုံစတက်တဲ့အချိန်မှာ သွေးပြစ်နှုန်းစစ်ဆေးထားဖို့ အရေးကြီးပါတယ်၊ အန္တရာယ်များတဲ့ လူနာတွေမှာ အကောင်းဆုံးကုသမှုပေးနိုင်အောင် မျှော်လင့်နိုင်ပါတယ်၊ သွေးပြစ်နှုန်းမြင့်မားတဲ့လူနာတွေမှာ အကျိုးပြုနိုင်မယ့် ဟက်ပရင်သွေးကျဲဆေးဖြင့် ကိုဗစ်ရောဂါလူနာတွေမှာ ဘေးအန္တရာယ်လျှော့ချနိုင်မလားလို့ စစ်ဆေးနေပါတယ်" လို့ ဒေါက်တာ'ရိုဆင်ဆန်'က ပြောကြားခဲ့ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group