Published 12 June 2022

ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်း ဆော်ဆိုဂွန်မှာရှိတဲ့ ဘူလူဆန်မီးတောင် တနင်္ဂနွေနေ့က ၁၈မိနစ်ခန့် ပေါက်ကွဲခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် ပြီးခဲ့တဲ့အပတ်က မီးတောင်ပေါက်လို့ ညစ်ညမ်းနေတဲ့ မြို့ကလေးတွေတော်တော်များများမှာ  ပြာ မှုန်တွေ ဖုံးလွှမ်းသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ထိခိုက်မှုအမျာဆုံးဖြစ်ခဲ့တဲ့ နေရာတွေထဲက တစ်နေရာဖြစ်တဲ့ ဂျူဘန်မြို့မှာ ပြာမှုန်တွေကြောင့် မြင်ကွင်းတွေ မှုန်ဝါးနေတဲ့ အတွက် ညစ်ပေနေတဲ့ လမ်းတွေကို ရှင်းလင်းဖို့သွားရောက်နေတဲ့ ကယ်ဆယ်ရေးလုပ်သားတွေဟာ ကားကို နှေးကွေးစွာ မောင်းနှင်နေကြရပါတယ်။ အခုထက်ထိ ထိခိုက်သေဆုံးတဲ့ သတင်းတွေမရသေးပါဘူး။

Source AFP

Published 12 June 2022 ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်း ဆော်ဆိုဂွန်မှာရှိတဲ့ ဘူလူဆန်မီးတောင် တနင်္ဂနွေနေ့က ၁၈မိနစ်ခန့် ပေါက်ကွဲခဲ့ပါတယ်။"/>