Published 5 June 2022

လေယာဉ်ငယ်ကလေးတစ်စီးဟာ ဒီလာဝဲပြည်နယ် ရီဟိုဘုတ် ကမ်းခြေအပေါ်က ကန့်သတ်ထားတဲ့လေပိုင်နက်အတွင်း စနေနေ့က မှားယွင်းဝင်ရောက်လာတဲ့အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် သမ္မတကတော် ဂျေးလ်ဘိုင်ဒင်တို့နှစ်ဦးကို ခေတ္တ အပြင်သို့ ကယ်ထုတ်ခဲ့ရတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

အဲဒီလေယာဉ်ငယ်ကို လေယာဉ်ပျံတွေနှင့် ကြပ်မတ်ပြီး သတ်မှတ်လေကြောင်းပိုင်နက် အပြင်ဘက်ကို ထုတ်ပစ်လိုက်ရတယ်လို့ အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေး ပြောရေးဆိုခွင့်ရ အန်သိုနီ ဂူဂလီမီက ပြောပါတယ်။ အမည်နာမထုတ်ပြောဆိုခြင်းမပြုထားတဲ့ အဲဒီလေယာဉ်မှူးကို မေးမြန်းစရာတွေဆက်လုပ်မယ်လို့ သူကပြောပါတယ်။

ကနဦးစုံစမ်းစစ်ဆေးမှုအရ လေယာဉ်မှူးဟာ မှန်ကန်တဲ့ ရေဒီယိုချယ်နယ်လ်ကိုမသုံးခဲ့တဲ့အပြင် NOTAMS (Notice to Airmen ကိုမလိုက်နာခဲ့ကြောင်းတွေ့ရပါတယ်။ ထုတ်ပြန်ထားတဲ့ ပျံသန်းရေးလမ်းညွှန်ကိုလည်းသူမလိုက်နာခဲ့ဘူးလို့ သိရပါတယ်။

စနေနေ့ မွန်းလွဲ(၁)နာရီထိုးခါနီးမှာ ယခုဖြစ်ရပ် ပေါ်ပေါက်ခဲ့တာဖြစ်ပြီး သမ္မတရဲ့ ယာဉ်တန်းက မြို့ထဲကို စီတန်းထွက်သွားပြီးမှ ကမ်းခြေက အိမ်ကိုပြန်မောင်းလာကြောင့် ပိတ်ရက်လူစည်ကားနေတဲ့ ရိုဟိုဘုတ်ခ်ကမ်းခြေမှာ စိတ်ရှုပ်ထွေးမှုတွေဖြစ်စေခဲ့ပါတယ်။

ကြိုတင်ကာကွယ်မှုတွေကို‌ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ထောက်လှမ်းရေးက ပြောပါတယ်။ ဒါပေမယ့် သမ္မတကို သိသာတဲ့ အန္တရာယ်ဖြစ်ပေါ်ခဲ့ခြင်းမရှိပါဘူးလို့လည်း ထောက်လှမ်းရေးအရာရှိတစ်ဦးကပြောပါတယ်။

Source Reuters