Published 5 June 2022

ယူကရိန်းမြို့တော် ကိဗ်မှာ ဇွန်၅ ရက် တနင်္ဂနွေနေ့(ဒီကနေ့)မနက်စောစောပိုင်းမှာ ပေါက်ကွဲမှုတွေ အများအပြားဖြစ်ခဲ့တယ်လို့ မြို့တော်ဝန် ဗစ်တာလီကလစ်ရှ်ကိုက ပြောပါတယ်။ မြို့တော်ကိဗ်နှင့်ဆင်ခြေဖုံးအရပ်တွေမှာ လူတွေက ပုံမှန်လိုလှုပ်ရှားသွားလာနေကြတဲ့ ရက်သတ္တပေါင်းများစွာ အကြာမှာ ဒါဟာ ပထမဆုံသဲကြီးမဲကြီး တိုက်ခိုက်မှုဖြစ်ပါတယ်။

“မြို့တော်ရဲ့ ဒန်ညတ်စကီးနှင့် နီပရောစကီး ခရိုင်တွေမှာ ပေါက်ကွဲမှုတော်တော်များများဖြစ်ခဲ့ပါတယ်” လို့ ကလစ်ရှ်ကိုက တယ်လီဂရမ်မှာရေးပါတယ်။ အဲဒီဒေသတွေမှာ ကယ်ဆယ်ရေးတွေစလုပ်နေပါပြီ လို့လည်း သူကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် မီးခိုးလုံကြီးတွေ အကြာကြီးပဲတက်နေခဲ့တာကို  ရိုက်တာရဲ့ မျက်မြင်သက်သေတစ်ဦးကလည်း မြင်ခဲ့ပါတယ်။

အနည်းဆုံးလူ(၁)ဦးကို ဆေးရုံပို့လိုက်ရပြီး တနင်္ဂနွေမနက်အထိ အသေအပျောက်သတင်းပို့မှု  မရှိသေးဘူးလို့ မြို့တော်ဝန်က ဆက်ပြောပါတယ်။

ကိဗ်မြို့လယ်ကနေ ၁၂မိုင်ခန့်အကွာက သမိုင်းဝင်မြို့ ဘရိုဗရီမြို့တော်ဝန်က မီးခိုးကနေလာတဲ့ ကျပ်ခိုးတွေရဲ့ အနံတွေရနေတဲ့အတွက် ပြည်သူတွေကို အိမ်ထဲမှာနေကြဖို့ တိုက်တွန်း ထားပါတယ်။

မော်စကိုက အရှေ့နှင့်တောင်ဘက်ကို စစ်ရေးအာရုံစိုက်လုပ်ဆောင်နေပြီးနောက် ယူကရိန်းမှာ ရုရှားရဲ့တိုက်ခိုက်မှုတွေနှင့် အပျက်အစီးတွေ များပြားနေပေမယ့် ကိဗ်ကပြည်သူတွေဟာ ရက်သတ္တပတ်ပေါင်းမျာစွာ တိုက်ခိုက်မှုသိသိသာသာ မရှိဘဲနေခဲ့ကြရတာ ရက်သတ္တပတ်များစွာရှိခဲ့ပါတယ်။

လေကြောင်းအချက်ပေးသံတွေက ပုံမှန်ကြားခဲ့ကြရပေမယ့် မြိုတော်မှာ အကြီးအကျယ်တိုက်ခိုက်မှုမရှိခဲ့တာဖြစ်ပါတယ်။

Source Reuters