#WorldHealth
Published 22 April 2022

 

အီလီနွိက်အာဘာနာရှန်ပိန်တက္ကသိုလ်မှ သုတေသီများက သူတို့ရဲ့ ကိုဗစ်စမ်းသပ်ပစ္စည်းဟာ တံတွေးနမူနာထဲက SARS-CoV-2 ဗိုင်းရပ်စ်ရဲ့ အယ်လ်ဖာမျိုးဗီဇကွဲနဲ့ အခြားမျိုးဗီဇကွဲတွေကို ခွဲခြားသိရှိစေနိုင်ကြောင်း အဆိုပြုလိုက်ပါတယ်။

 

တံတွေးနမူနာ ၃၈ မျိုးစမ်းသပ်ခဲ့ရာ အခု ၂၀ က အယ်လ်ဖာမျိုးဗီဇကွဲတွေ့ရှိခဲ့ပါတယ်။
အခုစမ်းသပ်မှုတွေက အရင်ဓာတ်ခွဲခန်းစမ်းသပ်မှုအဆင့်တွေကိုကျော်လွန်ကာ တံတွေးနမူနာကို အသုံးပြုတာဖြစ်ပါတယ်။

 

ယခုစမ်းသပ်နည်းကို LAMP လို့ခေါ်ပြီး အရင် PCR test တွေလို အကုန်အကျများတဲ့စက်ပစ္စည်းနည်းပညာတွေမလိုအပ်တာကြောင့် ပိုပြီးထိရောက်မှုရှိစေမှာဖြစ်ပါတယ်။
ဒါ့အပြင် RNA စစ်ထုတ်သန့်စင်တဲ့အဆင့်တွေလည်း မလိုအပ်ကြောင်း သုတေသီများကမှတ်ချက်ပြုဖော်ပြထားပါတယ်။

 

ကိုဗစ်မျိုးဗီဇကွဲအမျိုးမျိုးက နောက်ဆက်တွဲလက္ခဏာအမျိုးမျိုးဖြစ်ပေါ်စေနိုင်တာကြောင့် လူနာတွေက မည်သည့်ဗိုင်းရပ်စ်မျိုးဗီဇကွဲကူးစက်သလဲဆိုတာကို သိချင်ကြမှာပါ။
"သယ်ဆောင်ရလွယ်ကူပြီး လက်ဖြင့်အလွယ်တကူကိုင်တွယ်စစ်ဆေးနိုင်မယ့် အဆိုပါကိုဗစ်စမ်းသပ်ပစ္စည်းဟာ မိနစ် ၃၀ အတွင်း ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲအမျိုးမျိုးကို ခွဲခြားဖော်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ ကိုဗစ်ရောဂါပဲဖြစ်ဖြစ် အခြားဟာပဲဖြစ်ဖြစ် နောင်ဖြစ်လာနိုင်တဲ့ကပ်ရောဂါတွေအထိ အသုံးဝင်ပြီး မိမိအိမ်မှာတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်" လို့ ဦးဆောင်စမ်းသပ်သူ ဇီဝအင်ဂျင်နီယာပရော်ဖက်ဆာ'ရတ်စ်ဟစ်ဘာရှီယာ'က ဆိုပါတယ်။

 

သုတေသီတွေက သူတို့ရဲ့ စမ်းသပ်ပစ္စည်းကို နှာခေါင်းတို့ဖတ်ယူခြင်းနဲ့ တံတွေးတို့ဖတ်ယူခြင်းတို့ကိုအသုံးပြုကာ ပစ္စည်းတစ်မျိုးတည်းဖြင့် အမျိုးမျိုးသောဗိုင်းရပ်စ်တွေနဲ့မျိုးဗီဇကွဲ ၅ မျိုးအထိစမ်းသပ်နိုင်အောင် အဆင့်မြှင့်ထုတ်လုပ်ဖို့ရည်ရွယ်ထားကြောင်း ဖြည့်စွက်ပြောကြားသွားပါတယ်။

 

Source: The Jerusalem Post.
#Yangon_Media_Group