Published 19 April 2022

အားနည်းဖျော့တော့ပြီး ဒယီးဒယိုင်ဖြစ်နေတဲ့ အမျိုးသမီးငယ်တစ်ဦးဟာ  အာဂျင်တီးနားနိုင်ငံ ဗျူးနို့စ်အေရီးရဲ့ ဘယ်ဂရန်နိုဆာ ရထားလမ်းပေါ်က အင်ဒီပင်ဒင်စီယာဘူတာရုံမှာ မောင်းနှင်နေတဲ့ ရထားတစ်စီးထဲ မတ် (၂၉)ရက်က သံလမ်းပေါ်ပြုတ်ကျခဲ့ ပါတယ်။ ရထားရပ်လိုက်တဲ့အခါ ရထားဝန်ထမ်းတွေနှင့် ရဲအရာရှိတွေက ရထားသံလမ်းကြမ်းပြင်ပေါ် လဲကျနေတဲ့ သူ့ကို ဆွဲထုတ်ခဲ့ပါတယ်။ အဲဒီနောက် လူနာတင်ယာဉ်ရောက်ရှိလာပြီး သူ့ကို ကီယာဒက်အီဗီတာက ဘယ်လက်စထရီနီဆေးရုံကို ခေါ်ဆောင်သွားကြပါတယ်။

အဲဒီအမျိုးသမီးဟာ ကံကောင်းထောက်မစွာပဲ စိုးရိမ်ရတဲ့ ဒဏ်ရာ တစ်စုံတစ်ရာမျှ ရရှိခဲ့ခြင်းမရှိပါဘူး။

အဲဒီဗွီဒီယိုကို အာဂျင်တီးနား ရထားဌာနက ဧပြီ၁၈ရက်နေ့မှာ ထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။

Source AFP