Published 14 April 2022

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်းတုန်း ပြည်နယ် ဆောင်ကွမ်းမြို့ရှိ မွေးမြူရေးစခန်းတစ်ခုတွင် ရှားပါးစွာမွေးဖွားလာခဲ့တဲ့ ကျား အမြွှာကလေးနှစ်ကောင်ရဲ့ ရက်၁၀၀ပြည့်မွေးနေ့ကို ပြီးခဲ့တဲ့ စနေနေ့က ဆင်နွှဲခဲ့ကြပါတယ်၊

လျင်ဟွားနှင့် ဖူးရုန်းလို့ အဲဒီကျားပေါက်အမြွှာညီအစ်မကို အမည်ပေးထားပါတယ်။ အဲဒီအမည်တွေဟာ ပန်းနာမည်တွေဖြစ်သလို ပြည်တွင်းနာမည်ကြီး တောင်တွေရဲ့အမည်လည်းဖြစ်ပါတယ်။ သူတို့ဟာ အခုတစ်ကောင်ကို ၁၂ ကီလိုဂရမ် ကိုယ်အလေးချိန်ရှိလာပြီး အသားတွေစစားနေပါပြီ။သူတို့ကို အခုသစ်ပင်တက်နည်းစသင်နေကြရပြီး သားရဲတိရစ္ဆာန်တွေဖြစ်လာဖို့ လေ့ကျင့်နေကြပါပြီ

တောင်တရုတ်ကျားမျိုးဟာ ရှားပါးကျားမျိုးဖြစ်ပြီး ပထမတန်းကာကွယ်ရဖို့ မျိုးစိတ်တွေအဖြစ် သတ်မှတ်ထားပါတယ်။ သူတို့ကို ကာကွယ်ဖို့အတွက်‌ မွေးမြူရေးစခန်းက ဖန်တီးပြုလုပ်တဲ့ သားဖောက်နည်းနှင့် သားဖောက်ပေးနေတဲ့အတွက် ယခင်က (၂)ကောင်သာရှိခဲ့ရာမှ အခုဆို(၁၃)ကောင်အထိ တိုးပွားလာပြီဖြစ်ပါတယ်။

Source CMG

Published 14 April 2022 တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်းတုန်း ပြည်နယ် ဆောင်ကွမ်းမြို့ရှိ မွေးမြူရေးစခန်းတစ်ခုတွင် ရှားပါးစွာမွေးဖွားလာခဲ့တဲ့ ကျား"/>