Published 22 March 2022
တနင်္လာနေ့က တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူဇောင်းမြို့အနီး ပျက်ကျခဲ့တဲ့  တရုတ် အရှေ့ပိုင်းလေကြောင်းလိုင်း ခရီးစဉ်အမှတ် MU5735ရဲ့ လေယာဉ်အစိတ်အပိုင်းတွေကို မြေပြင်မှာ တွေ့ရှိရပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို လေယာဉ်ပျက်ကျတဲ့ အဓိက နေရာမှာ ဆက်လက်ပြီးဆောင်ရွက်နေပြီး စုံစမ်းစစ်ဆေးမှုတွေကိုလည်း ပြုလုပ်နေပါတယ်။

ခရီးသည် ၁၂၃ဦးနှင့်လေယာဉ်အမှုထမ်း(၉)ဦး စုစုပေါင်း ၁၃၂ဦးတင်ဆောင်လာတဲ့ ခြောက်နှစ်သက်တမ်းရှိ အဲဒီတရုတ်အရှေ့ပိုင်းလေကြောင်းလိုင်း ဘိုအင်း၇၃၇-၈၀၀ လေယာဉ်ဟာ  တနင်္လာနေ့ မွန်းလွဲ ၂နာရီ ၃၈မိနစ်မှာ တောင်များအပေါ်ပျက်ကျခဲ့ပြီး သေဆုံးဒဏ်ရာရသူမသိရသေးပါ။ နှစ်ပေါင်း၁၈နှစ်အတွင်း ဒါဟာ ပထမဆုံးအကြိမ် ဆိုးရွားသောပျက်ကျမှုဖြစ်ပါတယ်။လေယာဉ်ဟာ ကူမင်းလေဆိပ်ကနေ မွန်းလွဲ၁နာရီ၁၅မိနစ်မှာ ပျံတက်ခဲ့တာဖြစ်ပြီး ကွမ်ကျိုးကို ဦးတည်ပျံသန်းခဲ့တာဖြစ်ပါတယ်။

Source CMG

Published 22 March 2022 တနင်္လာနေ့က တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူဇောင်းမြို့အနီး ပျက်ကျခဲ့တဲ့ တရုတ်"/>