Published 21 March 2022

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာအနီးက မြစ်တစ်စင်းအတွင်းမှာ ကုန်သင်္ဘောကြီးတစ်စီးက ကူးတို့သင်္ဘောတစ်စီးကို ဝင်တိုက်ပြီး ကူးတို့သင်္ဘောနစ်မြုပ်သွားပါတယ်။ လူအနည်းဆုံးငါးဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာသော ခရီးသည်တွေကို ရှာမတွေ့သေးပဲ ပျောက်ဆုံးနေပါတယ်။

ဒါကာမြို့ အရှေ့တောင်ဖက်မှာ ပြည်တွင်းရေကြောင်းသွား MV Ruposhi-9 (အမ်ဗွီ ရုပိုရှီ-၉)ကုန်တင်သင်္ဘောက MV Afsaruddin (အမ်ဗွီ အက်ဆာရုဒင်) ခရီးသည်တင်ကူးတို့သင်္ဘောကို ဝင်တိုက်မိရာ လူနှစ်ဒါဇင်ခန့်က ကမ်းစပ်ကို ရေကူးပြီး လွတ်မြောက်လာခဲ့ကြတယ်လို့ ရဲတွေကပြောပါတယ်။

Source AFP