Published 10 March 2022

ပိုလန်က ယူကရိန်းအတွက် တိုက်လေယာဉ်တွေ ပို့ပေးမယ့်ကမ်းလှမ်းချက်ကို အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ပယ်ချလိုက်ပါတယ်။ဒီလိုလုပ်ဆောင်မယ်ဆိုရင် အရှိန်မြှင့်လုပ်ဆောင်တယ်လို့ အဓိပ္ပါယ်သက်ရောက်သွားနိုင်လို့ အန္တရာယ်ကြီးမားတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂျွန်ကီဘီက ပြောပါတယ်။ အဲသလို လေယာဉ်တွေပေးမယ့်အစား လက်နက်တွေနှင့်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ပံ့ပိုးတာကပိုကောင်းတယ်လို့ သူကဆက်ပြောပါတယ်။

Source AFP

Published 10 March 2022 ပိုလန်က ယူကရိန်းအတွက် တိုက်လေယာဉ်တွေ ပို့ပေးမယ့်ကမ်းလှမ်းချက်ကို အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က"/>