Published: 24 January 2022

ဘေဂျင်း၂၀၂၂ ဆောင်းရာသီအိုလံပစ်ပွဲတော်ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်ခြင်းကို ဇန်နဝါရီ ၂၂ရက် စနေနေ့ညက ဘေဂျင်းမှာရှိတဲ့ ငှက်သိုက်အမျိုးသားအားကစားရုံကြီးမှာ ပြုလုပ်သွားခဲ့ပါတယ်။ အဲဒီအစမ်းလေ့ကျင့်ပွဲကို လူပေါင်း ၄၀၀၀ခန့်က ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာအရသိရပါတယ်။

အစမ်းလေ့ကျင့်ရာမှာ မီးရှူးမီးပန်းတွေ ပစ်လွှတ်ခဲ့တဲ့အတွက် အမျိုးသားအားကစားရုံကြီးအနီးမှာ လူတွေဟာ စုရုံးရောက်ရှိကြပြီး လှပတဲ့မြင်ကွင်းတွေကို အမှတ်တရ ဓာတ်ပုံတွေရိုက်ကူးခဲ့ကြပါတယ်။

 ဘေဂျင်း၂၀၂၂ ဆောင်းရာသီအိုလံပစ်ပွဲတော်ကို ဖေဖော်ဝါရီ(၄)ရက်မှာ စတင်ကျင်းပတော့မှာဖြစ်ပါတယ်။

Source AFP

Published: 24 January 2022 ဘေဂျင်း၂၀၂၂ ဆောင်းရာသီအိုလံပစ်ပွဲတော်ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်ခြင်းကို ဇန်နဝါရီ ၂၂ရက် စနေနေ့ညက ဘေဂျင်းမှာရှိတဲ့"/>