Published 17 January 2022
အီး-စီးကရက်သောက်သုံးသူတွေဟာ မသောက်သူတွေထက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရင် ရောဂါလက္ခဏာ ပိုပြီးခံစားရနိုင်ဖွယ် ရှိတယ်လို့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှင့်လူထူအခြေပြုကျန်းမာရေးဂျာနယ်မှာ ဖော်ပြထားတဲ့ သုတေသနစာတမ်း တစ်ခုအရသိရပါတယ်။
သုတေသနမှူးတွေဟာ ကိုဗစ်ကူးစက်ခံထားရတဲ့ အီး-စီးကရက်သောက်သူ ၂၈၉ ဦးနှင့် အီးစီးကရက်မသောက်သူ ဒါမှမဟုတ် ရိုးရိုးဆေးလိပ်မသောက်သူ ၁၄၄၅ ဦးတို့ကို နှိုင်းယှဉ်ကြည့်ခဲ့ကြပါတယ်။
အဲဒီအခါ ကိုဗစ်ကူးစက်ခံထားရတဲ့ အီးစီးကရက်သောက်သုံးသူတွေဟာ မသောက်သူတွေနှင့်ယှဉ်ရင်
ရင်ဘတ်အောင့်တာ သို့မဟုတ်ရင်ဘတ်တောင့်ခံစားရတာ (သောက်သူတွေက ၁၆ရာခိုင်နှုန်း-မသောက်သူတွေက ၁၀ ရာခိုင် နှုန်း)၊ချမ်းဖျားဖျားတာ(၂၅ ရာခိုင်နှုန်း/၁၉ရာခိုင်နှုန်း)၊ကိုယ်ကိုက်ခဲတာ(၃၉ရာခိုင်နှုန်း/၃၂ရာခိုင်နှုန်း)၊ခေါင်းကိုက်တာ (၄၉ ရာ ခိုင်နှုန်း/၄၁ရာခိုင်နှုန်း)၊ အနံ့အရသာပြဿနာ( ၃၇ ရာခိုင်နှုန်း/၃၀ရာခိုင်နှုန်း)၊ နှာစေးခြင်း၊အန်ခြင်း၊ဗိုက်အောင့်ခြင်း ( ၁၆ရာ ခိုင်နှုန်း/၁၀ရာခိုင်နှုန်း)၊ ဝမ်းလျှောခြင်း( ၁၆ရာခိုင်နှုန်း/၁၀ရာခိုင်နှုန်း)၊ မူးဝေခြင်း( ၁၆ရာခိုင်နှုန်း/၉ ရာခိုင်နှုန်း)တို့ဖြစ်တယ်လို့ သိရပါတယ်။
“ အီးစီးကရက်ဟာ ကိုဗစ်ကူးစက်နိုင်ခြေကို ပိုဖြစ်နိုင်သလားဆိုတာကို ကျွန်တော်တို့က ရည်ရွယ်စမ်းသပ်တာမဟုတ်ပါဘူး။ ဒါပေမယ့် အီးစီးကရက်သောက်သုံးသူတွေဟာ မသောက်သူတွေထက် ရောဂါလက္ခဏာပိုခံစားရတယ်ဆိုတာကတော့ ရှင်းရှင်း လင်းလင်းပြသနေပါတယ်” လို့ ပူးတွဲစာတမ်းရေးသားသူ မင်နီဆိုတာပြည်နယ် မေရိုဆေးရုံက ဒေါက်တာ ရောဘတ်ဗက်ဆဲလို က သတင်းထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားခဲ့ပါတယ်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ရတဲ့ ရောင်ရမ်းမှုနှင့် အီးစီးကရက်သောက်တာကြောင့် ရောင်ရမ်းမှုတွေနှစ်ခုပေါင်းပြီး ခန္ဓာကိုယ်တလျောက်ရောင်ရမ်းတာတွေ ပိုဆိုးရွားသွားပုံရပြီး အဲဒါကြောင့်ရောဂါလက္ခဏာတွေပိုခံစားရတာဖြစ်နိုင်တယ်လို့ ဗက်ဆဲလိုနှင့်သူ့အဖွဲ့က ပြောပါတယ်။
Source Reuters