Published 5 January 2022

 အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့ဖက်ကမ်းခြေဒေသတွေကို ဇန်နဝါရီ၃ရက် တနင်္လာနေ့က  တိုက်ခတ်ခဲ့တဲ့ နှင်းမုန်တိုင်းကတော့ စဲသွားခဲ့ပါပြီ။ ဒါပေမယ့် ခရီးသွားသူတွေရဲ့ ဒုက္ခတွေကတော့ မငြိမ်းသေးပါဘူး။ ဝါရှင်တန်အပြင်ဖက်က အဓိကအမြန်လမ်းမကြီးတစ်ုမှာ အင်္ဂါနေ့က ကားတွေဟာ တစ်ရက်တာနီးပါး ပိတ်ဆို့ပြီး သွားလာမရဖြစ်သွားခဲ့ကြရပါတယ်။

ဝါရှင်တန် မြို့ပြနယ်နိမိတ်ထဲက ပြည်နယ်ချင်းဖြတ်သန်းတဲ့ အမှတ်၉၅ အမြန်လမ်းမကြီးပေါ်မှာ  တစ်ညတာလုံးပိတ်မိနေတဲ့ ကားတန်းရှည်ကြီးကို မြင်တွေ့ကြရပါတယ်။

ကြီးမားတဲ့နှင်းမုန်တိုင်းကြောင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ Air Force One ဟာ  ယာယီပျံသန်းမရဖြစ်ခဲ့ရပါတယ်။ ဝါရှင်တန်နှင့် ဗာဂျီနီးယားရဲနေရာတော်တော်များများမှာ နှင်းထုက (၉)လက်မအထိ လမ်းတွေပေါ်မြင့်တက်ခဲ့ရတာဖြစ်ပါတယ်။

Source AFP

Published 5 January 2022  အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့ဖက်ကမ်းခြေဒေသတွေကို ဇန်နဝါရီ၃ရက် တနင်္လာနေ့က  တိုက်ခတ်ခဲ့တဲ့ နှင်းမုန်တိုင်းကတော့ စဲသွားခဲ့ပါပြီ။"/>