Published 2 January 2022

အီတလီနိုင်ငံ ရောမမြို့သူမြို့သားတွေဟာ အစဉ်အလာအတိုင်း နှစ်ဆန်းရက် ဇန်နဝါရီ ၁ရက် မှာ ရောမမြို့ရဲ့ တီဗာမြစ်ထဲကို ကက်ဗွာတံတား ပေါ်ကနေ ခုန်ချကြပါတယ်။အဲဒီအစဉ်အလာဟာ ဆယ်စုနှစ်ပေါင်းများစွာ နှစ်စဉ်ပြုလုပ်နေကျဖြစ်ပါတယ်။

အဲဒီအစဉ်အလာစခဲ့တာက ၁၉၄၆ခုနှစ်ကဖြစ်ပါတယ်။အဲဒီတုန်းက အလုပ်လက်မဲ့ဖြစ်နေတဲ့ Lifeguard တစ်ဦးဟာ   စတန့် သမားအဖြစ် အလုပ်ရှာဖို့ကြိုးစားရင်း သူ့ရဲ့ ကျွမ်းကျင်မှုကိုပြသတဲ့အနေနှင့် နှစ်သစ်မှာ တံတားပေါ်ကနေ မြစ်ထဲကို ဒိုင်ဗင်ထိုးချပြခဲ့တာပါ။  အဲဒီကတည်းကစပြီး ဒါဟာ နှစ်စဉ်ပြုလုပ်တဲ့ ပွဲတစ်ခုဖြစ်လာခဲ့ပါတယ်။ လူရာပေါင်းများစွာဟာ လူတွေ တံတားပေါ်က ဒိုင်ဗင်ထိုးချတာကို ကြည့်ရှုဖို့စုရုံးရောက်ရှိလာလေ့ရှိပါတယ်။

Published 2 January 2022 အီတလီနိုင်ငံ ရောမမြို့သူမြို့သားတွေဟာ အစဉ်အလာအတိုင်း နှစ်ဆန်းရက် ဇန်နဝါရီ ၁ရက် မှာ ရောမမြို့ရဲ့ တီဗာမြစ်ထဲကို ကက်ဗွာတံတား"/>