Published: 30 November 2021

လီယွန်နယ်မက်ဆီဟာ နိုဝင်ဘာ ၂၉ရက်နေ့က ပါရီမှာကျင်းပတဲ့၂၀၂၁ခုနှစ်အတွက် ဘာလွန်ဒေါလို့ခေါ်တဲ့ ရွှေဘောလုံးဆုပေးပွဲမှာ  ခုနှစ်ကြိမ်မြောက်အဖြစ် ရွှေဘောလုံးဆု ထပ်မံရရှိခဲ့ ပါတယ်။ မနှစ်ကတုန်းက ဆုပေးပွဲကိုတော့ ကပ်ဘေးကြောင့်ရွှေ့ဆိုင်းခဲ့ပါတယ်။ ၂၀၁၉မှာ မက်ဆီဟာ ခြောက်ကြိမ်မြောက်ရွှေဘောလုံးဆု ရရှိခဲ့ပါတယ်။

သူဟာအဲဒီ့အရင် ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ နှင့် ၂၀၁၅ တို့မှာလည်း အဆိုပါဆုကို ရရှိခဲ့တာပါ။

သူဟာ မနှစ်က ဘာစီလိုနာအတွက် ပွဲပေါင်း၄၈ပွဲမှာ ဂိုး၃၈ ဂိုးသွင်းပေးခဲ့ပါတယ်။ သူဟာ တောင်အမေရိက ဘောလုံးသမိုင်းမှာ ဂိုးအများဆုံးသွင်းနိုင်သူအဖြစ် ပီလီ ကိုကျော်ဖြတ်သွား ပါပြီ။ သူဟာ သူ့ပြိုင်ဘက် ခရစ်တီယာနို ရော်နယ်ဒိုထက်လည်း ရွှေဘောလုံးဆု အကြိမ်နှစ်ဆကျော် ရသွားတာဖြစ်ပါတယ်။ ဆုပေးပွဲအခမ်းအနားကို ရုပ်သံတင်ဆက်ထားပါတယ်။

Source AFP

 

  Published: 30 November 2021 လီယွန်နယ်မက်ဆီဟာ နိုဝင်ဘာ ၂၉ရက်နေ့က ပါရီမှာကျင်းပတဲ့၂၀၂၁ခုနှစ်အတွက် ဘာလွန်ဒေါလို့ခေါ်တဲ့ ရွှေဘောလုံးဆုပေးပွဲမှာ "/>