Published 17 Nov 2021

ဖစ်စကာရဲ့ စီအီးအိုက လျှပ်စစ်အက်စ်ယူဗွီဖစ်စကာအိုးရှင်း electric SUV Fisker Ocean ကားအသစ်တစ်စီးကို နိုဝင်ဘာ ၁၇ရက်က ဖွင့်ဟပြသလိုက်ပါတယ်။ လော့အင်ဂျလိမှာပြုလုပ်မယ့် မော်တော်ကားပြပွဲမတိုင်ခင် အကြိုအနေနှင့်ပြသတာပါ။ အဲဒီကားဟာ ပတ်ဝန်းကျင်စောင့်ရှောက်ထိန်းသိမ်းရေးပိုင်းမှာ အကောင်းဆုံးလုပ်ထားတဲ့ ကားတစ်စီးလို့ပြောပါတယ်။ ကော်ဇော်အခင်းတွေ၊အတွင်းပိုင်းတွေနှင့်အမိုးကို စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုထားပါတယ်။ အမိုးဟာ သာမန်အမိုးမဟုတ်ဘဲ ဆိုလာပြားတပ်ဆင်ထားတဲ့အမိုးဖြစ်ပါတယ်။

Source AFP

 

 

Published 17 Nov 2021 ဖစ်စကာရဲ့ စီအီးအိုက လျှပ်စစ်အက်စ်ယူဗွီဖစ်စကာအိုးရှင်း electric SUV Fisker Ocean ကားအသစ်တစ်စီးကို နိုဝင်ဘာ ၁၇ရက်က"/>