Published 17 Nov 2021
အမေရိကန်နှင့်တရုတ် သတင်းစာဆရာများအတွက် ဗီဇာ ကန့်သတ်ချက်များကို ဖြေလျော့ပေးဖို့ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့က သဘောတူလိုက်ကြတယ်လို့ အင်္ဂါနေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အွန်လိုင်းတွေ့ဆုံကြအပြီး နောက်တစ်ရက်မှာ အခုကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမယ့် ဘိုင်ဒင်အစိုးရအဖွဲ့အရာရှိတွေကတော့ သူတို့နှစ်ဦးပြောဆိုကြတဲ့အထဲ ဗီဇာကိစ္စမပါဘူးလို့ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ကတော့ နှစ်နိုင်ငံဟာ မီဒီယာကဏ္ဍမှာ အပြန်အလှန်အရေးယူမှုတွေ လုပ်ခဲ့ကြပါတယ်။ တရုတ်က အမေရိကန် သတင်းစာကြီးအချို့မှာ အလုပ်လုပ်နေတဲ့ အမေရိကန်သတင်းစာဆရာတွေကို နိုင်ငံက ထုတ်ပယ်ခဲသလို ဒေါ်နယ်ထရမ့်အစိုးရကလည်း တရုတ်သတင်းစာဆရာတွေကို ရက်၉၀ဗီဇာပဲ ထုတ်ပေးပြီး ကန့်သတ်ခဲ့တာပါ။
အခုနောက်ဆုံးထုတ်ပြန်ချက်အရ အမေရိကန်နှင့်တရုတ်တို့ဟာ သူတို့ရဲ့သတင်းစာဆရာတွေကို တစ်နှစ်ဗီဇာထုတ်ပေးဖို့ သဘောတူခဲ့ကြပါတယ်။ အဲဒီအပြင် တရုတ်နိုင်ငံမှာရှိနေကြတဲ့ အမေရိကန်သတင်းစာဆရာတွေကို လွတ်လပ်စွာထွက်ခွာခွင့် နှင့်ပြန်လည်ဝင်ရောက်ခွင့်ပေးဖို့ တရုတ်က သဘောတူခဲ့ပါတယ်။ ယခင်က အဲသလိုခွင့်ပြုထားခြင်းမျိုးမရှိပါဘူး။
ဒီတိုးတက်မှုကို ကြိုဆိုပါတယ်။ ရိုရှင်းတဲ့ ပထမဆုံးခြေလှမ်းလို့ ရှုမြင်ပါတယ် လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုခွင့်ရသူ ကပြောပါတယ်။ အဲဒီအပြင် အမေရိကန်နှင့်အခြားနိုင်ငံရပ်ခြားမီဒီယာတွေရဲ့ အခြေအနေတွေတိုးကတ်မှု ရရှိအောင် အမေရိကန်ကဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ လည်း သူကပြောပါတယ်။
Source Kyodo News