#WorldHealth
Published - 16 Oct 2021
အသက် ၁၂ နှစ်အောက်ကလေးတွေမှာ ဘာရက်ဘိုင်အိုတက်ခ်ရဲ့ ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုနိုင်ကြောင်း အောက်တိုဘာ ၁၂ ရက်နေ့က အိန္ဒိယမှာ အကြံပြုထားပါတယ်။အသက် ၂ နှစ်နဲ့ ၁၈ နှစ်ကြားကလေးတွေကို စမ်းသပ်စစ်ဆေးပြီး သုံးသပ်လေ့လာပြီးတဲ့အခါ ထောက်ခံချက်ရရှိခဲ့တာဖြစ်ပါတယ်။
အိန္ဒိယရှိ လူဦးရေ ၁.၄ ဘီလီယံအတွက် ကာကွယ်ဆေးပေါင်းသန်း ၉၅၀ ကျော် စတင်ထိုးနှံပြီးတဲ့အခါမှာ ကလေးငယ်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ အိန္ဒိယက ပိုမိုအာရုံစိုက်လာတာဖြစ်ပါတယ်။
ဘာရက်ဘိုင်အိုတက်ခ်ရဲ့ ကိုဗက်ဆင်းကာကွယ်ဆေးကို သန်း ၁၁၀ ကျော်ထုတ်လုပ်ပြီးဖြစ်ပါတယ်။
ဒီလနောက်ပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ်အသုံးပြုနိုင်တဲ့ ကာကွယ်ဆေးစာရင်းထဲပါဝင်နိုင်ဖို့ ကြိုးစားနေကြပါတယ်။
WHO ရဲ့ထောက်ခံချက်မရပါက ဒီဆေးကို ကမ္ဘာတဝန်းမှာ လက်ခံသုံးစွဲကြမှာ မဟုတ်ပါဘူး။
"ကလေးတွေက ကျန်းမာရေးကောင်းပြီး လက်ရှိမှာ ရောဂါကူးစက် ဖြစ်ပွားနိုင်ချေနည်းတာကြောင့် အရွယ်ရောက်ပြီးသူတွေ ကာကွယ်ဆေးထိုးပြီးတဲ့အထိ စောင့်သင့်တယ်" လို့ ခရစ်ယာန်ဆေးဝါးကောလိပ်မှပရော်ဖက်ဆာဖြစ်သူ ဒေါက်တာဂါဂန်ဒိကန်က ဆိုပါတယ်။
ဒယ်လ်တာမျိုးဗီဇကွဲ ကူးစက်ပျံ့ပွားမှုကြောင့် ကိုဗစ်ရောဂါဒုတိယလှိုင်းကို အလူးအလဲခံစားရပြီးနောက် ဇွန်လမှာ ကလေးတွေကို ကိုဗက်ဆင်းကာကွယ်ဆေးထိုးဖို့ ဘာရက်ဘိုင်အိုတက်ခ်က စမ်းသပ်ခဲ့ပေမယ့် ဘယ်လောက်အထိ ထိရောက်စိတ်ချရသလဲဆိုတဲ့ အချက်အလက်တွေကိုတော့ ဘာရက်ဘိုင်အိုတက်ခ်က ချမပြရသေးပါဘူး
အခုအချိန်အထိ အနည်းဆုံးအသက် ၁၂ နှစ်အရွယ်ကလေးတွေမှာ အရေးပေါ်ကာကွယ်ဆေးသုံးဖို့အတွက် ဇိုင်းဒပ်စ်ကာဒီလာ DNA ကာကွယ်ဆေးတစ်မျိုးတည်းကိုသာ ခွင့်ပြုပေးထားတာဖြစ်ပါတယ်။
Source Strait Times