Published 29 Sept 2021
အပူပိုင်းမုန်တိုင်း ဒိုင်ယန်းမူကြောင့် ထိုင်းနိုင်ငံရဲ့ ပြည်နယ်ပေါင်း(၃၀)မှာ ရေလွှမ်းမိုးမှုတွေဖြစ်ခဲ့ပါတယ်။
အထူးသဖြင့် အလယ်ပိုင်းဒေသတွေဟာ အထိခိုက်ဆုံးဖြစ်ခဲ့ရပါတယ်။ ဘန်ကောက်မြို့ မြောက်ဘက် မိုင်၄၀ခန့် အကွာမှာရှိတဲ့ ထိုင်းနိုင်ငံရဲ့ ရှေးဟောင်းမြို့တော် အယုဒ္ဓယမှာလည်း ရေလွှမ်းမိုးမှုတွေဖြစ်ခဲ့ရပါတယ်။