Published - 29 Sep 2021
တောင်ကိုးရီးယားဟာ အင်္ဂါနေ့မှာ တန်ချိန်၃၀၀၀အဆင့်ရှိ ရေငုပ်သင်္ဘောကနေပစ်နိုင်စွမ်းရှိတဲ့ ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ပါတယ်။
အဲဒီဒုံးကျည်တင် ရေငုပ်သင်္ဘာကို ကိုးရီးယားလွတ်လပ်ရေးတက်ကြွသူတစ်ဦးဖြစ်တဲ့ ရှင်ချေးဟိုကို ဂုဏ်ပြုအမည်ပေးထားတာဖြစ်ပါတယ်။ တောင်ကိုးရီးယားအရှေ့တောင်ပိုင်းမြို ယူလ်ဆန်က ဟွန်ဒေးအကြီးစားစက်မှုလုပ်ငန်းရဲ့ သင်္ဘောကျင်းကနေ ပစ်လွှတ်တဲ့အခမ်းအနားကျင်းပခဲ့တာပါ။