Published 29 Sept 2021
 
ဂျပန်ရဲ့အာဏာရပါတီက နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖူမီယိုကီရှီဒါကို ပါတီရဲ့ခေါင်းဆောင်သစ်အဖြစ် စက်တင်ဘာ ၂၉ရက်က တင်မြှောက်လိုက်ကြပါတယ်။ အဲဒါကြောင့် သူဟာ ကမ္ဘာ့တတိယစီးပွားအင်အားအကြီးဆုံးဂျပန်နိုင်ငံရဲ့ လာမယ့် ဝန်ကြီးချုပ်ဖြစ်မယ့် လမ်းကြောင်းပေါ်ရောက်ရှိသွားပြီဖြစ်ပါတယ်။
 
စကားကို ဖြည်းဖြည်းညင်သာပြောတတ်တဲ့ အလယ်အလတ်သမားသူဟာ လူကြိုက်များနေတဲ့ ကာကွယ်ဆေးအကြီးအကဲ တိုရိုကိုနိုကို အနိုင်ရသွားတာဖြစ်ပါတယ်။
အမေရိကန်ပညာတတ် အသက်၅၈နှစ်အရွယ်ကိုနိုဟာ ယခင်ကာကွယ်ရေးနှင့်နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်ပြီး ရှေးရိုးစွဲသမားမဟုတ်သူဖြစ်ပါတယ်။ အသက်၆၄နှစ်အရွယ် ကီရှီဒါက သိပ်ပြီးထူးထူးခြားခြားမရှိလှပေမယ့် သူ့ကို အောက်ခြေပါတီဝင်တွေက ထောက်ခံကြပါတယ်။

မစ္စတာကီရှီဒါဟာ အမေရိကန်-ဂျပန်ရဲ ခိုင်မာတဲ့မဟာမိတ်ကိုထောက်ခံပြီး တရုတ်ရဲ့စစ်အင်အားတိုးချဲ့မှုကို စိုးရိမ်သူ လည်းဖြစ်ပါတယ်။ သူက ကိုဗစ်ကြောင့် ထိခိုက်ထားတဲ့ ဂျပန်စီးပွားရေးကို ဒေါ်လာဘီလျံချီပြန်သုံးပြီး ပြန်လည်ရုန်းထဖို့ လိုလားသူတစ်ဦးလည်းဖြစ်ပါတယ်။

Source Agencies