#WorldNews

Published 18 Sept 2021

ကမ္ဘောဒီးယားနိုင်ငံဟာ ကျောင်းသူကျောင်းသားတွေ ဘေးအန္တရာယ်ကင်းကင်း ကျောင်းပြန်တက်လာနိုင်အောင်အတွက် အသက်(၆)နှစ်နှင့် (၁၁)နှစ်အကြား ကလေးတွေကို စက်တင်ဘာ ၁၇ရက်က ကိုဗစ်ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးနေပါတယ်။ ကမ္ဘောဒီးယားက ကျောင်းတွေဟာ ကိုဗစ်-၁၉ ကြောင့် လပေါင်းများစွာ ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန်က ကလေးတွေကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ကို နိုင်ငံပိုင်ရုပ်သံနှင့် သူ့ရဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကနေ မိန့်ခွန်းတိုက်ရိုက် ပြောဆိုပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့မြေးတွေနှင့် အခြားသော အကြီးတန်းအရာရှိတွေရဲ့ ကလေးငယ်တွေကို ကာကွယ်ဆေး စတင်ထိုးပေးခဲ့ပါတယ်။

“ ကလေးတွေရဲ့ ကျန်းမာရေးနှင့် ဘဝတွေကို ကာကွယ်ပေးဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ကျောင်းပြန်တက်တာနှင့် သူတို့ရော သူတို့ရဲ့ဆရာ ဆရာမတွေပါ ကိုဗစ် အန္တရာယ်က ကင်းရှင်းအောင် ကျွန်တော်တို့ အသေအချာလုပ်ချင်လို့ဖြစ်တယ်” လို့ ဟွန်ဆန်က ကြေညာပါတယ်။


ကမ္ဘောဒီးယားလူဦးရေ ၁၇သန်းရဲ့ ၇၂သန်းရာခိုင်နှုန်းနီးပါးက ဖော်ဖော်ဝါရီမှာ ကာကွယ်ဆေးစထိုးကတည်းကနေ အခုထိ အနည်းဆုံး ဆေးတစ်လုံးထိုးပြီးနေကြပါပြီ။ အများဆုံးထိုးပေးတာက တရုတ်နိုင်ငံရဲ့ ဆိုင်နိုဗက်နှင့် ဆိုင်နိုဖမ်တို့ပဲဖြစ်ကြပါတယ်။

ကပ်ဘေးကနေ ပြန်လည်နာလံထဖို့အတွက် ပထမဆုံးဦးစားပေးက ပညာရေးကဏ္ဍ ပြန်လည်ဖွင့်လှစ်ပေးဖို့ပဲဖြစ်တယ်လို့ ဟွန်ဆန်ကပြောပါတယ်။ ပြီးရင် ပြည်တွင်းခရီးသွားလုပ်ငန်းအပါအဝင် ဝန်ဆောင်မှုလုပ်ငန်းတွေ ဖြစ်တယ်လို့ သူကဆိုပါတယ်။

မကြာမီမှာ ကာကွယ်ဆေးအပြည့်ထိုးပြီးသား နိုင်ငံရပ်ခြား ကမ္ဘာလှည့်ခရီးသည်တွေကို ပြန်ဖွင့်ပေးဖို့ စဉ်းစားနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။ နိုင်ငံစီးပွားရေးအတွက် ခရီးသွားလုပ်ငန်းဟာ သိပ်ကိုအရေးကြီးတယ်၊ တရုတ်ခရီးသွားတွေဟာ ကမ္ဘောဒီးယား ပြန်ဖွင့်တာနှင့် အများဆုံးလာရောက်ကြလိမ့်မယ်လို့ သူကပြောပါတယ်။

ကမ္ဘောဒီးယားရဲ့ ကူးစက်မှုတွေဟာ မြင့်မားနေသေးပေမယ့် ကာကွယ်ဆေးများများထိုးပြီးတာနှင့် အမျှ ကျဆင်းလာလိမ့်မယ်လို့ ဟွန်ဆန်ကပြောပါတယ်။ ကမ္ဘောဒီးယားဟာ သောကြာနေ့က ကူးစက်သူအသစ် ၆၈၉ ဦးရှိခဲ့ပြီး ၁၁ဦးသေဆုံးခဲ့ပါတယ်။

Source AFP