Published 4 June 2023

အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိစ်မြို့ပြင်မှာရှိတဲ့ ဟယ်ရီနှင့် မက်ဂန်တို့ရဲ့ ဒေါ်လာ ၁၄သန်းစံအိမ်တော်ကြီးအနီး ပျံသန်းနေတဲ့ ပန်းကန်ပြားပျံတစ်ခုကို မကြာသေးခင်က တွေ့ရှိခဲ့တယ်လို့ နယူးယောက်ပို့စ်သတင်းစာက ရေးသားပါ တယ်။

လျှို့ဝှက်ဆန်းကြယ်လှတဲ့ အဲဒီ အဝိုင်းသဏ္ဍန် အရာဝတ္ထုကို သူတို့စံအိမ်နှင့် ၂၅မိုင်ခန့်အကွာမှာ၊ ဆန်တာဘာဘရာစီရင်စု က ကာချူမာရေကန်အနီးတောင်တန်းတွေအပေါ်မှာ ပျံသန်းသွားတာ တွေ့ကြရတာဖြစ်ပါတယ်။

အဆိုပါ အဝိုင်းပြားပုံစံအရာဝတ္ထုကို ပန်းကန်ပြားပျံ(အမျိုးအမည်မသိယာဉ်ပျံ)တွေကို လိုက်လံထောက်လှမ်းနေသူ တိုနီ မိုရီနိုက Google Earth ကနေတစ်ဆင့်တွေ့ရှိခဲ့ရတာပါ။

(၈)မီတာအကျယ်အဆိုပါအရာဝတ္ထုပေါ်ထူးဆန်းတဲ့စာတွေတွေ့ရပြီး မြေပြင်မှာလည်း ယင်းရဲ့အရိပ်တွေကျနေတယ်လို့ ဆိုပါတယ်။

တော်ဝင်ဇနီးမောင်နှံဟာ အိပ်ခန်း၉ခန်းနှင့် သန့်စင်ခန်း၁၆ခန်းပါ  စတုရန်းပေ ၁၈၀၀၀ရှိတဲ့ မွန်တီစီတိုက အဆိုပါ စံအိမ်ကြီးကို ပြီးခဲ့တဲ့ ၂၀၂၁ နွေရာသီတုန်းက ဝယ်ယူခဲ့တာဖြစ်ပါတယ်။

အဆိုပါနေရာတစ်ဝိုက်ကို အရင်ကလည်း ထူးဆန်းပြီး အမျိုးအမည်မသိအရာဝတ္ထုတွေ ပျံသန်းခဲ့ဖူးတယ်လို့ သတင်းစာက ရေးသားပါတယ်။

ဆန်တာဘာဘရာမှာ ၂၀၀၀ပြည့်နှစ် နိုဝင်ဘာနှင့်ဒီဇင်ဘာအတွင်း အမျိုးအမည်မသိ ပန်းကန်ပြားပျံ ၂၉စီး တွေ့ရှိခဲ့တယ်လို့ The Mutual UFO Network အဖွဲ့က စာရင်းပြုစုထားပါတယ်။

နာဆာအဖွဲ့က အဆိုပါယာဉ်များနှင့်ပတ်သက်လို့ လူသိရှင်ကြား အစည်းအဝေးတစ်ခုကျင်းပနေတဲ့အချိန်မှာ ယခုယာဉ်ပျံတစ်ခုကိုတွေ့ကြရတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၇နှစ်အတွင်း အမျိုးအမည်မသိယာဉ်ပျံ ၈၀၀ခန့်တွေ့ခဲ့ရတယ် ဆိုတဲ့ သတင်းပေးပို့ချက်တွေကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ရရှိခဲ့ပါတယ်။

Source New York Post

ဆက်လက်ဖတ်ရှုရန်..⏭⏭⏭

✅Website>>>> https://www.yangonmediagroup.com/index.php/local-news/19-world/12267-2023-05-21-05-28-28

✅Telegram>>>>>https://t.me/yangonmediagroup/19264

#YangonMediaGroup

#UFO

#ပန်းကန်ပြားပျံ-အမေရိကန်