#DailyNews
Published - 28 May 2022
၁။ လာမည့်ပွင့်လင်းရာသီတွင် တောင်တက်ခရီးစဉ်များနှင့် တောတွင်းခရီးစဉ်(Hiking)များ ပြန်လည်စတင်နိုင်ရန်မျှော်မှန်း
(တက္ကသိုလ်ခြေလျင်နှင့်တောင်တက်အသင်း၊သဘာဝခေါ်သံဖေါင်ဒေးရှင်းဥက္ကဌ ဦးမျိုးသန့်)
၂။ ပူတာအိုဒေသတွင် တိုက်ပွဲများမရှိတော့သည့်အတွက် စစ်ဘေးရှောင်ပြည်သူများနေရပ်ပြန်ကြပြီဟုဆို
ပူတာအို ဒေသခံတစ်ဦး ကချင်ပြည်နယ်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ စစ်ပွဲပဋိပက္ခကြောင့်စားနပ်ရိက္ခာဖူလုံရေးကြပ်တည်းလာသည့်အင်ဒိုနီးရှားနိုင်ငံ ...အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published - 27 May 2022
၁။ ပူတာအိုဒေသတွင် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေမှုကြောင့် စျေးနှုန်းထိန်းညှိပေးဖို့
ဒေသခံများလိုလား။
၂။ လာမည့်ခရီးသွားရာသီတွင် ပုဂံဒေသနဲ့ အင်းလေးဒေသရှိစားသောက်ဆိုင်လုပ်ငန်းများပြန်လည် လည်ပတ်လာနိုင်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ နာမည်ကြီးဗီယက်နမ်ဟက်ကာတစ်ဦး အစိုးရဆိုက်ဘာလုံခြုံရေးအေးဂျင့်အဖြစ်အမှုထမ်း ...အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published - 26 May 2022
၁။ နေအိမ်ပြန်ပြင်နေရသည့်မော်လမြိုင်ရှိ သဘာဝဘေးသင့်ပြည်သူ(၁၆၀)အတွက် နေ့စဥ်ထမင်းထုတ်များလှူဒါန်း။
၂။ ပုဂံ ယွန်းစျေးကွက် ပြန်လည်ဦးမော့လာနိုင်ခြင်းမရှိသေး။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ တရုတ်နိုင်ငံတွင် အိမ်မွေးတိရိစ္ဆာန်အာမခံထားခြင်းခေတ်စားလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 25 May 2022
ကမ္ဘာ့ဒုတိယအကြီးဆုံး စားအုန်းဆီထုတ်လုပ်တဲ့ မလေးရှားနိုင်ငံဟာ စားအုန်းဆီစိုက်ခင်းတွေမှာ နိုင်ငံခြားအလုပ်သမား မလုံလောက်မှုတွေရှိနေတဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ စားအုံးဆီလိုအပ်ချက်တွေ မြင့်တက်လာနေတဲ့အပေါ် အကျိုးအမြတ်ရရှိဖို့ မလွယ်ဖြစ်နေပါတယ်။
မလေးရှားနိုင်ငံရဲ့ စားအုန်းဆီစိုက်ခင်းမှာ အလုပ်လုပ်ကြတဲ့ အလုပ်သမားတွေရဲ့ ၈၄ ရာခိုင်နှုန်းဟာ နိုင်ငံခြားသားတွေဖြစ်ကြပါတယ်။ စားအုန်းဆီဈေးတွေတက်လာတာနှင့် အင်ဒိုနီးရှားက ပြည်ပတင်ပို့မှုပိတ်လိုက်တဲ့အပေါ်မှာ အဲဒီအလုပ်သမားတွေရှားပါးနေလို့ တကယ့်လက်တွေ့မှာ အကျိုးအမြတ်ထုတ်ယူဖို့ ခက်ခဲနေတာဖြစ်ပါတယ်။
Source CCTV+
#DailyNews
Published - 25 May 2022
၁။ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို နေရာတော်တော်များတွင် ထိုးနှံပေးနိုင်ပြီဖြစ်၊ သွားလာရေးခက်ခဲသည့်ဒေသများ ထိုးနှံပေးရန်ကျန်ရှိ၊။
၂။ လာမည့်ပွင့်လင်းရာသီတွင် ပြည်ပခရီးသွား သိန်းဂဏန်းထိ ဝင်ရောက်နိုင်မည်ဟုမျှော်မှန်း။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အလှမွေးငါးများမြေပြင်ရှုခင်းခံစားနိုင်စေဖို့ ထိုင်ဝမ်လူမျိုးတစ်ဦးက လက်တွန်းလှည်းငါးကန်တီထွင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 24 May 2022
တရုတ်နှင့် မြန်မာ နှစ်နိုင်ငံကို ချိတ်ဆက်ထားတဲ့ နိုင်ငံတကာ အထူးရထားအသစ်အဖြစ် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ကနေ ရထားတစ်စီးဟာ တနင်္လာနေ့က ထွက်ခွာလာပါတယ်။ ဒါဟာ တရုတ်-အာဆီယံ ကုန်သွယ်ရေးစင်္ကြသစ်တစ်ခု ဖွင့်လှစ်လိုက်ခြင်းလည်းဖြစ်ပါတယ်။
စက်ပစ္စည်းတွေ၊အီလက်ထရွန်းနစ်နှင့်မော်တော်ကား အစိတ်အပိုင်းတွေပါဝင်တဲ့ TEUကွန်တိန်နာအလုံး(၆၀)ကို သယ်ဆောင်လာတဲ့ ရထားဟာ အနောက်တောင်ယူနန်ပြည်နယ်က လင်ချမ်းကိုဖြတ်သန်းပြီး မြန်မာနိုင်ငံမန္တလေးမြို့ကို ၁၅ရက်အကြာမှာ ရောက်ရှိပါမယ်။
ယခုကုန်ရထားလမ်းကြောင်းဟာ ပုံမှန်လမ်းကြောင်းတွေထက် ရက်ပေါင်း၂၀ အချိန်သက်သာပြီး ထောက်ပို့စရိတ်တွေကိုလည်း ၂၀ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။
ချုံကျင့်နှင့် အနီးတစ်ဝိုက်က ကုန်ပစ္စည်းတွေဟာ ဒီလမ်းကြောင်းအသစ်ကိုအသုံးပြုပြီး မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာကို တင်ပို့နိုင်မှာဖြစ်ပြီး ဥရောပ၊အာဖရိက၊အရှေ့အလယ်ပိုင်းနှင့် တောင်အာရှဒေသတွေဆီ ရောက်ရှိမှာဖြစ်ပါတယ်။
အဲဒီအပြင် လမ်းကြောင်းသစ်ဟာ ချုံချင့်ကို အာဆီယံနှင့် RCEPအဖွဲ့ဝင်နိုင်ငံတွေနှင့် ချိတ်ဆက်မှု မြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။
Source CCTV
#DailyNews
Published - 24 May 2022
၁။ ရွှေတိဂုံစေတီရှိပျက်စီးနေသည့် မြန်မာမှုပန်းပုရုပ်ကြွများကို အစားထိုးလဲလှယ်မည်၊ မူရင်းရုပ်ကြွများကို ပြတိုက်တွင်ထားမည်။
၂။ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ခွင့်ပြုချက်မဲ့လူနေတဲအိမ်များကို ဖယ်ရှားရန်စီစဉ်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဂျပန်နိုင်ငံမှ ကျည်ဆံရထားတွဲတစ်တွဲတွင် အိမ်မွေးခွေးလေးများကို လိုက်ပါစီးနင်းခွင့်ပြု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 122 of 136