#Daily_News
Published_ 27 May 2024
၁။ မိုးဦးကျချိန်တွင် ပုဂံသို့လာရောက်လည်ပတ်သူ နေ့စဉ် (၄၀၀၀)ဦးကျော်ရှိ
၂။ ကုန်စိမ်းဟင်းသီးဟင်းရွက်များ ကုန်အဝင်အလွန်နည်းသဖြင့်ယခင်ထက်အဆများစွာဈေး မြင့်တက်
၃။ မြန်မာ့မက္ကဒေးမီးယားကုန်ချောဝယ်ယူရန် ဈေးကွက်သစ်နိုင်ငံအဖြစ် ရှရှားကမ်းလှမ်းထားပြီး ပင်လယ်ရေကြောင်းမှတင်ပို့သွားမည်
၄။ ထိုင်ဝမ်ခွဲထွက်သမားများအား သတိပေးသည့်အနေဖြင့် ထိုင်ဝမ်ကျွန်းတစ်ဝိုက်တရုတ်စစ်ရေးလေ့ကျင့်မှုများပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Daily_News
Published_ 25 May 2024
၁။ မုန်တိုင်းမိုးရွာနေချိန် မိုးကျလာပြီဆိုပြီး တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ မစတင်ရန်သတိပေး
၂။ နေပြည်တော် ဒေသထွက်စိန်တစ်လုံးသရက်များ ရန်ကုန်အဓိကတင်ပို့၊ ရာသီကုန်ချိန်ဖြစ်သော်လည်း ဈေးနှုန်းကျဆင်း
၃။ ရန်ကုန်တိုင်းအတွင်း ယခင်အရောင်းဝယ်အေးခဲ့သည့် လုံးခြင်းအိမ်ခြံမြေဈေးကွက် ပြန်လည်အရောင်းဝယ်ရှိလာဟုဆို
၄။ ကျဆုံးသွားသောအီရန် သမ္မတနှင့်အခြား(၇)ဦး၏ အခေါင်းများကိုအီရန်မြို့တော်သို့သယ်ဆောင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Daily_News
Published_ 24 May 2024
၁။ ‘ကမ္ဘာ့ပိုက်ကျော်ခြင်းပြိုင်ပွဲ’တွင် မြန်မာအသင်းကမ္ဘာ့အဆင့်(၃)နေရာတွင် ရပ်တည်နေ၊ နိုင်ပွဲများဆက်ရနေ
၂။ ရာသီဥတုကြောင့် ကွမ်းခြံများ ပျက်စီးမှုရှိသဖြင့် ကွမ်းဈေးများမြင့်တက်လာ
၃။ ယခုနှစ်အတွင်းYBS ယာဥ်စည်းကမ်းဖောက်ဖျက်မှုပေါင်း၂၃၀၀၀ ကျော်အထိအရေးယူနိုင်ခဲ့ဟုဆို
၄။ ပါလက်စ်တိုင်းအားနိုင်ငံတော်တစ်ခုအဖြစ် နော်ဝေး၊အိုင်ယာလန်၊ စပိန်တို့အသိအမှတ်ပြုကြောင်းကြေညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Daily_News
Published_ 23 May 2024
၁။ ဂီတအကယ်ဒမီဆုကို ရုပ်ရှင်အကယ်ဒမီဆုကဲ့သို့ ရွှေသားအစစ်ရွှေကြယ်ပါသည့် ရွှေစင်ရုပ်တုချီးမြှင့်မည်ဟုဆို
၂။ ဘီးလင်း - ကျိုက္ကော်ကြားတောင်ကလေးရွာအနီးမစောတံတားကျိုး၊ ဘီးလင်းတိုးဂိတ်ဟောင်းမှ လမ်းစတင်ပိတ်ထားဟုဆို
၃။ ဆိတ်သားသတ်ဈေးကွက် ယခုလအတွင်း ဈေးကွက်ပြန်ကောင်းလာ
၄။ ကမ္ဘာပေါ်တွင် လီသီယမ်အိုင်းယွန်းဘက်ထရီထုတ်လုပ်မှု၌ ဦးဆောင်နေသည့်တရုတ်ကုမ္ပဏီက နည်းပညာဆန်းသစ်မှုများကို မျှဝေပေးသွားမည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၂၂ မေ ၂၀၂၄
မေ၂၁ ရက်က ပြင်းထန်သောလေပွေမိသဖြင့် ဘန်ကောက်သို့အရေးပေါ်ဆင်းသက်ခဲ့ရပြီး လူတစ်ဦး သေဆုံးကာ ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ရသည့် စင်ကာပူလေကြောင်းလိုင်းဘိုအင်းလေယာဉ်မှ ခရီးသည် နှင့် လေယာဉ်အမှုထမ်း ၁၄၀ကျော် ဘန်ကောက်မှ စင်္ကာပူသို့ ကယ်ဆယ်ရေးအထူးလေယာဉ် ဖြင့် မေ၂၂ရက်မနက်စောစောတွင်ပြန်လည်ရောက်ရှိသွားပါတယ်။
သေဆုံးခဲ့ရသူမှာ အသက် ၇၃နှစ်အရွယ် ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်ပြီး နှလုံးဖောက်ကာသေဆုံးသွားရခြင်း ဖြစ်မည်လို့ ယူဆထားကြပါတယ်။ ဒဏ်ရာရရှိသူတွေကတော့ အနည်းဆုံးလူ၃၀ရှိတယ်လို့ ရိုက်တာက သတင်းရေးသားပါတယ်။
စင်္ကာပူလေကြောင်းလိုင်းပိုင် အဆိုပါဘိုအင်း777-300ER ခရီးသည်တင်လေယာဉ်ကြီးသည် လန်ဒန်မှ စင်္ကာပူသို့ခရီးစဉ်တွင် ၁၀နာရီခန့်အကြာ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် အပေါ်သို့ ဖြတ်ကျော်ပျံသန်းနေစဉ် ရုတ်တရက်ပြင်းထန်ဆိုးရွားလှတဲ့ လေပွေကြမ်း နှင့် တွေ့ခဲ့ရတာဖြစ်တယ်လို့လည်း စင်္ကာပူ လေကြောင်း လိုင်းက သတင်းထုတ်ပြန်ပါတယ်။
အဲဒီနေရာတစ်ဝိုက်မှာ ထိုအချိန်က ပြင်းထန်တဲ့မိုးကြိုးမုန်တိုင်းတွေတိုက်နေတာတွေ့ရတယ်” လို့လည်း FlightRader24 ကပြောပါတယ်။
“ဘင်္ဂလားပင်လယ်အော်မှာ မိုးကြိုးမုန်တိုင်းကြီးတွေဆိုတာ ဖြစ်တောင့်ဖြစ်ခဲ့မျိုးမဟုတ်ဘူး။ အဲဒီနေရာမှာ အဲဒါတွေနှင့်ရင်ဆိုမိနိုင်တဲ့အခြေအနေ အမြဲလိုလိုရှိနေတယ်” လို့ စင်္ကာပူနှင့်အရှေ့တောင်အာရှကို လေယာဉ်မောင်းနှင်နေကျဖြစ်တဲ့ အမည်မဖော်လိုသူလေယာဉ်မှူးတစ်ဦးကပြောပါတယ်။
“လူတွေ မျက်နှာကြက်နှင့်ထိပြီး အောက်ကို ကိုးရိုးကားယားပြုတ်ကျကြတယ်။ ခေါင်းကွဲတဲ့သူနှင့် ထိခိုက်မူးမေ့တဲ့သူတွေနှင့်” လို့ စင်္ကာပူကိုပြန်ရောက်လာတဲ့ခရီးသည်တွေထဲက အသက်၂၈နှစ်အရွယ် ကျောင်းသားတစ်ဦးက ရိုက်တာသတင်းဌာနကိုအတွေ့အကြုံပြောပြပါတယ်။
ယခုဘန်ကောက်မှ ရောက်ရှိလာတဲ့သူတွေက ခရီးသည် ၁၃၁ဦးနှင့်လေယာဉ်အမှုထမ်း၁၂ ဦးတို့ဖြစ်ကြ ပါတယ်။ သူတို့ဟာ စင်္ကာပူလေဆိပ်ကိုမနက်၅နာရီမှာဆိုက်ရောက်လာကြတာပါ။ ထိခိုက်ဒဏ်ရာရ သူတွေနှင့် သူတို့မိသားစုတွေကတော့ ဘန်ကောက်မှာကျန်ရစ်ခဲ့ကြတာဖြစ်ပါတယ်။
Source Reuters
#Daily_News
Published_ 21 May 2024
၁။ ပြောင်းဈေးတက်လာသော်လည်း တောင်သူလက်ထဲတွင် ရောင်းချရန် ပြောင်းမရှိသည့်အချိန်ဖြစ်နေ
၂။ မေရီချက်ပ်မင်းနားမကြားသော ကလေးငယ်များကျောင်းတွင် KG မှ Grade7အထိ ကျောင်းအပ်လက်ခံပြီ
၃။ ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲ၌ ယှဉ်ပြိုင်ရန် ၈၅ ကီလိုမီတာ ခရီးရှည်မြင်းစီးအားကစား *လက်ရည်စစ်*ပြိုင်ပွဲ နေပြည်တော်၌ပြုလုပ်မည်
၄။ တွေ့ရှိဖူးသမျှထဲတွင် အပြည့်စုံဆုံးသောပုစဉ်းကျောက်ဖြစ်ရုပ်ကြွင်းအား တရုတ်မြောက်ပိုင်းမွန်ဂိုလီးယားတွင်တွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၂၁ မေ ၂၀၂၄
လန်ဒန်မှပျံသန်းလာတဲ့ စင်ကာပူလေကြောင်းလိုင်းပိုင်ခရီးသည်တင်လေယာဉ်သည် အလွန် ပြင်းထန်တဲ့လေတွေကြောင့် ယနေ့ မေလ ၂၁ရက် ညနေပိုင်းက ဘန်ကောက်ကိုအရေးပေါ်ဆင်းသက်စဉ် ခရီးသည်တစ်ဦး သေဆုံးပြီး ခရီးသည် အများအပြား ဒဏ်ရာရရှိသွားခဲ့ပါတယ်။
သေဆုံးမှုနှင့်ဒဏ်ရာရရှိမှုတွေ ဘယ်အချိန်မှာဖြစ်ခဲ့တာလဲဆိုတာတော့ မသိကြရသေးပါဘူး။
ထိခိုက်ဒဏ်ရာရရှိသူ ၃၀ရှိတယ်လို့ ထိုင်းမီဒီယာတွေကရေးသားကြပေမယ့် စင်ကာပူလေကြောင်းလိုင်းက ဘယ်နှဦးဒဏ်ရာရတယ်ဆိုတာ ထုတ်မပြောပါဘူး။
ဘန်ကောက်သုဝဏ္ဏဘူမိလေဆိပ်အရာရှိတစ်ဦးကလည်း သေဆုံးသူတစ်ဦးရှိတယ်လို့အတည်ပြုပေမယ့် ဘယ်နှဦးဒဏ်ရာရတယ်ဆိုတာကိုတော့ အတည်ပြုမပေးပါဘူး။
စင်ကာပူလေကြောင်းလိုင်း ဘိုအင်း 777-300ER လေယာဉ်ဟာ ခရီးသည် ၂၁၁ ဦး ၊လေယာဉ်အမှုထမ်း၁၈ဦးနှင့် အတူ လန်ဒန်မှပျံသန်းလာတာဖြစ်ပြီး စင်ကာပူသို့ ဦးတည်ပျံသန်းနေရင်း ဘန်ကောက်မှာ အရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။
“ ကျွန်ုပ်တို့ရဲ့ ဦးစားပေးက လေယာဉ်ပါ ခရီးသည်တွေနှင့်လေယာဉ်အမှုထမ်းတွေကို အတတ်နိုင်ဆုံး အကူအညီပေးဖို့ဖြစ်တယ်” လို့ စင်ကာပူလေကြောင်းက သတင်းထုတ်ပြန်ပါတယ်။
“လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ ဘန်ကောက်အာဏာပိုင်တွေနှင့်အလုပ်လုပ်နေပါတယ်” လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စင်ကာပူလေကြောင်းလိုင်းရဲ့ နောက်ဆုံးမတော်တဆမှုဟာ ၂၀၀၀ပြည့်နှစ် အောက်တိုဘာလတုန်းက တိုင်ဝမ်ကနေ ပျံအတက်ပျက်ကျခဲ့ပြီးလူပေါင်း ၈၃ ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။
Source Reuters
Page 52 of 149