English Section

Senior General Min Aung Hlaing Attends 78th Martyrs' Day Commemoration in Yangon

YANGON, Myanmar – July 19, 2025 – Myanmar marked its 78th Martyrs' Day today with a ceremony at the Martyrs' Mausoleum in Yangon, where Senior General Min Aung Hlaing, Chairman of the State Administration Council (SAC) and Commander-in-Chief of Defence Services, led dignitaries in paying respects to the nation's fallen heroes.

The commemoration honored General Aung San and other leaders assassinated in 1947, a pivotal moment in Myanmar's history. Senior General Min Aung Hlaing participated in the wreath-laying ceremony, placing a wreath from the Republic of the Union of Myanmar at the mausoleum. He was joined by key officials including SAC Joint Secretary Lieutenant General Ye Win Oo, Council Member Lieutenant General Nyo Saw, Mann Nyein Maung, Chief of Staff (Army, Navy, Air) General Kyaw Swar Lin, and Union Minister for Religious Affairs and Culture U Tin Oo Lwin, who chaired the organizing committee for the event.

During the solemn ceremony, the national flag was lowered to half-mast across the country as a symbol of mourning. A guard of honor presented arms, and a military bugle band played the "Last Post," followed by a two-minute period of silent prayer and reflection.

Following the official tribute, family members and representatives of the martyr leaders, as well as delegates from various social organizations and the general public, laid their own wreaths and offered respects at the mausoleum.

At precisely 10:37 AM, the exact time of the assassinations, sirens were sounded nationwide by Myanmar Radio and Television (MRTV) and Myawaddy TV, serving as a solemn reminder of the tragic event.

Throughout the day, the Martyrs' Mausoleum, the Bogyoke Aung San Museum, and the historic Ministers' Office (Secretariat Office) were open to the public, allowing citizens to pay homage and reflect on the sacrifices made for the nation's independence.

#ymg/knl

Prime Minister Senior General Min Aung Hlaing Inspects Bogyoke Aung San Museum and Historic Secretariat Office

July 18, 2025, Yangon- On the morning of July 18, State Administration Council Chairman and Prime Minister Senior General Min Aung Hlaing visited the Bogyoke Aung San Museum (Yangon) and the Historic Secretariat Office — where the national martyrs were assassinated — to inspect ongoing renovation and preservation works.

Upon arrival at the Bogyoke Aung San Museum, the Prime Minister instructed that the vehicle once driven by Bogyoke Aung San be restored and maintained by experts to ensure its long-term durability. He also ordered that the building be repaired and preserved carefully so as not to damage its original structure. To accomplish this, officials were directed to systematically cross-check archival photographs to ensure that restoration preserves the original craftsmanship and authenticity.

He further directed that photographs inside the museum be preserved using modern technology to enhance their clarity and quality, making the images clearer and better than the current ones.

When arriving at the old Secretariat Office, the Prime Minister ordered that the historical photographs and documents exhibited there be enhanced using modern technologies to make them clearer and more vivid for exhibition. He also emphasized that captions and annotations for the photographs and artifacts should be presented in a standardized, accurate format that is easy to read and understand.

Furthermore, inside the meeting hall where Bogyoke Aung San and other national martyrs were assassinated, the Prime Minister directed that the original layout and presentation be preserved in the exhibition. Historical photographs should be displayed with proper captions, and additional restoration work should be undertaken to maintain these historical evidences.

As the Historic Secretariat Office is an invaluable historic heritage building, the Prime Minister instructed that repair and preservation work continue uninterrupted according to the original style to ensure its long-term stability. In parts of the building where subsidence has occurred, experts will conduct systematic research and carry out appropriate restoration work.

The Bogyoke Aung San Museum in Yangon was originally the residence of Myanmar’s independence architect, Bogyoke Aung San. Built in 1921, it is a Western-style building incorporating European architectural elements. Bogyoke Aung San lived here with his family from May 1945 until the day he was assassinated in July 1947.

The old Secretariat Office is also a historic building. On the morning of July 19, 1947, Bogyoke Aung San and other national martyrs were holding a meeting there when they were assassinated. This day has since been designated Martyrs’ Day in Myanmar.

#ymg/knl

Myanmar Approves Nine New Foreign Investment Projects

18 July 2025, Naypyitaw, Myanmar —Myanmar has approved nine new foreign investment projects, alongside other new investments, signalling a continued effort to attract external capital. The approvals were granted during the fifth meeting of the Myanmar Investment Commission (MIC) for 2025, held in Naypyitaw on July 17.

During the meeting, the MIC sanctioned nine new foreign investment projects in the industrial, and oil and gas sectors. Additionally, 26 new Myanmar citizen investment projects were approved across various sectors, including industry, hotels and tourism, services, electricity, agriculture, livestock, fisheries, housing and construction, mining, and oil and gas. The approvals also covered increased capital for existing investment ventures.

These newly approved projects represent a substantial investment of US$72.865 million and 672,835.265 million Myanmar Kyats. According to a statement from the Myanmar News Agency, these investments are projected to create 9,220 new job opportunities.

The approved new investment projects are diverse, encompassing crucial sectors for national development. These include electricity generation, agricultural ventures, electric vehicle manufacturing, various service-oriented businesses, food production, and garment factories, which are expected to generate significant employment.

As of the end of June 2025, Myanmar has attracted investments from 53 countries and regions. The top investing countries and regions are Singapore, China, and Thailand. Among the 12 economic sectors, the energy sector leads with 28.33% of the total investment, followed by the oil and gas sector with 24.68%, and the industrial sector with 14.54%.

#ymg/knl

Asean

Most Popular - Local News

  • ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဇာနည်နေ့ အခမ်းအနားတက်ရောက်ပြီး အာဇာနည် ခေါင်းဆောင် ကြီးများ၏ ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချအလေးပြု

    ၁၉ ဇူလိုင် ၂၀၂၅

    နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၁၉ ရက်နေ့တွင် ရန်ကုန်မြို့အာဇာနည်ဗိမာန်၌ ကျင်းပသည့် ၇၈ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနား သို့တက်ရောက်ဂါရဝပြုခဲ့ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဇာနည်နေ့အခမ်းအနားသို့တက်ရောက်လာကြတဲ့ အာဇာနည်   ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များကိုလည်း ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။

    နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူးဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ မန်းငြိမ်းမောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ (၇၈)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တို့နှင့်အတူ ဗိုလ်ချုပ်  အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေကိုချ၍ အလေးပြုခဲ့ကြပါတယ်။

    ထိုအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့လျှော့ချလွှင့်ထူ၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ်မြှောက်၍လည်းကောင်း၊ စစ်ခရာအဖွဲ့က ကျဆုံးရဲဘော် အလေးပြုခရာမှုတ်၍ လည်းကောင်း အလေးပြုကြပြီးနောက် နှစ်မိနစ်ငြိမ်သက်စွာ မေတ္တာပို့သအမျှပေးဝေခဲ့ကြပါတယ်။

    AZN01

    အဲဒီနောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ကိုယ်စားလှယ်များက အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ ဂါရဝပြုကြပြီး မေတ္တာပို့သ အမျှပေးဝေကြပါတယ်။

    ဆက်လက်ပြီး လူထူလူတန်းစား အဖွဲ့အစည်းအသီးသီမှ ကိုယ်စားလှယ်များ၊ အများပြည်သူများကလည်း တက်ရောက်ပြီး လွမ်းသူ့ပန်းခွေချအလေးပြုခဲ့ကြပါတယ်။

    ၂၀၂၅ခုနှစ်အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံ  တော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူခဲ့ကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇မိနစ်အချိန်တွင် မြန်မာအသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားတို့က ဥဩဆွဲအချက်ပေးခဲ့ပါတယ်။

    ယနေ့တွင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)များသို့လည်း အများပြည်သူများက လာရောက်ဂါရဝပြုလေ့လာခဲ့ကြကြောင်း သိရှိရပါတယ်။

    #ymg/knl

  • နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် သမိုင်းဝင် အတွင်းဝန်ရုံးဟောင်းကို ကြည့်ရှုစစ်ဆေး

    ၁၈ ဇူလိုင် ၂၀၂၅

    နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ဇူလိုင်၁၈ရက်နံနက်ပိုင်းတွင် ရန်ကုန်ရှိ  အာဇာနည်ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် အာဇာ   နည်ကြီးများ ကျဆုံးခဲ့ရသည့် ဝန်ကြီးများရုံး(ယခင်အတွင်းဝန်ရုံး) ပြင်ဆင်ခင်းကျင်းမှုများကို သွား ရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။

    ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ရောက်ရှိစဉ် နိုင်ငံတော်ဝန်ကြီးချုပ်က ဗိုလ်ချုပ် အောင်ဆန်း စီးနင်းခဲ့သည့်မော်တော်ယဉ်အား ရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက် ကျွမ်းကျင်ပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်းခြင်းများဆောင်ရွက်သွားရန်၊ အဆောက်အဦအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ရှေးမူကိုမထိခိုက်စေဘဲ ရှေးဟောင်းမူလလက်ရာများအတိုင်းဖြစ်စေရန်အတွက် ယခင်မှတ်တမ်းဓာတ်ပုံများဖြင့် ပြန်လည်တိုက်ဆိုင်စစ်ဆေးပြီးစနစ်တကျထိန်းသိမ်း ဆောင်ရွက်သွားရန်၊ ပြတိုက်အတွင်းရှိ ဓာတ်ပုံများအား နည်းပညာများအသုံးပြု၍ ထိန်းသိမ်းဆောင်ရွက်ပြီး ယခုထက်ပိုမိုကောင်းမွန်ကြည်လင်ပြတ်သားသည့်ပုံများဖြစ် အောင်ဆောင်ရွက်သွားရန် တာဝန်ရှိ  သူတွေကို မှာကြားခဲ့ပါတယ်။

    ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)အဆောက်အဦ သို့ရောက်ရှိသည့်အခါတွင် နိုင်ငံတော်ဝန်ကြီးချုပ်ကသမိုင်းကြောင်းကိုဖော်ပြလျက်ရှိသည့် ဓာတ်ပုံများနှင့်စာရွက်စာတမ်းများအား ခေတ်မီနည်းပညာများ အသုံးပြု၍ ကြည်လင်ပြတ်သားမှုရှိအောင်ဆောင်ရွက်ပြီး ခင်းကျင်းပြသသွားရန်၊ဓာတ်ပုံများ၊ အသုံး အဆောင်ပစ္စည်းများအား အညွှန်းဖော်ပြရာတွင်လည်း ရေးထုံးသတ်ပုံများ စနစ်ကျ မှန်ကန်မှုရှိရန်နှင့် လွယ်ကူရှင်းလင်းစွာ ဖတ်ရှုနားလည်နိုင်ရေးဆောင်ရွက်သွားရန်မှာကြားပါတယ်။

    ယင်းအပြင်  အစည်းအဝေးခန်းမအတွင်း၌ ဗိုလ်ချုပ်နှင့် အာဇာနည်ပုဂ္ဂိုလ်များလုပ်ကြံခံရမှုနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုံးထိုင်သည့်နေရာအား မူလခင်းကျင်းထားရှိမှုအတိုင်း ခင်းကျင်းပြသသွားရန်၊ သမိုင်းအထောက်အထား ဓာတ်ပုံများအား ပုံစာအညွှန်းတပ်၍ ဖော်ပြသွားရန်၊ သမိုင်းအထောက်  အထားဓာတ်ပုံများအား ထပ်မံပြုစု၍ ခင်းကျင်းပြသသွားရန်၊ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)အဆောက်အဦ သည် တန်ဖိုးဖြတ်၍မရသည့် ရှေးဟောင်းသမိုင်းဝင်အဆောက်အဦဖြစ်သဖြင့် ရေရှည်တည်တံ့ခိုင်မြဲ နေစေရေး ပြုပြင်ထိန်းသိမ်းမှုများကိုမူလလက်ရာအတိုင်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက် သွားရန်၊အဆောက်အဦ၏ အချို့နေရာများ၌ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်ထိန်းသိမ်းနိုင်ရေး ပညာရှင်များဖြင့် စနစ်တကျ သုတေသနပြု ဆောင်ရွက်သွားရန်တို့ကိုလည်း ဆက်လက်မှာကြားခဲ့တယ် လို့ သိရပါတယ်။

    AZ1

    ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)သည် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း နေထိုင်ခဲ့သောအိမ်ကို ပြတိုက်အဖြစ်ခင်းကျင်းပြသထားခြင်းဖြစ်ပြီး ၁၉၂၁ ခုနှစ်တွင် တည်ဆောက်ခဲ့  သည့် အနောက်တိုင်းဗိသုကာဟန်များ ရောနှောတည်ဆောက်ထားသော ဥရောပပုံစံအဆောက်အဦတစ်ခု ဖြစ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ယခုအိမ်၌ ၁၉၄၅ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့ကြောင်းသိရပါတယ်။

    ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)အဆောက်အဦသည်လည်း သမိုင်းဝင် အဆောက်အဦတစ်ခုဖြစ်ကာ ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ ရက်နံနက်တွင် ဗိုလ်ချုပ်နှင့် အာဇာနည်ပုဂ္ဂိုလ်များ ထိုအဆောက်အဦ၌ အစည်းဝေးကျင်းပနေစဉ်  လုပ်ကြံခံခဲ့ရပါတယ်။ ထိုနေ့ကို မြန်မာနိုင်ငံ၌ အာဇာနည်နေ့ အဖြစ်သတ်မှတ် ခဲ့ပါတယ်။

    #ymg/knl

  • နောင်ချိုမြို့တစ်မြို့လုံးကို တပ်မတော်က အပြီးတိုင် အောင်မြင်စွာသိမ်းပိုက်

    ၁၆ ဇူလိုင် ၂၀၂၅

    နောင်ချိုမြို့တစ်မြို့လုံးအား ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ ၁၂၀၀ နာရီချိန်ခန့်တွင် တပ်မတော်က အပြီးတိုင် အောင်မြင်စွာသိမ်းပိုက်ခဲ့ပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

    နောင်ချိုမြို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အတွင်း ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၅၉ ပေတွင်တည်ရှိသည့် မြို့ဖြစ်ပါတယ်၊

    စစ်ဆင်ရေးကာလ ၁၁ လအတွင်း TNLA အဖွဲ့၊ MDY-PDF နှင့် ဓနု PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး ၂၀ ကြိမ်၊ ထိတွေ့မှုပေါင်း ၅၆၆ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက်အကြမ်းဖက်သောင်းကျန်းသူများသည်တပ်မတော်စစ်ကြောင်းများ၏ တန်ပြန်ထိုးစစ်အားဆက်လက်ခုခံနိုင်ခြင်းမရှိတော့ဘဲ ထိခိုက် ကျဆုံးများစွာဖြင့် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့သဖြင့် ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ ၁၂၀၀ နာရီချိန်ခန့်တွင် နောင်ချိုမြို့တစ်မြို့လုံးကို တပ်မတော်က အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ် လို့လည်း အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ထိုတိုက်ပွဲများအတွင်း ရန်သူ့ထံမှ အလောင်း ၁၇၁လောင်း၊ လက်နက်မျိုးစုံ ၁၆၆ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့တယ်လို့လည်းသိရပါတယ်။

    ၂၀၂၄ ခုနှစ်၊ဩဂုတ်လ ၂၅ ရက်နေ့မှစ၍ အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့်နေရာများ သို့ တပ်မတော်ကအကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation)ဖြင့် တန်ပြန်တိုက်စစ်များ အဆင့်ဆင့်တိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် မကျည်းရေမှတစ်ဆင့် တောင်ခမ်းသို့ ဆက်သွယ်သည့် အုပ်ချုပ်မှုလမ်းကြောင်းများအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါသည်။ အလားတူ ကျောက်မဲလေးဒေသမှ သံဘိုကျေးရွာအနီးနှင့် ဘန်ဘွေးဒေသမှ ဂန့်ဂေါ-အုမ္မသီးလမ်းခွဲတို့အားတန်ပြန်တိုက်စစ်ဖြင့် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

    NC01

    ဆက်လက်ပြီးတောင်ခမ်း-ကံကြီး-နောင်ချို လမ်းကြောင်းရှိ နမ့်ဆောင်ဟူးတစ်ဝိုက်အား ၂၀၂၅ ခုနှစ်၊ဇူလိုင်လ ၈ ရက်နေ့တွင် လည်းကောင်း၊ တောင်ခမ်း-ရွှေသွန်း-ဂုတ်ထိပ်-နောင်ချိုလမ်းကြောင်းရှိ ဂုတ်ထိပ်အနီးတစ်ဝိုက်အား ဇူလိုင်လ ၁၂ ရက်နေ့တွင် လည်းကောင်း၊ပြင်ဦးလွင်-နောင်ချို ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်ရှိ အုမ္မသီးလမ်းခွဲမှ အုမ္မခါးကျေးရွာအထိအား ဇွန်လ ၂၅ ရက်တွင်လည်းကောင်း၊ ကျောက်ကြမ်းနေရာတစ်ဝိုက်အား ဇူလိုင်လ ၁၅ ရက်နေ့တွင် လည်းကောင်း၊ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အောင်မြင်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။

    တပ်မတော်အနေဖြင့် TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏စိတ်ဓာတ်ရေးရာကို ပြင်းထန်စွာ ရိုက်ချိုးနိုင်ခဲ့ပြီး ဒေသခံပြည်သူများ၏ အားပေးထောက်ခံမှုကို အပြည့်အဝ ရရှိလာသည့်အတွက် တပ်မတော်စစ်ကြောင်းများမှ တိုက်ပွဲဝင်အရာရှိ၊ စစ်သည်များသည် စိတ်ဓာတ်ခွန်အားတက်ကြွမှု၊ တိုက်လို ခိုက်လိုစိတ်ပြင်းပြမှုတို့ဖြင့် အောင်မြေချဲ့ထွင်မှုများကို မြေပြင်၊ ဝေဟင် စစ်နည်းဗျူဟာမြောက် အဆင့်ဆင့်ပေါင်းစပ်၍ အကြမ်းဖက်သောင်းကျန်းသူများ ယာယီခံစစ်စခန်း တည်ဆောက်ထားသည့်နေရာများကို အဆင့်ဆင့်လိုက်လံတိုက်ခိုက်ချေမှုန်းခဲ့ပြီး နောင်ချိုမြို့အား ပြန်လည်သိမ်းပိုက်ရရှိရေး စစ်ကြောင်းများခွဲ၍ “ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း” တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    နောင်ချိုမြို့သို့TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ၂၀၂၄ ခုနှစ်၊ ဇွန်၂၅ ရက်မှ စတင်၍ မြို့နှင့် မြို့လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ရင်း/တပ်ဖွဲ့၊ဌာနချုပ်များအား အင်အား အလုံးအရင်းဖြင့် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး  (၁)နှစ်ကျော်ခန့်အကြာမှာ တပ်မတော်က ထိုအကြမ်းဖက်များကို နှိမ်နှင်းပြီး အပြည့်အဝပြန်လည်ထိန်းချုပ်ရယူခဲ့တာဖြစ်ကြောင်းသိရပါတယ်။

    #ymg/knl

  • အမေရိကန်သမ္မတထရမ့်၏ ပို့ကုန်အခွန် အကြောင်းကြားစာ/သဝဏ်လွှာအပေါ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညှိနှိုင်းအကြောင်းပြန်ကြားစာ/သဝဏ်လွှာပြန်လည်ပေးပို့

    ၁၀ ဇူလိုင် ၂၀၂၅

    သွင်းကုန်ခွန်တိုးမြှင့်စည်းကြပ်ထားမှုနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပေးပို့ခဲ့  သည့် သဝဏ်လွှာ/အကြောင်းကြားစာအပေါ်  မြန်မာနိုင်ငံ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်  ချုပ်မှူးကြီး မင်းအောင်လှိုင်က ညိနှိုင်းပြန်ကြားသည့် သဝဏ်လွှာ/ အကြောင်းကြာစာကို ဇူလိုင် ၉ ရက်က ပြန်လည်ပေးပို့ခဲ့ကြောင်းသိရပါတယ်။

    ဗိုလ်ချုပ်မှူးကြီး၏ အဆိုပါပြန်ကြားလွှာတွင် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ကုန်များအပေါ် အခွန်(၁၀)ရာခိုင်နှုန်းမှ(၂၀) ရာခိုင်နှုန်းနှင့် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ သွင်းကုန်များအပေါ် (၀)ရာခိုင်နှုန်း မှ (၁၀) ရာခိုင်နှုန်းကြား ချိန်ညှိကောက်ခံသွားရန် အဆိုပြုညှိနှိုင်းလိုပါတယ် လို့  ညှိနှိုင်းထားပါတယ်။

    လိုအပ်ပါက မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ အမြန်စေလွှတ်၍ သက်ဆိုင်ရာ  တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်လိုပါကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ပြောဆိုထား ပါတယ်။

    အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားကုန်သွယ်မှုမမျှတသဖြင့် အမေရိကန်ဘက်မှ လိုငွေကြီးမား  စွာပြခြင်းအတွက် အဆွေတော်သမ္မတကြီးအနေဖြင့် အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းအပေါ် မိမိအပြည့်အဝ နားလည်ပါတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြန်ကြားလွှာတွင် ရေးသားထားပါတယ်။

    လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး(LDC)နိုင်ငံများ   ထဲမှတစ်နိုင်ငံဖြစ်နေသည့်  အပြင် လွန်ခဲ့သည့် (၅)နှစ်တာကာလအတွင်း ကိုဗစ်(၁၉)ကပ်ရောဂါ၊ သဘာဝဘေးအန္တရာယ်များဖြစ်  သည့် မိုခါဆိုင်ကလုံးမုန်တိုင်း၊ ရာဂီမုန်တိုင်းရေကြီးရေလျှံမှုနှင့် ၇.၇ မဂ္ဂနီကျုရှိ မန္တလေးငလျင်  ကြီးများကြောင့် ပြင်းထန်သောစိန်ခေါ်မှုများ ဆက်တိုက်ကြုံတွေ့ခဲ့ရသဖြင့် မြန်မာပြည်သူများသည် ကြီးမားသောစိန်ခေါ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းနေရသည့် အချိန်လည်းဖြစ်နေပါကြောင်း အကြောင်းပြန်ကြားသဝဏ်လွှာမှာဖော်ပြထားပါတယ်။

    အဆွေတော်သမ္မတကြီးအနေဖြင့်အမေရိကန်ပြည်ထောင်စုကြီး တိုးတက်ကြီးပွားသာယာ ဝပြောရေး   အတွက် မျိုးချစ်စိတ်အပြည့်အဝဖြင့် တာဝန်သယ်ပိုးထမ်းဆောင်လျက်ရှိသကဲ့သို့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဦးဆောင်ကြိုးပမ်းနေသည့်အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ချီးကျူးပြောဆိုပါတယ်။

    ယင်းအပြင်မြန်မာနိုင်ငံအား လက်ရှိကမ္ဘာ့နံပါတ်(၁)ဈေးကွက်နှင့်အလွန်ကောင်းမွန်သော စီးပွားရေးရှိနေ  သည့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်လက်ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်မှုအတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။

    မြန်မာနိုင်ငံတွင် မဲမသာမှုများကြောင့် တပ်မတော်က နိုင်ငံတော်အာဏာကို ဥပဒေနှင့်အညီ ရယူခဲ့ရခြင်း နှင့်ပတ်သက်၍လည်း ပြန်ကြားစာ/သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီးက အသေးစိတ်ရေးသားထား ပါတယ်။

    ၂၀၂၀ ပြည့်နှစ် အမေရိကန်နိုင်ငံရွေးကောက်ပွဲတွင် အဆွေတော်သမ္မတကြီးကြုံတွေ့ခဲ့ရသလို မိမိတို့နိုင်ငံ ရွေးကောက်ပွဲတွင်လည်း ကြီးမားသည့် မဲမသမာမှုများဖြစ်ပေါ်ခဲ့ပါကြောင်း ဗိုလ်ချုပ်မှူးကြီးက ထောက်ပြ ရေးသားပါတယ်။

    မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက အရေးယူ ပိတ်ဆို့ထားမှုများသည် မိမိတို့ နှစ်နိုင်ငံအတွက် မည်သို့မျှအကျိုးမရှိခြင်းကြောင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကိုရှေ့ရှု၍ ယခင်ကချမှတ်ခဲ့သည့် စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့ရုပ်သိမ်းပေးရန်လည်း ဗိုလ်ချုပ်မှူးကြီးက အမေရိကန်သမ္မတ ဒေါနယ်ထရမ့်ကို မေတ္တာရပ်ခံခဲ့ပါတယ်။

    အဆွေတော်၏ အဆိုပြုချက်အတိုင်း ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများဖယ်ရှားခြင်း၊ အပြန်အလှန် အခွန်ကောက်ခံမှုထိန်းသိမ်းခြင်းတို့ဖြင့် မြန်မာ-အမေရိကန်နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးမြှင့်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက် ရှိပါကြောင်း၊ အဆွေတော်နှင့် အမေရိကန် ပြည်သူပြည်သားများ ကျန်းမာရွှင်လန်းကြပါစေကြောင်း၊ အနာဂတ်လုပ်ငန်းစဉ်များတွင်အောင်မြင်မှုများ ဆွတ်ခူးနိုင်စေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းဖြင့်လည်း ဗိုလ်ချူပ်မှူးကြီးရဲ့ အကြောင်းပြန်ကြား သဝဏ်လွှာ နိဂုံးတွင်ရေးသားထားပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံအပါအဝင် ဂျပန်၊ တောင်ကိုရီးယား၊မလေးရှား၊ ကာဇက်စတန်၊ တူနီးရှား၊ ဘောစနီးယား ဟာဇီဂိုးဗီးနား၊တောင်အာဖရိက ၊အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ဆားဘီးယား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို စသည့်စုစုပေါင်းနိုင်ငံ ၁၄ နိုင်ငံအား သွင်းကုန်ခွန်တိုးမြှင့်စည်းကြပ်ထားမှုနှင့်ပတ်သက်၍ဇူလိုင် ၇ ရက်နေ့တွင် သက်ဆိုင်ရာနိုင်ငံများသို့ သဝဏ်လွှာ/အကြောင်းကြားစာများပေးပို့ခဲ့တာဖြစ်ပါတယ်။

    #knl/ymg

    SGL1SGL2SGL3

Most Popular - World News

  • နယူးယောက်မြို့မှ သတ္တုသံကြိုး ဝတ်ဆင်ထားသော အသက်၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး MRI စက်ထဲ အမှတ်မထင် ဆွဲသွင်းခံရပြီး သေဆုံးခဲ့ရ

    ၂၀ ဇူလိုင် ၂၀၂၅

    နယူးယောက်ပြည်နယ်၊ ဝက်စ်ဘူရီမြို့ရှိ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုတွင် သံလိုက်စက် ကွင်းပဲ့တင်သံ ရုပ်ပုံဖော်စက် (MRI) ထဲသို့ ဆွဲငင်ခံရပြီးနောက် လောင်းအိုင်လန်မှ အသက် ၆၁ နှစ်အရွယ် ကိတ် မက်အဲလိစ်တာ သေဆုံးသွားကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။

    အဆိုပါ ဖြစ်ရပ်သည် ဗုဒ္ဓဟူးနေ့က Nassau Open MRI တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မက်အဲလိစ်တာသည် သူ၏ဇနီးဖြစ်သူ Adrienne Jones-McAllister ဒူးကို စကင်ဖတ်ရန်အတွက် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။

    ဇနီးဖြစ်သူAdrienne ၏ ပြောကြားချက်အရ သူမ၏ခင်ပွန်းသည် စကင်ဖတ်သည့် စားပွဲမှ သူမ မတ်တပ်ထရပ်နိုင်ဖို့ ကူညီရန်အတွက် MRI အခန်းထဲသို့ ဝင်ရောက်သွားစဉ် အားပြင်းသော သံလိုက်စက်ကွင်းတစ်ခုက  စတင်အလုပ်လုပ်ခဲ့ကြောင်း သိရသည်။

    "သူ့ကိုယ်လုံးက ပျော့ခွေသွားတယ်" ဟု News 12 Long Island သို့ သူမက ပြောကြားခဲ့သည်။ "ကျွန်မ လက်ထဲမှာ သူ ပျော့ခွေသွားတာ အခုထိ ကျွန်မ ဦးနှောက်ထဲမှာ စွဲနေတုန်းပဲ" ဟု ဆိုသည်။

    Adrienne နှင့် တာဝန်ကျ MRI နည်းပညာရှင်တို့က မက်အဲလိစ်တာကို စက်မှ ဆွဲထုတ်ရန် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

    မက်အဲလိစ်တာသည် လေးလံသော သော့နှင့် သံကြိုးကြီးကို ဝတ်ဆင်ထားခဲ့ပြီး ယင်းသံကြိုးကြောင့် အားပြင်းသော MRI သံလိုက်စက်က သူ့အား စက်ထဲသို့ ဆွဲသွင်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စိုးရိမ်ရသည့် အခြေအနေကြောင့် သူ့ကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့သော်  လည်း နောက်တစ်နေ့တွင် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

    Adrienne က သူမ၏ခင်ပွန်းသည် ကိုယ်အလေးချိန် လေ့ကျင့်ခန်းများအတွက် အလေးချိန် ပေါင် ၂၀ ရှိသော သံကြိုးကို ပုံမှန်ဝတ်ဆင်လေ့ရှိပြီး ယင်းဆေးဘက်ဆိုင်ရာ အဆောက်အအုံသို့လည်း ယခင်က ရောက်ဖူးကြောင်း ပြောကြားခဲ့သည်။

    "အဲ့ဒီလူ (နည်းပညာရှင်) က အဲ့ဒီသံကြိုးကို ပထမဆုံးအကြိမ် မြင်တာမဟုတ်ဘူး။ သူတို့ အရင်ကလည်း အဲ့ဒီအကြောင်း ပြောဖူးတယ်" ဟု သူမက ဆိုသည်။

    Nassau ကောင်တီရဲဌာန၏ လူသတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့က အဆိုပါ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ယခုအချိန်အထိ မည်သည့် စွဲချက်မှ မတင်ရသေးပေ။

    အဆိုပါ ကြေကွဲဖွယ်ရာ ဖြစ်ရပ်အပြီးတွင် ဆေးဘက်ဆိုင်ရာ ပညာရှင်များက MRI ဘေးကင်းရေး လုပ်ထုံးလုပ်နည်းများ၏ အရေးကြီးပုံကို ပြောကြားခဲ့ကြသည်။

    North Shore တက္ကသိုလ်ဆေးရုံမှ ဆရာဝန် Payal Sud က "အန္တရာယ်တွေက အလွန်ကြီးမားနိုင်ပါတယ်။ ဒါကြောင့် ဘေးကင်းရေး ကြိုတင်ကာကွယ်မှုတွေ အားလုံးကို ဘာကြောင့် လုပ်ထားရတာ လဲဆိုတာကိုလည်း ထောက်ပြနေပါတယ်" ဟု CBS New York သို့ ပြောကြားခဲ့သည်။

    MRI စက်၏ ပြင်းထန်သော သံလိုက်စက်ကွင်းကြောင့် လူနာများအား MRI စကင်မဖတ်မီ လက်ဝတ်ရတနာများ၊ ခါးပတ်များ၊ အချို့အဝတ်အစားများ အပါအဝင် သတ္တုပစ္စည်းများ အားလုံးကို ဖယ်ရှားရန် လိုအပ်သည်။

    "အဲဒါက သံလိုက်စက်ကွင်းရဲ့ အလယ်ဗဟိုကို ဝင်ဖို့ ကြိုးစားနေတဲ့ တော်ပီဒိုလိုမျိုးနှင့်တူသွားလိမ့်မယ်" ဟု ဆေးရုံ၏ ပုံရိပ်ဖော်ဝန်ဆောင်မှုဌာန ဒါရိုက်တာ Charles Winterfeldt က CBS New York သို့ ပြောကြားခဲ့သည်။

    Source:hindustantimes.com

  • ဆော်ဒီအာရေဗျ၏ "အိပ်ပျော်နေသော မင်းသား"  အနှစ်၂၀ကျော် မေ့မြောနေရာမှ ကွယ်လွန်

    ၂၀ ဇူလိုင် ၂၀၂၅

    ဆော်ဒီအာရေဗျ တော်ဝင်မင်းသားတစ်ပါးဖြစ်သူ မင်းသား အလ်-ဝါလစ် ဘင် ခါလစ် အလ်-ဆော့ဒ် (Prince Al-Waleed bin Khalid Al-Saud) သည် လန်ဒန်တွင် ၂၀၀၅ ခုနှစ်က ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် ကားမတော်တဆမှုတစ်ခုကြောင့် ၁၅ နှစ်သားအရွယ်ကတည်းက သတိမေ့မြောခဲ့ရာ ဆယ်စုနှစ် နှစ်စုကျော်အကြာ ယခုအခါ အသက် ၃၆ နှစ်တွင် ကွယ်လွန်သွားပြီဖြစ်သည်။

    ထိုဆိုးရွားသည့် မတော်တဆမှုတွင် မင်းသား အလ်-ဝါလစ်သည် ဦးနှောက်သွေးကြောပေါက်ကာ ကိုယ်တွင်းသွေးယိုစီးမှုများ ဖြစ်ပွားခဲ့သည်။ "အိပ်ပျော်နေသော မင်းသား" ဟု လူသိများသော ၎င်းအား ဆေးရုံတွင် အသက်ရှူစက်ဖြင့် ထိန်းထားခဲ့သော်လည်း သတိအပြည့်အဝ ပြန်လည်မရရှိခဲ့ပေ။

    မင်းသား အလ်-ဝါလစ်သည် မင်းသား ခါလက်ဒ် ဘင် တာလာ အလ် ဆော့ဒ် (Prince Khaled bin Talal Al Saud) ၏ အကြီးဆုံးသားဖြစ်ပြီး ဖခင်ဖြစ်သူက ယနေ့ X (ယခင် Twitter) တွင် ဝမ်းနည်းဖွယ်ပို့စ်တစ်ခုဖြင့် သားဖြစ်သူ၏ ကွယ်လွန်ခြင်းကို အတည်ပြုခဲ့သည်။

    ကုရ်အာန်ကျမ်းလာ စာသားတစ်ခုကို ကိုးကား၍ သူက "အလ္လာဟ်အရှင်မြတ်၏ အလိုတော်နှင့် ပြဋ္ဌာန်းချက်ကို ယုံကြည်သောနှလုံးသားများဖြင့် ကျွန်ုပ်တို့၏ ချစ်လှစွာသောသား၊ မင်းသား အလ်-ဝါလစ် ဘင် ခါလက်ဒ် ဘင် တာလာ ဘင် အဘ်ဒူလာဇစ် အလ် ဆော့ဒ်  သည် ယနေ့ ကွယ်လွန်သွားပြီဖြစ်ပါသဖြင့် အလွန်အမင်း  အလွန်ပင်ဝမ်းနည်းကြေကွဲစွာကြရပါသည်။ အလ္လာဟ်အရှင်မြတ် ကောင်းကင်ဘုံသို့ ပို့ ဆောင်ပါစေ" ဟု ရေးသားခဲ့သည်။

    မင်းသား အလ်-ဝါလစ်သည် လန်ဒန်ရှိ စစ်ကောလိပ်တွင် ပညာသင်ကြားနေစဉ် ဆိုးရွားပြင်းထန်လှသော ကားမတော်တဆမှုတွင် ပါဝင်ခဲ့ရခြင်းဖြစ်သည်။ မတော်တဆမှုဖြစ်ပွားပြီးနောက် ဆော်ဒီအာရေဗျ  မြို့တော် ရီယာ့ဒ် (Riyadh) ရှိ King Abdulaziz Medical City ဆေးရုံသို့ တင်ပို့ခဲ့ရပြီး ထိုအချိန်မှစ၍ သတိမေ့မြောနေခဲ့သည်။

    မင်းသား အလ်-ဝါလစ်၏ ဖခင်သည် သားဖြစ်သူ တစ်နေ့နေ့တွင် အပြည့်အဝ ပြန်လည် သက်သာလာမည်ဟု မျှော်လင့်ချက်ကို ဘယ်သောအခါမျှ လက်မလွှတ်ခဲ့ပေ။ သူသည် မင်းသားအား ပြုစုစောင့်ရှောက်ရာတွင် ဆက်လက်ပါဝင်ခဲ့ပြီး အသက်ကယ်စက်ဖြုတ်ရန် တောင်းဆိုမှုများကို ပြတ်ပြတ် သားသား ငြင်းပယ်ခဲ့သည်။

    ကွယ်လွန်ကြောင်း ကြေညာပြီးနောက် "အိပ်ပျော်နေသော မင်းသား" (Sleeping Prince) ဟက်ရှ်တက်ဂ် hashtag သည် လူမှုမီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားခဲ့ပြီး ထောင်နှင့်ချီသော လူများက ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

    "မင်းသား အလ်-ဝါလစ် ဘင် ခါလက်ဒ် ကောင်းရာဘုံဘဝ ရောက်ပါစေ။ သူ့ကိုချစ်ခင်ရသူများအတွက် အနက်ရှိုင်းဆုံး ဝမ်းနည်းကြေကွဲမိပါတယ်" ဟု တစ်ဦးက ရေးသားခဲ့သည်။ "ကမ္ဘာမြေပေါ်က မင်းရဲ့အချိန်တွေဟာ မင်းရဲ့မိသားစုနဲ့ ကမ္ဘာအတွက် ကောင်းချီးမင်္ဂလာပါပဲ" ဟု နောက်တစ်ဦးက ဆိုသည်။ "နူးညံ့သိမ်မွေ့တဲ့ သူရဲ့ဝိညာဉ် ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ" ဟု တတိယတစ်ဦးက ပြောကြားခဲ့သည်။

    မင်းသားအတွက် နာရေးဆုတောင်းပွဲများကို ယနေ့ ရီယာ့ဒ်ရှိ Imam Turki bin Abdullah Mosque တွင် ပြုလုပ်သွားမည်ဖြစ်သည်။

    Source: nypost.com

    x sleeping prince saudi arabia 108448338

  • Deputy Commander-in-Chief of Defence Services Vice-Senior General Soe Win and Indian Military Intelligence Chief Discuss Border Stability and Security

    July 17, 2025, Nay Pyi Taw- Vice-Senior General Soe Win, Vice-Chairman of the State Administration Council (SAC), Deputy Commander-in-Chief of Defence Services, and Commander-in-Chief (Army), reportedly discussed cooperation for Myanmar-India border stability with the Director General of Indian Military Intelligence.

    Vice-Senior General Soe Win met with the Indian military delegation led by Lieutenant General Shrinjay Pratap Singh, AVSM, YSM, Director General of Defence Intelligence and Deputy Chief of Staff (Intelligence) of the Indian Army, who is currently visiting Myanmar. The meeting took place on the afternoon of July 16 at the Bayintnaung Yeiktha guest hall in Nay Pyi Taw.

    During the meeting, Vice-Senior General Soe Win and the delegation held frank and open discussions on several matters. These included: continuing to enhance friendly relations and cooperation between the two countries and their respective armed forces; India's timely assistance with rescue teams and humanitarian aid during the major Mandalay earthquake in Myanmar, and their continued support for rehabilitation efforts; cooperation for stability, peace, rule of law, security, and development in the border regions of both countries; and the holding of a free and fair multi-party democratic general election in Myanmar in a meaningful way. This information was stated in a press release from the SAC.

    Present at the meeting with Vice-Senior General Soe Win were General Ye Win Oo from the Commander-in-Chief's Office (Army) and other senior military officers. Accompanying Indian guest Lieutenant General Shrinjay Pratap Singh, AVSM, YSM, were Colonel Jaswinder Singh Gill, Defence Attaché of India to Myanmar, and other officials from the Indian Armed Forces.

    #ymg/knl

  • ဇာခန်းဆီး၏နောက်ဝယ်- ဂျော့ဆိုးရော့စ် နှင့် သူ၏ ပွင့်လင်းလူ့အဖွဲ့အစည်း ကွန်ယက်တို့၏ ညစ်ပတ်သော ဂိမ်းများ

    နိုင်ငံတကာသုံးသပ်ချက်ဆောင်းပါး

    ရေးသူ- ဆိုင်မွန်တီ 

    အရှိန်ဩဇာအတွက် ကမ္ဘာလုံးဆိုင်ရာ ရုန်းကန် ပြိုင်ဆိုင်နေကြရာမှာ ယခုအခါ တင့်ကားတွေ၊ ဒုံးကျည်တွေဆိုတာတွေက တစ်ခုတည်းသော လက်နက်တွေမဟုတ်ကြတော့ပါဘူး။ အစိုးရမဟုတ်တဲ့ အင်န်ဂျီအို အဖွဲ့အစည်းတွေ၊ အလှူရှင်တွေရဲ့ ရန်ပုံငွေတွေနှင့် အတွေးအခေါ်ပိုင်း မက်ဆေ့ချ်တွေ သွတ် သွင်းခြင်းတွေဟာ အသံတိတ်လက်နက်အသစ်  ဒါမှမဟုတ် ညှာတာမှုကင်းတဲ့ စစ်ပွဲအသစ်တစ်ခု ဖြစ် လာနေပါတယ်။

    အဲဒီစစ်ပွဲရဲ့အလယ်မှာ ထီးထီးကြီးရပ်နေသူကတော့ ဘီလျံနာ ငွေကြေးထောက်ပံ့သူ ဆိုရော့စ်ပဲ ဖြစ်ပါ တယ်။ သူ့ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖောင်ဒေးရှင်း  (Open Society Foundations (OSF)ဟာ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးဆိုတဲ့ နဖူးစည်းစာတန်းကြီးအောက်ကနေ အလုပ်တွေလုပ်နေပါတယ်။ ဒါပေမယ့် ကတ္တီပါခန်းဆီးကြီးရဲ့ နောက်ကွယ်မှာတော့ ကြိုးကိုင်ခြယ်လှယ်မှုတွေ၊ထိုးဖောက်စိမ့်ဝင်ခြင်းတွေနှင့် မတည်မငြိမ်ဖြစ်အောင်လုပ်ဆောင်ခြင်းတွေအများအပြားရှိနေပါတယ်။ အထူးသဖြင့် အားနည်းတဲ့ တောင်နှင့် အရှေ့တောင်အာရှဒေသတွေမှာ အဲဒါတွေကျူးလွန်နေပြီး ဒါတွေကို အထူးစိစစ်ဖို့လိုအပ်နေ ပါတယ်။

    ပရဟိတလား ကြားခံပါဝါလား

    ဂျော့ဆိုးရော့စ်ဟာ  ပွင့်လင့်းလူ့အဖွဲ့အစည်းတွေ အတွက် လူသိရှင်ကြား ထောက်ခံအားပေးမှုတွေ လုပ်ခဲ့ ပြီး  မြို့ပြလွတ်လပ်မှု၊တရားဥပဒေစိုးမိုးမှုနှင့် လွတ်လပ်စွပြောဆိုမှုအကြောင်းပြကာ  အမေရိကန် ဒေါ်လာ ၃၂  ဘီလျံ အထိသုံးစွဲခဲ့ပါတယ်။

    ဒါပေမယ့် အတွင်းထဲ ထိုးဖောက်ကြည့်ရင်တော့ အခြားသော ဇာတ်လမ်းတစ်ခုပေါ်လာပါလိမ့်မယ်။  အဲဒါကတော့ သူ့ဖောင်ဒေးရှင်းဟာ အောက်ခြေလူတန်းစားတွေကို အတွေးအခေါ်ရိုက်သွင်းတာ၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ အဆင့်ထဲကို ထိုဖောက်ဝင်ရောက်တာ၊အနောက်နိုင်ငံတွေကို အာခံနေတဲ့ အမျိုးသားအစိုးရတွေကို အနှောက်အယှက်ပေးတာတွေအတွက် ငွေကြေး အမြောက်အမြားသုံးစွဲခဲ့ပြိး ဆက်လက်သုံးစွဲနေပါတယ်။

    သူဟာ ယူကရိန်းမှာ ဆန္ဒပြပွဲတွေကို ထောက်ခံအားပေးတာ၊ ပိုလန်နှင့်ဟန်ဂေရီက အမျိုးသား‌ေ*း ခေါင်းဆောင်တွေကို ဥပဒေတိုက်ပွဲဆင်တာ၊လက်တင်အမေရိကမှာရှိတဲ့ အစွန်းရောက်တိုးတက်ရေးဝါဒီ တွေကို ငွေကြေးထောက်ပံ့တာတွေလုပ်ခဲ့ပြီး OSF ရဲ့ ဩဇာထူထောင်မှုဟာ အရပ်သားပြည်သူတွေကို ထောက်ခံအားပေးတာထက် ကျော်လွန်နေပြီး အစိုးရတွေ၊အုပ်ချုပ်ရေးပုံစံတွေနှင့် နိုင်ငံရေးလမ်းကြောင်း တွေကို ကြိုးကိုင်ခြယ်လှယ်လုပ်ဆောင်နေတာတွေအထိ ရှိလာခဲ့ပါတယ်။

    သီရိလင်္ကာ- နူးညံ့သိမ်မွေ့သော ဖြိုခွဲရေး စံနမူနာတစ်ခုလော။

    ရာဇပက္ခအစိုးရ ပြိုလဲခြင်းမှသည် ၂၀၂၂-၂၀၂၄ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းအထိ သီရိလင်္ကာ၏ နိုင်ငံရေးအကျပ်အတည်းများသည်  Open Society နှင့် ချိတ်ဆက်ထားသည့် လှုပ်ရှားမှုများ၊ ဥပဒေရေးရာ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုများ နှင့် အချို့သော အထက်တန်းလွှာများ၏ အကျိုးစီးပွားကို အလေးပေးသည့် မီဒီယာ ပုံဖော်မှုများ သိသိသာသာ မြင့်တက်လာခြင်းနှင့် တိုက်ဆိုင်  နေသည်။

    "Soros' Shadow: Open Society's Sri Lanka Coup?" ဟူသော ခေါင်းစဉ်ဖြင့် မကြာသေးမီက ထုတ်ဖော်ခဲ့သည့် ဆောင်းပါးတစ်ပုဒ် တွင် သီရိလင်္ကာ၏ ထိလွယ်ရှလွယ် နိုင်ငံရေး အသွင်ကူးပြောင်း  မှုများအတွင်း OSF ၏ ထိပ်တန်းကိုယ်စားလှယ်များ ရောက်ရှိနေခဲ့ပြီး နိုင်ငံခြားရန်ပုံငွေဖြင့် လှုပ်ရှားသော ဆန္ဒပြအဖွဲ့များ၊ NGO များနှင့် အနောက်နိုင်ငံများ၏ သံတမန် ဖိအားပေးမှုများနှင့်အတူ ရှေ့ဆင့်နောက်ဆင့် လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲထားသည်။ အတိအကျ ကောက်ချက်ချနိုင်ခြင်း မရှိသော်လည်း ဤအဖွဲ့အစည်းများ၏ အချိန်ကိုက် တိုက်ဆိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့က စိုးရိမ်စရာ များကို ဖြစ်စေခဲ့သည်။

    Soros နှင့် ဆက်စပ်နေသော ရန်ပုံငွေရရှိသူများမှတစ်ဆင့် USAID နှင့် EU ၏ ဖွံ့ဖြိုးရေးရန်ပုံငွေများကို အသုံးပြုခဲ့သည်ဟူသော ဖော်ထုတ်ချက်များကလည်း အခြေအနေကို ပိုမိုရှုပ်ထွေးစေသည်။ ၎င်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလား သို့မဟုတ် အရပ်ဘက်လူ့အဖွဲ့အစည်း  အသွင်ဆောင်ထားသော ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ကြားဝင်စွက်ဖက်မှုလား။

    အရှေ့တောင်အာရှ နယ်ပယ်

    မြန်မာ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားကဲ့သို့သော နိုင်ငံများတွင် OSF ၏ ရန်ပုံငွေများသည် မီဒီယာစောင့်ကြည့်ရေးအဖွဲ့များ၊ ဥပဒေအကူအညီပေးရေးအဖွဲ့များနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး  လှုပ်ရှားမှုများကို ထောက်ပံ့ပေးခဲ့ရာ အချို့မှာ ငြင်းမရအောင်ပင် အရေးပါနေခဲ့ကြသည်။ သို့သော် ကိစ္စများစွာတို့တွင် ထိုသူတို့သည် ပြုပြင်ပြောင်းလဲရေးဟူသော အရေကိုခြုံထားသည့် လူမှုရေး အစိတ်အပိုင်းဖြစ်မှုများကို မြှင့်တင်ပေးသည့် အတွေးအခေါ်ဆိုင်ရာ ပဉ္စမအုပ်စုများအဖြစ် လုပ်ဆောင်ခဲ့  ကြသည်။

    မြန်မာနိုင်ငံတွင် OSF က ထောက်ပံ့သော အဖွဲ့အစည်းများသည် စစ်တပ်၏ လူ့အခွင့်အရေး   ချိုးဖောက်မှုများကိုလုပ်ကြံဖန်တီးကြခြင်းဖြင့်  ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်  လာစေရန်နှင့် အဓိက အဖွဲ့ အစည်းများကို အထီးကျန်ဖြစ်စေရးအတွက်  နိုင်ငံခြား လော်ဘီလုပ်ငန်း   များတွင် ပံ့ပိုးကူညီခဲ့ကြသည်။ ယင်းလုပ်ရပ်များသည် နောက်ဆုံးတွင် စစ်တပ်၏ ကာကွယ်ရေးဆိုင်ရာ ရပ်တည်ချက်ကို ပိုမိုခိုင်မာစေခဲ့ပြီး နိုင်ငံကို ပြည်တွင်းစစ် ပိုမိုနက်ရှိုင်းလာအောင် တွန်းပို့ခဲ့သည်။

    ထိုင်းနိုင်ငံတွင် Open Society နှင့် ချိတ်ဆက်ထားသော ဥပဒေရေးရာအဖွဲ့များနှင့် လူငယ်အဖွဲ့အစည်းများသည် ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုဆန္ဒပြမှုများ၏ အလယ်ဗဟိုတွင်ရှိခဲ့ကြသည်။ ထိုင်းလူမျိုးများစွာက ယင်းတို့ကို "အနီရောင် အန္တရာယ်မျဉ်း ကျော်လွန်သည့်လုပ်ရပ်" တစ်ခုနှင့်   နိုင်ငံတော်၏ သရုပ်သကန်ကို ဖြိုခွဲရန် နိုင်ငံခြား၏ ကြိုးပမ်းမှုအဖြစ် ရှုမြင်ခဲ့ကြသည်။

    အင်ဒိုနီးရှားနိုင်ငံတွင် OSF (Open Society Foundations) ထောက်ပံ့ကြေးရရှိသူ အများအပြားသည် LGBTQ+ အခွင့်အရေးများ၊ ကျားမရေးရာ အစွန်းရောက်ဝါဒနှင့် အစ္စလာမ်ဘာသာ ပြုပြင်  ပြောင်းလဲရေးတို့ကို မြှင့်တင်ခဲ့ကြရာ ယင်းလုပ်ဆောင်မှုများသည် ယဉ်ကျေးမှုအရ အများစုလက်ခံထား   သည့် ပင်မရေစီးကြောင်းနှင့် မကြာခဏဆိုသလို ထိပ်တိုက်တွေ့ခဲ့သည်။ ယင်းသည် ပြင်းထန်သော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး လက်ယာလူထုဝါဒကို အားကောင်းစေခဲ့သည်။

    ဤကိစ္စများစွာတွင် OSF ထောက်ပံ့ကြေးရရှိသူများသည် ရွေးကောက်ပွဲဆိုင်ရာ တာဝန်ခံမှုလည်းမရှိ၊ သူတို့ကူညီပေးနေပါသည်ဟု ဆိုသော ပြည်သူများထံလည်း တာဝန်ခံခြင်းမရှိဘဲ နိုင်ငံခြားလှူဒါန်းသူများ  ထံသာ တာဝန်ခံကြသည်။

    လက်တွေ့လုပ်ဆောင်နေသော ညစ်ပတ်သည့်ဂိမ်းများ

    သူတို့၏ အရောင်တော်လှန်ရေး ကိရိယာတစ်စုံ:

    OSF သည် အောက်ပါနည်းဗျူဟာများပါဝင်သည့် လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေသည်ဟု ဝေဖန်ခံနေရသည်။ယင်းတို့မှာ

     ▪️လူငယ်ဆန္ဒပြပွဲများနှင့် တက်ကြွလှုပ်ရှားသူ ကွန်ရက်များကို ရန်ပုံငွေထောက်ပံ့ခြင်း

    ▪️ နိုင်ငံရေးလုပ်ဆောင်သူများကို ဆန့်ကျင်မှုများအား ရာဇဝတ်မှုမြောက်စေမည့် ဥပဒေမူဘောင်များကို ထောက်ပံ့ခြင်း

    ▪️ လူထုဆွေးနွေးပြောဆိုမှုများကို ပုံဖော်ရန် ထောက်ခံသော မီဒီယာများကို ရန်ပုံငွေ  ထောက်ပံ့ခြင်း။

    ▪️ သံတမန်အသိအမှတ်ပြုမှု ပြောင်းလဲစေရန်အတွက် အနောက်နိုင်ငံသံရုံးများ၊ အတွေးအခေါ်အဖွဲ့  think tank များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

    မီဒီယာစစ်ပွဲ (Media Warfare):

    OSF သည် OpenDemocracy၊ Balkan Insight နှင့် ဒေသဘာသာစကားဖြင့် ထုတ်လွှင့်သည့် ပလက်  ဖောင်းများစွာကဲ့သို့သော မီဒီယာများကို ရန်ပုံငွေ ထောက်ပံ့ပေးထားသည်။ အချို့မီဒီယာများသည် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပေးရင်း အချို့မှာမူ အတွေးအခေါ်ပိုင်းဆိုင်ရာ ဘက်လိုက်မှုများကို တွန်း  အားပေးခြင်း၊ အစဉ်အလာရှိသောအဖွဲ့အစည်းများကို ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်ခြင်းနှင့် လူမှုရေးမငြိမ်မသက်မှုများကို ပိုမိုပြင်းထန်လာအောင် လုပ်ဆောင်ကြသည်ဟု ဝေဖန်မှုခံနေရသည်။

    ကိုယ်ပိုင်လက္ခဏာ နိုင်ငံရေး Identity Politics ကို လက်နက်အဖြစ် အသုံးပြုခြင်း

    Soros ၏ ကွန်ရက်သည် မကြာခဏဆိုသလို ပဋိပက္ခဖြစ်လွယ်သော နိုင်ငံရေး အခြေအနေများအတွင်း လူမျိုး၊ ကျားမ၊ ဘာသာတရား စသည့် ကွဲပြားမှုဖြစ်စေသည့် ကိုယ်ပိုင်လက္ခဏာဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းလေ့ရှိသည်။ တစ်ခါတစ်ရံတွင် ဒေသတွင်း ပြန်လည်သင့်မြတ်ရေး သို့မဟုတ် အမျိုးသား  ပြန်လည်ပေါင်းစည်းရေးထက် ပြင်ပမှ တင်သွင်းလာသော လူမှုအစီအစဉ်များကို ဦးစားပေးလေ့ရှိသည်။

    အချုပ်အခြာအာဏာဆိုင်ရာ အကျပ်အတည်းတစ်ခု ဖြစ်ပေါ်စေခြင်း

    Soros နှင့် Open Society အမှတ်တံဆိပ်သည် ယင်းတို့ကိုယ်တိုင် ဒီမိုကရေစီ၏ ရှေ့ဆောင်များအဖြစ် ပုံဖော်ကြသော်လည်း ဒေသဒီမိုကရေစီရွေးချယ်မှုများသည် ယင်းတို့၏တန်ဖိုးများနှင့် ကိုက်ညီမှု   မရှိသည့်အခါ ဘာတွေဖြစ်လာသနည်း။ အဖြေမှာ ပြည်ပမှ ရန်ပုံငွေထောက်ပံ့မှု၊ သတင်း   ပုံဖော်  ထိန်းချုပ်မှုနှင့်အဖွဲ့အစည်းများကို ချုပ်ကိုင်မှုအားလုံးတို့ကို  "ပွင့်လင်းလူ့အဖွဲ့အစည်း" ဟူသော အလံ    အောက်တွင် မကြခဏဆိုသလို  ပေါ်ပေါက်လာစေခြင်းဖြစ်ပါသည်။

    ရွေးကောက်တင်မြှောက်ထားခြင်းမရှိသော ကွန်ရက်များသည် အမျိုးသားအဖွဲ့အစည်းများထက် ပိုမိုအား   ကောင်းလာသောအခါ အချုပ်အခြာအာဏာသည် တဖြည်းဖြည်း ပျက်စီးယိုယွင်းလာပြီး နိုင်ငံများသည် စစ်အာဏာသိမ်းမှုများသာမကတော့ဘဲ  အတွေးအခေါ်ပိုင်းဆိုင်ရာ လွှမ်းမိုးသိမ်းပိုက်မှုများပါ ဖြေးညှင်း တိတ်ဆိတ်စွာနှင့် တိကျစွာ ဖြစ်ပေါ်လာပြီး နိုင်ငံများသည် အင်အားချိနဲ့မှုများဖြင့် ကျန်ရစ်ခဲ့ကြရသည်။

    နိဂုံးချုပ်အတွေးအမြင်များ

    ဆိုးရော့စ် ကို ကာကွယ်ပြောဆိုသူများက သူ့အား ပရဟိတသမားဟု ခေါ်ဆိုကြသည်။ သူ့ကို ဝေဖန်သူများကမူ ကမ္ဘာလုံးဆိုင်ရာ ကြိုးကိုင်ခြယ်လှယ်သူဟု ခေါ်ဆိုကြသည်။ အမှန်တရားသည် ထိုနှစ်ခုကြားတွင် ရှိကောင်းရှိနိုင်ပါသည်။ သို့သော် နိုင်ငံခြားရန်ပုံငွေထောက်ပံ့သော NGO များ၏ တာဝန်ခံမှုမရှိသောအာဏာများနှင့်ပတ်သက်ပြီး နိုင်ငံတော်တော်များများက  နိုးကြားလာသည့် အလျာက် အရပ်ဘက်လူ့အဖွဲ့အစည်းကိုယ်တိုင် ဒီမိုကရေစီဆန်သင့်သည်ဟု ရှင်းလင်းပြတ်သားစွာ ရှုမြင်လာကြ သည်။၊

    အာဏာတန်ခိုးထွားသူများ၏ ပွင့်လင်းမြင်သာမှု၊ပြီးတော့ အချုပ်အခြာအာဏာကို ကာကွယ်မှု။ ယင်းတို့   သည် ဖွံ့ဖြိုးဆဲကမ္ဘာက ရှာဖွေရမည့် ဟန်ချက်ညီမှုအသစ် ဖြစ်ပါသည်။

    -end-

  • Opinion: Behind the Curtain — The Dirty Games of George Soros and His Open Society Network

    By Simon T 

    July 12 , 2025

    In the global struggle for influence, tanks and missiles are no longer the only weapons. NGOs, donor funding, and ideological messaging have become the new arsenal in a quiet but relentless war for hearts, minds, and regimes. At the center of this battlefield stands George Soros—a billionaire financier whose Open Society Foundations (OSF) operate under the noble banner of democracy and human rights. But behind that veil lies a pattern of manipulation, infiltration, and destabilization—one that demands scrutiny, especially in regions as vulnerable as South and Southeast Asia.

    Philanthropy or Proxy Power?

    George Soros has publicly advocated for “open societies” and spent over $32 billion advancing civil liberties, rule of law, and free expression. But scratch beneath the surface, and another story emerges—one in which his foundation’s vast funding network empowers ideological foot soldiers, infiltrates policy spaces, and undermines nationalist governments that resist Western alignment.

    Whether it's supporting protests in Ukraine, lawfare against nationalist leaders in Poland and Hungary, or funding radical progressivism in Latin America, OSF's influence has frequently gone beyond civil advocacy into covert regime engineering.

    Sri Lanka: A Case Study in Soft Subversion?

    Sri Lanka’s political crises—from the collapse of the Rajapaksa regime to the constitutional deadlock of 2022–2024—have coincided with a sharp rise in Open Society-linked activism, legal mobilizations, and media narratives that favored certain elite interests over others.

    A recent exposé, titled “Soros' Shadow: Open Society’s Sri Lanka Coup?”, alleges that high-ranking OSF representatives were present during sensitive political transitions, operating in tandem with foreign-funded protest groups, NGOs, and Western diplomatic pressure. While not conclusive, the timing and alignment of these actors raise alarm.

    The alleged use of USAID and EU development funds funneled through Soros-linked grantees further muddies the waters. Is this humanitarian support—or geopolitical interference cloaked in civil society?

    The Southeast Asian Theater

    In countries like Myanmar, Thailand, Malaysia, and Indonesia, OSF’s funding has backed media watchdogs, legal aid groups, and anti-corruption campaigns—some undeniably vital. But in several cases, these actors have functioned as ideological fifth columns, promoting social fragmentation under the guise of reform.

    In Myanmar, OSF-supported organizations fabricated or exaggerated allegations of military abuse, enabling aggressive foreign lobbying that led to sweeping sanctions, institutional isolation, and ultimately, further entrenched the military and prolonged the civil war.

    In Thailand, Open Society–connected legal groups and youth organizations were central to protests calling for monarchy reform—a red line for many Thais, who saw this as a foreign effort to fracture national identity.

    In Indonesia, several OSF grantees have promoted LGBTQ+ rights, gender radicalism, and Islamic reform, often in ways that clashed with the cultural mainstream—prompting backlash and fueling right-wing populism.

    In many of these cases, OSF grantees maintain no electoral accountability and answer only to foreign donors, not to the people they claim to serve.

    Dirty Games in Action

    Color Revolutions Toolkit:

    OSF has been accused of following a playbook that includes:

    Funding youth protests and activist networks

    Supporting legal frameworks that criminalize opposing political actors

    Financing sympathetic media to shape public discourse

    Coordinating with Western embassies and think tanks to shift diplomatic recognition

    Media Warfare:

    OSF funds outlets like OpenDemocracy, Balkan Insight, and many local-language platforms. While some promote transparency, others are accused of pushing ideological bias, discrediting traditional institutions, and amplifying social unrest.

    Weaponizing Identity Politics:

    Soros's network often inserts divisive identity issues—race, gender, religion—into fragile political contexts, sometimes prioritizing imported social agendas over local reconciliation or national unity.

    A Sovereignty Crisis in the Making

    Soros and the Open Society brand present themselves as champions of democracy. But what happens when local democratic choices don’t align with their values? The answer is often external funding, narrative control, and institutional capture—all under the flag of "open society."

    When unelected networks become more powerful than national institutions, sovereignty erodes, and nations are left vulnerable not just to military coups, but to ideological takeovers—slow, silent, and surgical.

    Final Thoughts

    Soros’s defenders call him a philanthropist. His critics call him a global puppet master. Perhaps the truth lies somewhere in between. But as more nations awaken to the unaccountable power of foreign-funded NGOs, it becomes clear that civil society itself must be democratized.

    Transparency for the powerful. Protection for the sovereign. That’s the new balance the developing world must seek.

    -end-

  • ထရန့်၏ သံတမန်ဝန်ထမ်းအဖွဲ့ ပြန်လည်ဖွဲ့စည်းမှုအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း ၁,၃၅၀ ကျော်ကို အလုပ်မှ စတင်ထုတ်ပယ်

    ဝါရှင်တန်၊ ဇူလိုင် ၁၁ (ရိုက်တာ ) - သမ္မတ ဒေါ်နယ်ထရန့် အစိုးရ၏ သံတမန်ဝန်ထမ်းအဖွဲ့ကို မကြုံစဖူး ပြန်လည်ဖွဲ့စည်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနသည် သောကြာနေ့တွင် အမေရိကန်ပြည်ထောင်စု အခြေစိုက် ဝန်ထမ်း ၁,၃၅၀ ကျော်ကို အလုပ်မှ စတင်ထုတ်ပယ်ခဲ့သည်။ ဤလုပ်ရပ်သည် နိုင်ငံရပ်ခြားတွင် အမေရိကန်၏ အကျိုးစီးပွားများကို ကာကွယ်မြှင့်တင်ရန်နှင့် ခုခံကာကွယ်ရန် အမေရိကန်၏ စွမ်းဆောင်ရည်ကို ထိခိုက်စေမည်ဟု ဝေဖန်သူများက ပြောကြား ကြသည်။

    အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်သော ပြည်သူ့ဝန်ထမ်း ၁,၁၀၇ ဦးနှင့် နိုင်ငံခြားရေးဝန်ထမ်း ၂၄၆ ဦး ပါဝင်သည့် ဤအလုပ်ထုတ်ပယ်မှုများသည် ရုရှား-ယူကရိန်းစစ်ပွဲ၊ နှစ်နှစ်နီးပါးကြာမြင့်နေပြီ ဖြစ်သော ဂါဇာပဋိပက္ခ၊ နှင့် အစ္စရေးနှင့် အီရန်ကြား တင်းမာမှုများကြောင့် အရှေ့အလယ်ပိုင်းတွင် အခြေ အနေ မတည်မငြိမ်ဖြစ်နေခြင်းများစသည့် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ဝါရှင်တန်အစိုးရက အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

    "ဝန်ကြီးဌာနသည် သံတမန်ရေးရာ ဦးစားပေးလုပ်ငန်းများကို အာရုံစိုက်နိုင်ရန် ပြည်တွင်း လုပ်ငန်း   ဆောင်တာများကို ရှင်းလင်းထိရောက်အောင် ပြင်ဆင်နေပါသည်" ဟု ဝန်ထမ်းများထံ ပေးပို့သော ဌာနတွင်း အသိပေးချက်တွင် ဖော်ပြထားသည်။ "ဝန်ထမ်းဦးရေ လျှော့ချမှုများကို အဓိကမဟုတ်သော လုပ်ငန်းများ၊ ထပ်နေသော သို့မဟုတ် မလိုအပ်သော ရုံးများ၊ နှင့် သိသာစွာ ထိရောက်မှုရှိအောင် စွမ်းဆောင်ရည်များရှာတွေ့ခဲ့သည့်ရုံးများကို ဂရုတစိုက် ပစ်မှတ်ထားဆောင်ရွက်ခဲ့ပါသည်" ဟု ထပ်လောင်းပြောကြားသည်။

    အသိပေးထုတ်ပြန်ချက်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦး၏ အဆိုအရ၊ အမေရိကန် ပြည်ထောင်စု အခြေစိုက် ဝန်ထမ်း ၁၈,၀၀၀ အနက်မှ မိမိသဘောဆန္ဒအလျောက် ထွက်ခွာ  သူများ အပါအဝင် စုစုပေါင်း ဝန်ထမ်းဦးရေ ၃,၀၀၀ နီးပါး လျှော့ချသွားမည်ဖြစ်သည်။

    ဤလုပ်ရပ်သည် သမ္မတ ထရန့်၏ "အမေရိကန် ပထမ" (America First) မူဝါဒနှင့်အညီ အမေရိကန် နိုင်ငံခြားရေးမူဝါဒကို သေချာစေရန် သူကြိုးပမ်းနေသည့် ပြန်လည်ဖွဲ့စည်းမှု၏ ပထမခြေလှမ်းဖြစ်သည်။ သံတမန်ဟောင်းများနှင့် ဝေဖန်သူများက နိုင်ငံခြားရေးဝန်ထမ်းများကို အလုပ်မှ ထုတ်ပယ်ခြင်းသည် တရုတ်နှင့် ရုရှားကဲ့သို့ ပြိုင်ဘက်နိုင်ငံများ၏ တိုးပွားလာသော လွှမ်းမိုးမှုကို တန်ပြန်ရန် အမေရိကန်၏ စွမ်းဆောင်ရည်ကို အန္တရာယ်ဖြစ်စေသည်ဟု ဆိုကြသည်။

    "သမ္မတထရန့်နှင့် နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုတို့သည် အမေရိကန်နိုင်ငံကို လုံခြုံမှုနည်းပါးစေရန် ထပ်မံ  လုပ်ဆောင်နေကြသည်" ဟု ဗာဂျီးနီးယားပြည်နယ်မှ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် တင်မ် ကေးန်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

    နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း ဒါဇင်ပေါင်းများစွာသည် ဝါရှင်တန်ရှိ ဌာနချုပ်၏ ဧည့်ကြိုခန်းမတွင် စုရုံးကာ အလုပ်ထုတ်ခံရသော လုပ်ဖော်ကိုင်ဖက်များအတွက် ကြိုတင်ပြင်ဆင်ထားခြင်းမရှိသော "လက်ခုပ်တီး နှုတ်ဆက်ပွဲ" တစ်ခုကို ပြုလုပ်ခဲ့ကြသည်။ ဝန်ထမ်းဒါဇင်ပေါင်းများစွာသည် မိမိတို့၏ ပစ္စည်းများကို သေတ္တာများဖြင့် သယ်ဆောင်ရင်း၊ သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များကို ပွေ့ဖက်နှုတ်ဆက်ရင်း မျက်ရည်များဖြင့် ပူဆွေးဝမ်းနည်းနေကြသည်။

    အဆောက်အအုံအပြင်ဘက်တွင်လည်း အခြားသူ ဒါဇင်ပေါင်းများစွာက တန်းစီကာ "အမေရိကန် သံတမန်များကို ကျေးဇူးတင်ပါသည်" ဟု ရေးသားထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လက်ခုပ်   တီး အားပေးခဲ့ကြသည်။ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ခရစ် ဗန်ဟော်လန်သည်လည်း အဆိုပါ ဆန္ဒပြပွဲသို့ တက်ရောက်ခဲ့သည်။

    အလုပ်မှ ထုတ်ပယ်ခံရသော ဝန်ထမ်းများအတွက် ၎င်းတို့၏ ဝန်ထမ်းကတ်များ၊ လက်တော့ပ်များ၊ တယ်လီဖုန်းများနှင့် အခြား ဌာနပိုင်ပစ္စည်းများကို ပြန်လည်အပ်နှံရန် အဆောက်အအုံအတွင်း ရုံးခန်းအများအပြားကို ဖွင့်လှစ်ထားသည်။

    ထိုရုံးခန်းများကို "အလုပ်ထွက်ခွာခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ" (Transition Day Out Processing) ဟု ရေးသားထားသော ပိုစတာများဖြင့် အမှတ်အသားပြုထားသည်။ ကောင်တာတစ်ခုကို "လုပ်ငန်းစဉ် ဝန်ဆောင်မှုစင်တာ" ဟု တံဆိပ်ကပ်ထားပြီး တစ်ရှူးဘူးတစ်ဘူးဘေးတွင် ရေသန့်ဘူးငယ်များကို ချထားသည်။ ရုံးခန်းတစ်ခုအတွင်း၌ ကတ်ထူပုံးများကို မြင်တွေ့ရသည်။

    သောကြာနေ့တွင် အလုပ်ထုတ်ခံရသော ဝန်ထမ်းများထံ ပေးပို့ခဲ့ပြီး ရိုက်တာမှ မြင်တွေ့ခဲ့ရသည့် စာမျက်နှာ ၅ မျက်နှာပါ "အလုပ်မှထွက်ခွာခြင်းဆိုင်ရာ စစ်ဆေးရန်စာရင်း" တွင် ဝန်ထမ်းများသည် သောကြာနေ့ ညနေ ၅ နာရီ (EDT) တွင် အဆောက်အအုံနှင့် ၎င်းတို့၏ အီးမေးလ်များကို အသုံးပြုခွင့် ဆုံးရှုံးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    Source: Reuters

    Statement

Politics

Senior General Min Aung Hlaing Attends 78th Martyrs' Day Commemoration in Yangon

YANGON, Myanmar – July 19, 2025 – Myanmar marked its 78th Martyrs' Day today with a ceremony at the Martyrs' Mausoleum in Yangon, where Senior General Min Aung Hlaing, Chairman of the State Administration Council (SAC) and Commander-in-Chief of Defence Services, led dignitaries in paying respects to the nation's fallen heroes.

The commemoration honored General Aung San and other leaders assassinated in 1947, a pivotal moment in Myanmar's history. Senior General Min Aung Hlaing participated in the wreath-laying ceremony, placing a wreath from the Republic of the Union of Myanmar at the mausoleum. He was joined by key officials including SAC Joint Secretary Lieutenant General Ye Win Oo, Council Member Lieutenant General Nyo Saw, Mann Nyein Maung, Chief of Staff (Army, Navy, Air) General Kyaw Swar Lin, and Union Minister for Religious Affairs and Culture U Tin Oo Lwin, who chaired the organizing committee for the event.

During the solemn ceremony, the national flag was lowered to half-mast across the country as a symbol of mourning. A guard of honor presented arms, and a military bugle band played the "Last Post," followed by a two-minute period of silent prayer and reflection.

Following the official tribute, family members and representatives of the martyr leaders, as well as delegates from various social organizations and the general public, laid their own wreaths and offered respects at the mausoleum.

At precisely 10:37 AM, the exact time of the assassinations, sirens were sounded nationwide by Myanmar Radio and Television (MRTV) and Myawaddy TV, serving as a solemn reminder of the tragic event.

Throughout the day, the Martyrs' Mausoleum, the Bogyoke Aung San Museum, and the historic Ministers' Office (Secretariat Office) were open to the public, allowing citizens to pay homage and reflect on the sacrifices made for the nation's independence.

#ymg/knl

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဇာနည်နေ့ အခမ်းအနားတက်ရောက်ပြီး အာဇာနည် ခေါင်းဆောင် ကြီးများ၏ ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချအလေးပြု

၁၉ ဇူလိုင် ၂၀၂၅

နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၁၉ ရက်နေ့တွင် ရန်ကုန်မြို့အာဇာနည်ဗိမာန်၌ ကျင်းပသည့် ၇၈ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနား သို့တက်ရောက်ဂါရဝပြုခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဇာနည်နေ့အခမ်းအနားသို့တက်ရောက်လာကြတဲ့ အာဇာနည်   ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များကိုလည်း ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူးဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ မန်းငြိမ်းမောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ (၇၈)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တို့နှင့်အတူ ဗိုလ်ချုပ်  အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေကိုချ၍ အလေးပြုခဲ့ကြပါတယ်။

ထိုအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့လျှော့ချလွှင့်ထူ၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ်မြှောက်၍လည်းကောင်း၊ စစ်ခရာအဖွဲ့က ကျဆုံးရဲဘော် အလေးပြုခရာမှုတ်၍ လည်းကောင်း အလေးပြုကြပြီးနောက် နှစ်မိနစ်ငြိမ်သက်စွာ မေတ္တာပို့သအမျှပေးဝေခဲ့ကြပါတယ်။

အဲဒီနောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ကိုယ်စားလှယ်များက အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ ဂါရဝပြုကြပြီး မေတ္တာပို့သ အမျှပေးဝေကြပါတယ်။

ဆက်လက်ပြီး လူထူလူတန်းစား အဖွဲ့အစည်းအသီးသီမှ ကိုယ်စားလှယ်များ၊ အများပြည်သူများကလည်း တက်ရောက်ပြီး လွမ်းသူ့ပန်းခွေချအလေးပြုခဲ့ကြပါတယ်။

၂၀၂၅ခုနှစ်အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံ  တော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူခဲ့ကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇မိနစ်အချိန်တွင် မြန်မာအသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားတို့က ဥဩဆွဲအချက်ပေးခဲ့ပါတယ်။

ယနေ့တွင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)များသို့လည်း အများပြည်သူများက လာရောက်ဂါရဝပြုလေ့လာခဲ့ကြကြောင်း သိရှိရပါတယ်။

#ymg/knl

Prime Minister Senior General Min Aung Hlaing Inspects Bogyoke Aung San Museum and Historic Secretariat Office

July 18, 2025, Yangon- On the morning of July 18, State Administration Council Chairman and Prime Minister Senior General Min Aung Hlaing visited the Bogyoke Aung San Museum (Yangon) and the Historic Secretariat Office — where the national martyrs were assassinated — to inspect ongoing renovation and preservation works.

Upon arrival at the Bogyoke Aung San Museum, the Prime Minister instructed that the vehicle once driven by Bogyoke Aung San be restored and maintained by experts to ensure its long-term durability. He also ordered that the building be repaired and preserved carefully so as not to damage its original structure. To accomplish this, officials were directed to systematically cross-check archival photographs to ensure that restoration preserves the original craftsmanship and authenticity.

He further directed that photographs inside the museum be preserved using modern technology to enhance their clarity and quality, making the images clearer and better than the current ones.

When arriving at the old Secretariat Office, the Prime Minister ordered that the historical photographs and documents exhibited there be enhanced using modern technologies to make them clearer and more vivid for exhibition. He also emphasized that captions and annotations for the photographs and artifacts should be presented in a standardized, accurate format that is easy to read and understand.

Furthermore, inside the meeting hall where Bogyoke Aung San and other national martyrs were assassinated, the Prime Minister directed that the original layout and presentation be preserved in the exhibition. Historical photographs should be displayed with proper captions, and additional restoration work should be undertaken to maintain these historical evidences.

As the Historic Secretariat Office is an invaluable historic heritage building, the Prime Minister instructed that repair and preservation work continue uninterrupted according to the original style to ensure its long-term stability. In parts of the building where subsidence has occurred, experts will conduct systematic research and carry out appropriate restoration work.

The Bogyoke Aung San Museum in Yangon was originally the residence of Myanmar’s independence architect, Bogyoke Aung San. Built in 1921, it is a Western-style building incorporating European architectural elements. Bogyoke Aung San lived here with his family from May 1945 until the day he was assassinated in July 1947.

The old Secretariat Office is also a historic building. On the morning of July 19, 1947, Bogyoke Aung San and other national martyrs were holding a meeting there when they were assassinated. This day has since been designated Martyrs’ Day in Myanmar.

#ymg/knl

Business

ထရန့်၏ သံတမန်ဝန်ထမ်းအဖွဲ့ ပြန်လည်ဖွဲ့စည်းမှုအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း ၁,၃၅၀ ကျော်ကို အလုပ်မှ စတင်ထုတ်ပယ်

ဝါရှင်တန်၊ ဇူလိုင် ၁၁ (ရိုက်တာ ) - သမ္မတ ဒေါ်နယ်ထရန့် အစိုးရ၏ သံတမန်ဝန်ထမ်းအဖွဲ့ကို မကြုံစဖူး ပြန်လည်ဖွဲ့စည်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနသည် သောကြာနေ့တွင် အမေရိကန်ပြည်ထောင်စု အခြေစိုက် ဝန်ထမ်း ၁,၃၅၀ ကျော်ကို အလုပ်မှ စတင်ထုတ်ပယ်ခဲ့သည်။ ဤလုပ်ရပ်သည် နိုင်ငံရပ်ခြားတွင် အမေရိကန်၏ အကျိုးစီးပွားများကို ကာကွယ်မြှင့်တင်ရန်နှင့် ခုခံကာကွယ်ရန် အမေရိကန်၏ စွမ်းဆောင်ရည်ကို ထိခိုက်စေမည်ဟု ဝေဖန်သူများက ပြောကြား ကြသည်။

အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်သော ပြည်သူ့ဝန်ထမ်း ၁,၁၀၇ ဦးနှင့် နိုင်ငံခြားရေးဝန်ထမ်း ၂၄၆ ဦး ပါဝင်သည့် ဤအလုပ်ထုတ်ပယ်မှုများသည် ရုရှား-ယူကရိန်းစစ်ပွဲ၊ နှစ်နှစ်နီးပါးကြာမြင့်နေပြီ ဖြစ်သော ဂါဇာပဋိပက္ခ၊ နှင့် အစ္စရေးနှင့် အီရန်ကြား တင်းမာမှုများကြောင့် အရှေ့အလယ်ပိုင်းတွင် အခြေ အနေ မတည်မငြိမ်ဖြစ်နေခြင်းများစသည့် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ဝါရှင်တန်အစိုးရက အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

"ဝန်ကြီးဌာနသည် သံတမန်ရေးရာ ဦးစားပေးလုပ်ငန်းများကို အာရုံစိုက်နိုင်ရန် ပြည်တွင်း လုပ်ငန်း   ဆောင်တာများကို ရှင်းလင်းထိရောက်အောင် ပြင်ဆင်နေပါသည်" ဟု ဝန်ထမ်းများထံ ပေးပို့သော ဌာနတွင်း အသိပေးချက်တွင် ဖော်ပြထားသည်။ "ဝန်ထမ်းဦးရေ လျှော့ချမှုများကို အဓိကမဟုတ်သော လုပ်ငန်းများ၊ ထပ်နေသော သို့မဟုတ် မလိုအပ်သော ရုံးများ၊ နှင့် သိသာစွာ ထိရောက်မှုရှိအောင် စွမ်းဆောင်ရည်များရှာတွေ့ခဲ့သည့်ရုံးများကို ဂရုတစိုက် ပစ်မှတ်ထားဆောင်ရွက်ခဲ့ပါသည်" ဟု ထပ်လောင်းပြောကြားသည်။

အသိပေးထုတ်ပြန်ချက်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦး၏ အဆိုအရ၊ အမေရိကန် ပြည်ထောင်စု အခြေစိုက် ဝန်ထမ်း ၁၈,၀၀၀ အနက်မှ မိမိသဘောဆန္ဒအလျောက် ထွက်ခွာ  သူများ အပါအဝင် စုစုပေါင်း ဝန်ထမ်းဦးရေ ၃,၀၀၀ နီးပါး လျှော့ချသွားမည်ဖြစ်သည်။

ဤလုပ်ရပ်သည် သမ္မတ ထရန့်၏ "အမေရိကန် ပထမ" (America First) မူဝါဒနှင့်အညီ အမေရိကန် နိုင်ငံခြားရေးမူဝါဒကို သေချာစေရန် သူကြိုးပမ်းနေသည့် ပြန်လည်ဖွဲ့စည်းမှု၏ ပထမခြေလှမ်းဖြစ်သည်။ သံတမန်ဟောင်းများနှင့် ဝေဖန်သူများက နိုင်ငံခြားရေးဝန်ထမ်းများကို အလုပ်မှ ထုတ်ပယ်ခြင်းသည် တရုတ်နှင့် ရုရှားကဲ့သို့ ပြိုင်ဘက်နိုင်ငံများ၏ တိုးပွားလာသော လွှမ်းမိုးမှုကို တန်ပြန်ရန် အမေရိကန်၏ စွမ်းဆောင်ရည်ကို အန္တရာယ်ဖြစ်စေသည်ဟု ဆိုကြသည်။

"သမ္မတထရန့်နှင့် နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုတို့သည် အမေရိကန်နိုင်ငံကို လုံခြုံမှုနည်းပါးစေရန် ထပ်မံ  လုပ်ဆောင်နေကြသည်" ဟု ဗာဂျီးနီးယားပြည်နယ်မှ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် တင်မ် ကေးန်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း ဒါဇင်ပေါင်းများစွာသည် ဝါရှင်တန်ရှိ ဌာနချုပ်၏ ဧည့်ကြိုခန်းမတွင် စုရုံးကာ အလုပ်ထုတ်ခံရသော လုပ်ဖော်ကိုင်ဖက်များအတွက် ကြိုတင်ပြင်ဆင်ထားခြင်းမရှိသော "လက်ခုပ်တီး နှုတ်ဆက်ပွဲ" တစ်ခုကို ပြုလုပ်ခဲ့ကြသည်။ ဝန်ထမ်းဒါဇင်ပေါင်းများစွာသည် မိမိတို့၏ ပစ္စည်းများကို သေတ္တာများဖြင့် သယ်ဆောင်ရင်း၊ သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များကို ပွေ့ဖက်နှုတ်ဆက်ရင်း မျက်ရည်များဖြင့် ပူဆွေးဝမ်းနည်းနေကြသည်။

အဆောက်အအုံအပြင်ဘက်တွင်လည်း အခြားသူ ဒါဇင်ပေါင်းများစွာက တန်းစီကာ "အမေရိကန် သံတမန်များကို ကျေးဇူးတင်ပါသည်" ဟု ရေးသားထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လက်ခုပ်   တီး အားပေးခဲ့ကြသည်။ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ခရစ် ဗန်ဟော်လန်သည်လည်း အဆိုပါ ဆန္ဒပြပွဲသို့ တက်ရောက်ခဲ့သည်။

အလုပ်မှ ထုတ်ပယ်ခံရသော ဝန်ထမ်းများအတွက် ၎င်းတို့၏ ဝန်ထမ်းကတ်များ၊ လက်တော့ပ်များ၊ တယ်လီဖုန်းများနှင့် အခြား ဌာနပိုင်ပစ္စည်းများကို ပြန်လည်အပ်နှံရန် အဆောက်အအုံအတွင်း ရုံးခန်းအများအပြားကို ဖွင့်လှစ်ထားသည်။

ထိုရုံးခန်းများကို "အလုပ်ထွက်ခွာခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ" (Transition Day Out Processing) ဟု ရေးသားထားသော ပိုစတာများဖြင့် အမှတ်အသားပြုထားသည်။ ကောင်တာတစ်ခုကို "လုပ်ငန်းစဉ် ဝန်ဆောင်မှုစင်တာ" ဟု တံဆိပ်ကပ်ထားပြီး တစ်ရှူးဘူးတစ်ဘူးဘေးတွင် ရေသန့်ဘူးငယ်များကို ချထားသည်။ ရုံးခန်းတစ်ခုအတွင်း၌ ကတ်ထူပုံးများကို မြင်တွေ့ရသည်။

သောကြာနေ့တွင် အလုပ်ထုတ်ခံရသော ဝန်ထမ်းများထံ ပေးပို့ခဲ့ပြီး ရိုက်တာမှ မြင်တွေ့ခဲ့ရသည့် စာမျက်နှာ ၅ မျက်နှာပါ "အလုပ်မှထွက်ခွာခြင်းဆိုင်ရာ စစ်ဆေးရန်စာရင်း" တွင် ဝန်ထမ်းများသည် သောကြာနေ့ ညနေ ၅ နာရီ (EDT) တွင် အဆောက်အအုံနှင့် ၎င်းတို့၏ အီးမေးလ်များကို အသုံးပြုခွင့် ဆုံးရှုံးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Source: Reuters

Statement

အမေရိကန်သမ္မတထရမ့်၏ ပို့ကုန်အခွန် အကြောင်းကြားစာ/သဝဏ်လွှာအပေါ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညှိနှိုင်းအကြောင်းပြန်ကြားစာ/သဝဏ်လွှာပြန်လည်ပေးပို့

၁၀ ဇူလိုင် ၂၀၂၅

သွင်းကုန်ခွန်တိုးမြှင့်စည်းကြပ်ထားမှုနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပေးပို့ခဲ့  သည့် သဝဏ်လွှာ/အကြောင်းကြားစာအပေါ်  မြန်မာနိုင်ငံ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်  ချုပ်မှူးကြီး မင်းအောင်လှိုင်က ညိနှိုင်းပြန်ကြားသည့် သဝဏ်လွှာ/ အကြောင်းကြာစာကို ဇူလိုင် ၉ ရက်က ပြန်လည်ပေးပို့ခဲ့ကြောင်းသိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး၏ အဆိုပါပြန်ကြားလွှာတွင် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ကုန်များအပေါ် အခွန်(၁၀)ရာခိုင်နှုန်းမှ(၂၀) ရာခိုင်နှုန်းနှင့် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ သွင်းကုန်များအပေါ် (၀)ရာခိုင်နှုန်း မှ (၁၀) ရာခိုင်နှုန်းကြား ချိန်ညှိကောက်ခံသွားရန် အဆိုပြုညှိနှိုင်းလိုပါတယ် လို့  ညှိနှိုင်းထားပါတယ်။

လိုအပ်ပါက မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ အမြန်စေလွှတ်၍ သက်ဆိုင်ရာ  တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်လိုပါကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ပြောဆိုထား ပါတယ်။

အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားကုန်သွယ်မှုမမျှတသဖြင့် အမေရိကန်ဘက်မှ လိုငွေကြီးမား  စွာပြခြင်းအတွက် အဆွေတော်သမ္မတကြီးအနေဖြင့် အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းအပေါ် မိမိအပြည့်အဝ နားလည်ပါတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြန်ကြားလွှာတွင် ရေးသားထားပါတယ်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး(LDC)နိုင်ငံများ   ထဲမှတစ်နိုင်ငံဖြစ်နေသည့်  အပြင် လွန်ခဲ့သည့် (၅)နှစ်တာကာလအတွင်း ကိုဗစ်(၁၉)ကပ်ရောဂါ၊ သဘာဝဘေးအန္တရာယ်များဖြစ်  သည့် မိုခါဆိုင်ကလုံးမုန်တိုင်း၊ ရာဂီမုန်တိုင်းရေကြီးရေလျှံမှုနှင့် ၇.၇ မဂ္ဂနီကျုရှိ မန္တလေးငလျင်  ကြီးများကြောင့် ပြင်းထန်သောစိန်ခေါ်မှုများ ဆက်တိုက်ကြုံတွေ့ခဲ့ရသဖြင့် မြန်မာပြည်သူများသည် ကြီးမားသောစိန်ခေါ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းနေရသည့် အချိန်လည်းဖြစ်နေပါကြောင်း အကြောင်းပြန်ကြားသဝဏ်လွှာမှာဖော်ပြထားပါတယ်။

အဆွေတော်သမ္မတကြီးအနေဖြင့်အမေရိကန်ပြည်ထောင်စုကြီး တိုးတက်ကြီးပွားသာယာ ဝပြောရေး   အတွက် မျိုးချစ်စိတ်အပြည့်အဝဖြင့် တာဝန်သယ်ပိုးထမ်းဆောင်လျက်ရှိသကဲ့သို့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဦးဆောင်ကြိုးပမ်းနေသည့်အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ချီးကျူးပြောဆိုပါတယ်။

ယင်းအပြင်မြန်မာနိုင်ငံအား လက်ရှိကမ္ဘာ့နံပါတ်(၁)ဈေးကွက်နှင့်အလွန်ကောင်းမွန်သော စီးပွားရေးရှိနေ  သည့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်လက်ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်မှုအတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။

မြန်မာနိုင်ငံတွင် မဲမသာမှုများကြောင့် တပ်မတော်က နိုင်ငံတော်အာဏာကို ဥပဒေနှင့်အညီ ရယူခဲ့ရခြင်း နှင့်ပတ်သက်၍လည်း ပြန်ကြားစာ/သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီးက အသေးစိတ်ရေးသားထား ပါတယ်။

၂၀၂၀ ပြည့်နှစ် အမေရိကန်နိုင်ငံရွေးကောက်ပွဲတွင် အဆွေတော်သမ္မတကြီးကြုံတွေ့ခဲ့ရသလို မိမိတို့နိုင်ငံ ရွေးကောက်ပွဲတွင်လည်း ကြီးမားသည့် မဲမသမာမှုများဖြစ်ပေါ်ခဲ့ပါကြောင်း ဗိုလ်ချုပ်မှူးကြီးက ထောက်ပြ ရေးသားပါတယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက အရေးယူ ပိတ်ဆို့ထားမှုများသည် မိမိတို့ နှစ်နိုင်ငံအတွက် မည်သို့မျှအကျိုးမရှိခြင်းကြောင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကိုရှေ့ရှု၍ ယခင်ကချမှတ်ခဲ့သည့် စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့ရုပ်သိမ်းပေးရန်လည်း ဗိုလ်ချုပ်မှူးကြီးက အမေရိကန်သမ္မတ ဒေါနယ်ထရမ့်ကို မေတ္တာရပ်ခံခဲ့ပါတယ်။

အဆွေတော်၏ အဆိုပြုချက်အတိုင်း ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများဖယ်ရှားခြင်း၊ အပြန်အလှန် အခွန်ကောက်ခံမှုထိန်းသိမ်းခြင်းတို့ဖြင့် မြန်မာ-အမေရိကန်နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးမြှင့်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက် ရှိပါကြောင်း၊ အဆွေတော်နှင့် အမေရိကန် ပြည်သူပြည်သားများ ကျန်းမာရွှင်လန်းကြပါစေကြောင်း၊ အနာဂတ်လုပ်ငန်းစဉ်များတွင်အောင်မြင်မှုများ ဆွတ်ခူးနိုင်စေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းဖြင့်လည်း ဗိုလ်ချူပ်မှူးကြီးရဲ့ အကြောင်းပြန်ကြား သဝဏ်လွှာ နိဂုံးတွင်ရေးသားထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံအပါအဝင် ဂျပန်၊ တောင်ကိုရီးယား၊မလေးရှား၊ ကာဇက်စတန်၊ တူနီးရှား၊ ဘောစနီးယား ဟာဇီဂိုးဗီးနား၊တောင်အာဖရိက ၊အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ဆားဘီးယား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို စသည့်စုစုပေါင်းနိုင်ငံ ၁၄ နိုင်ငံအား သွင်းကုန်ခွန်တိုးမြှင့်စည်းကြပ်ထားမှုနှင့်ပတ်သက်၍ဇူလိုင် ၇ ရက်နေ့တွင် သက်ဆိုင်ရာနိုင်ငံများသို့ သဝဏ်လွှာ/အကြောင်းကြားစာများပေးပို့ခဲ့တာဖြစ်ပါတယ်။

#knl/ymg

SGL1SGL2SGL3

အမေရိကန်သမ္မတ ထရမ့်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာ၏ပို့ကုန်များအပေါ် အခွန်နှုန်းထားသစ်ကောက်ခံမည့်အကြောင်းစာပို့

၈ ဇူလိုင် ၂၀၂၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံမှ အမေရိကန်သို့ တင်ပို့မည့် ပို့ကုန်များအတွက် အကောက်ခွန်နှုန်းထားကို ဩဂုတ် ၁ရက်နေ့မှစ၍ ၄၀ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ကြောင်း အကြောင်းကြားစာကို ယနေ့ ပေးပို့လိုက်ပါတယ်။

ယခင်က ၄၅ ရာခိုင်နှုန်းဟုကြေညာခဲ့ရာမှ ၄၀ ရာခိုင်နှုန်းသို့ပြောင်းလဲခဲ့ခြင်းဖြစ်ပါတယ်။

ထရမ့်ဟာ မြန်မာနိုင်ငံအပါအဝင် ဂျပန်၊တောင်ကိုရီးယားနှင့် နိုင်ငံအချို့က နိုင်ငံခေါင်းဆောင်များထံ အခွန်နှုန်းထားအသစ်ဖြင့် စတင်ကောက်ခံတော့မည့် အလားတူစာများကို တစ်ပြိုင်နက်ပေးပို့ခဲ့ပြီး အဆိုပါစာများကို ထရမ့်က သူ့ရဲ့ Truth Social ပလက်ဖောင်းတွေင်ပို့စ်များတင်ခဲ့တာဖြစ်ပါတယ်။

Trump SG1Trump SG2

Health

နယူးယောက်မြို့မှ သတ္တုသံကြိုး ဝတ်ဆင်ထားသော အသက်၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး MRI စက်ထဲ အမှတ်မထင် ဆွဲသွင်းခံရပြီး သေဆုံးခဲ့ရ

၂၀ ဇူလိုင် ၂၀၂၅

နယူးယောက်ပြည်နယ်၊ ဝက်စ်ဘူရီမြို့ရှိ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုတွင် သံလိုက်စက် ကွင်းပဲ့တင်သံ ရုပ်ပုံဖော်စက် (MRI) ထဲသို့ ဆွဲငင်ခံရပြီးနောက် လောင်းအိုင်လန်မှ အသက် ၆၁ နှစ်အရွယ် ကိတ် မက်အဲလိစ်တာ သေဆုံးသွားကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် ဗုဒ္ဓဟူးနေ့က Nassau Open MRI တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မက်အဲလိစ်တာသည် သူ၏ဇနီးဖြစ်သူ Adrienne Jones-McAllister ဒူးကို စကင်ဖတ်ရန်အတွက် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။

ဇနီးဖြစ်သူAdrienne ၏ ပြောကြားချက်အရ သူမ၏ခင်ပွန်းသည် စကင်ဖတ်သည့် စားပွဲမှ သူမ မတ်တပ်ထရပ်နိုင်ဖို့ ကူညီရန်အတွက် MRI အခန်းထဲသို့ ဝင်ရောက်သွားစဉ် အားပြင်းသော သံလိုက်စက်ကွင်းတစ်ခုက  စတင်အလုပ်လုပ်ခဲ့ကြောင်း သိရသည်။

"သူ့ကိုယ်လုံးက ပျော့ခွေသွားတယ်" ဟု News 12 Long Island သို့ သူမက ပြောကြားခဲ့သည်။ "ကျွန်မ လက်ထဲမှာ သူ ပျော့ခွေသွားတာ အခုထိ ကျွန်မ ဦးနှောက်ထဲမှာ စွဲနေတုန်းပဲ" ဟု ဆိုသည်။

Adrienne နှင့် တာဝန်ကျ MRI နည်းပညာရှင်တို့က မက်အဲလိစ်တာကို စက်မှ ဆွဲထုတ်ရန် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

မက်အဲလိစ်တာသည် လေးလံသော သော့နှင့် သံကြိုးကြီးကို ဝတ်ဆင်ထားခဲ့ပြီး ယင်းသံကြိုးကြောင့် အားပြင်းသော MRI သံလိုက်စက်က သူ့အား စက်ထဲသို့ ဆွဲသွင်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စိုးရိမ်ရသည့် အခြေအနေကြောင့် သူ့ကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့သော်  လည်း နောက်တစ်နေ့တွင် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

Adrienne က သူမ၏ခင်ပွန်းသည် ကိုယ်အလေးချိန် လေ့ကျင့်ခန်းများအတွက် အလေးချိန် ပေါင် ၂၀ ရှိသော သံကြိုးကို ပုံမှန်ဝတ်ဆင်လေ့ရှိပြီး ယင်းဆေးဘက်ဆိုင်ရာ အဆောက်အအုံသို့လည်း ယခင်က ရောက်ဖူးကြောင်း ပြောကြားခဲ့သည်။

"အဲ့ဒီလူ (နည်းပညာရှင်) က အဲ့ဒီသံကြိုးကို ပထမဆုံးအကြိမ် မြင်တာမဟုတ်ဘူး။ သူတို့ အရင်ကလည်း အဲ့ဒီအကြောင်း ပြောဖူးတယ်" ဟု သူမက ဆိုသည်။

Nassau ကောင်တီရဲဌာန၏ လူသတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့က အဆိုပါ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ယခုအချိန်အထိ မည်သည့် စွဲချက်မှ မတင်ရသေးပေ။

အဆိုပါ ကြေကွဲဖွယ်ရာ ဖြစ်ရပ်အပြီးတွင် ဆေးဘက်ဆိုင်ရာ ပညာရှင်များက MRI ဘေးကင်းရေး လုပ်ထုံးလုပ်နည်းများ၏ အရေးကြီးပုံကို ပြောကြားခဲ့ကြသည်။

North Shore တက္ကသိုလ်ဆေးရုံမှ ဆရာဝန် Payal Sud က "အန္တရာယ်တွေက အလွန်ကြီးမားနိုင်ပါတယ်။ ဒါကြောင့် ဘေးကင်းရေး ကြိုတင်ကာကွယ်မှုတွေ အားလုံးကို ဘာကြောင့် လုပ်ထားရတာ လဲဆိုတာကိုလည်း ထောက်ပြနေပါတယ်" ဟု CBS New York သို့ ပြောကြားခဲ့သည်။

MRI စက်၏ ပြင်းထန်သော သံလိုက်စက်ကွင်းကြောင့် လူနာများအား MRI စကင်မဖတ်မီ လက်ဝတ်ရတနာများ၊ ခါးပတ်များ၊ အချို့အဝတ်အစားများ အပါအဝင် သတ္တုပစ္စည်းများ အားလုံးကို ဖယ်ရှားရန် လိုအပ်သည်။

"အဲဒါက သံလိုက်စက်ကွင်းရဲ့ အလယ်ဗဟိုကို ဝင်ဖို့ ကြိုးစားနေတဲ့ တော်ပီဒိုလိုမျိုးနှင့်တူသွားလိမ့်မယ်" ဟု ဆေးရုံ၏ ပုံရိပ်ဖော်ဝန်ဆောင်မှုဌာန ဒါရိုက်တာ Charles Winterfeldt က CBS New York သို့ ပြောကြားခဲ့သည်။

Source:hindustantimes.com

ဆော်ဒီအာရေဗျ၏ "အိပ်ပျော်နေသော မင်းသား"  အနှစ်၂၀ကျော် မေ့မြောနေရာမှ ကွယ်လွန်

၂၀ ဇူလိုင် ၂၀၂၅

ဆော်ဒီအာရေဗျ တော်ဝင်မင်းသားတစ်ပါးဖြစ်သူ မင်းသား အလ်-ဝါလစ် ဘင် ခါလစ် အလ်-ဆော့ဒ် (Prince Al-Waleed bin Khalid Al-Saud) သည် လန်ဒန်တွင် ၂၀၀၅ ခုနှစ်က ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် ကားမတော်တဆမှုတစ်ခုကြောင့် ၁၅ နှစ်သားအရွယ်ကတည်းက သတိမေ့မြောခဲ့ရာ ဆယ်စုနှစ် နှစ်စုကျော်အကြာ ယခုအခါ အသက် ၃၆ နှစ်တွင် ကွယ်လွန်သွားပြီဖြစ်သည်။

ထိုဆိုးရွားသည့် မတော်တဆမှုတွင် မင်းသား အလ်-ဝါလစ်သည် ဦးနှောက်သွေးကြောပေါက်ကာ ကိုယ်တွင်းသွေးယိုစီးမှုများ ဖြစ်ပွားခဲ့သည်။ "အိပ်ပျော်နေသော မင်းသား" ဟု လူသိများသော ၎င်းအား ဆေးရုံတွင် အသက်ရှူစက်ဖြင့် ထိန်းထားခဲ့သော်လည်း သတိအပြည့်အဝ ပြန်လည်မရရှိခဲ့ပေ။

မင်းသား အလ်-ဝါလစ်သည် မင်းသား ခါလက်ဒ် ဘင် တာလာ အလ် ဆော့ဒ် (Prince Khaled bin Talal Al Saud) ၏ အကြီးဆုံးသားဖြစ်ပြီး ဖခင်ဖြစ်သူက ယနေ့ X (ယခင် Twitter) တွင် ဝမ်းနည်းဖွယ်ပို့စ်တစ်ခုဖြင့် သားဖြစ်သူ၏ ကွယ်လွန်ခြင်းကို အတည်ပြုခဲ့သည်။

ကုရ်အာန်ကျမ်းလာ စာသားတစ်ခုကို ကိုးကား၍ သူက "အလ္လာဟ်အရှင်မြတ်၏ အလိုတော်နှင့် ပြဋ္ဌာန်းချက်ကို ယုံကြည်သောနှလုံးသားများဖြင့် ကျွန်ုပ်တို့၏ ချစ်လှစွာသောသား၊ မင်းသား အလ်-ဝါလစ် ဘင် ခါလက်ဒ် ဘင် တာလာ ဘင် အဘ်ဒူလာဇစ် အလ် ဆော့ဒ်  သည် ယနေ့ ကွယ်လွန်သွားပြီဖြစ်ပါသဖြင့် အလွန်အမင်း  အလွန်ပင်ဝမ်းနည်းကြေကွဲစွာကြရပါသည်။ အလ္လာဟ်အရှင်မြတ် ကောင်းကင်ဘုံသို့ ပို့ ဆောင်ပါစေ" ဟု ရေးသားခဲ့သည်။

မင်းသား အလ်-ဝါလစ်သည် လန်ဒန်ရှိ စစ်ကောလိပ်တွင် ပညာသင်ကြားနေစဉ် ဆိုးရွားပြင်းထန်လှသော ကားမတော်တဆမှုတွင် ပါဝင်ခဲ့ရခြင်းဖြစ်သည်။ မတော်တဆမှုဖြစ်ပွားပြီးနောက် ဆော်ဒီအာရေဗျ  မြို့တော် ရီယာ့ဒ် (Riyadh) ရှိ King Abdulaziz Medical City ဆေးရုံသို့ တင်ပို့ခဲ့ရပြီး ထိုအချိန်မှစ၍ သတိမေ့မြောနေခဲ့သည်။

မင်းသား အလ်-ဝါလစ်၏ ဖခင်သည် သားဖြစ်သူ တစ်နေ့နေ့တွင် အပြည့်အဝ ပြန်လည် သက်သာလာမည်ဟု မျှော်လင့်ချက်ကို ဘယ်သောအခါမျှ လက်မလွှတ်ခဲ့ပေ။ သူသည် မင်းသားအား ပြုစုစောင့်ရှောက်ရာတွင် ဆက်လက်ပါဝင်ခဲ့ပြီး အသက်ကယ်စက်ဖြုတ်ရန် တောင်းဆိုမှုများကို ပြတ်ပြတ် သားသား ငြင်းပယ်ခဲ့သည်။

ကွယ်လွန်ကြောင်း ကြေညာပြီးနောက် "အိပ်ပျော်နေသော မင်းသား" (Sleeping Prince) ဟက်ရှ်တက်ဂ် hashtag သည် လူမှုမီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားခဲ့ပြီး ထောင်နှင့်ချီသော လူများက ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

"မင်းသား အလ်-ဝါလစ် ဘင် ခါလက်ဒ် ကောင်းရာဘုံဘဝ ရောက်ပါစေ။ သူ့ကိုချစ်ခင်ရသူများအတွက် အနက်ရှိုင်းဆုံး ဝမ်းနည်းကြေကွဲမိပါတယ်" ဟု တစ်ဦးက ရေးသားခဲ့သည်။ "ကမ္ဘာမြေပေါ်က မင်းရဲ့အချိန်တွေဟာ မင်းရဲ့မိသားစုနဲ့ ကမ္ဘာအတွက် ကောင်းချီးမင်္ဂလာပါပဲ" ဟု နောက်တစ်ဦးက ဆိုသည်။ "နူးညံ့သိမ်မွေ့တဲ့ သူရဲ့ဝိညာဉ် ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ" ဟု တတိယတစ်ဦးက ပြောကြားခဲ့သည်။

မင်းသားအတွက် နာရေးဆုတောင်းပွဲများကို ယနေ့ ရီယာ့ဒ်ရှိ Imam Turki bin Abdullah Mosque တွင် ပြုလုပ်သွားမည်ဖြစ်သည်။

Source: nypost.com

x sleeping prince saudi arabia 108448338

ထရမ့်ပေးပို့သော ကုန်သွယ်ခွန်သဝဏ်လွှာကိစ္စ ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်းပြောကြား

၈ ဇူလိုင် ၂၀၂၅

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ထံ ပေးပို့သောအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏

ကုန်သွယ်အခွန် သဝဏ်လွှာကိစ္စဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်းပြောကြားရာ အပြည့်အစုံကိုဖော်ပြလိုက်ပါတယ်။

Sports

ရွှေလီ-မူဆယ် နယ်စပ်ဖြတ်ကျော် ချစ်ကြည်ရေးမာရသွန်ပြေးပွဲ ရွှေလီမြို့တွင် ကျင်းပ

၂ ဇန်နဝါရီ ၂၀၂၄

ရွှေလီ-မူဆယ် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၃၁ရက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ် ရွှေလီမြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကို မြန်မာနှင့်တရုတ်နှစ်နိုင်ငံမှ အပြေးသမားပေါင်း ၇၀၀၀ကျော်ဟာ အမျိုးအစားလေးမျိုးမှာ ဆင်နွှဲယှဉ်ပြိုင်ခဲ့ကြပါတယ်။

Source CCTV+

ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာအသင်းနှင့်ကစားမည့် မြောက်ကိုရီးယားဘောလုံးအသင်း ရန်ကုန်သို့ရောက်ရှိ

၁၈ နိုဝင်ဘာ ၂၀၂၃

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ် မြန်မာလက်ရွေးစင်ဘောလုံးအသင်း နှင့် ယှဉ်ပြိုင်မယ့် မြောက်ကိုရီးယားလက်ရွေးစင်ဘောလုံးအသင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ နိုဝင်ဘာ ၁၈ရက် ညပိုင်းက ရောက်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ 

မြောက်ကိုရီးယားအသင်းဟာ ရန်ကုန်မြို့ Inya Lake Hotel တွင် တည်းခိုမည်ဖြစ်ပြီး ‌နိုဝင်ဘာလ ၁၉ရက်နေ့မှ စတင်ကာ လေ့ကျင့်ရေးအစီအစဉ်များ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။

မြန်မာအသင်းနှင့်မြောက်ကိုရီးယားအသင်းတို့သည် နိုဝင်ဘာ ၂၁ ရက် ညနေ (၄)နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကြီးထဲတွင် ယှဉ်ပြိုင်ကစားကြပါလိမ့်မယ်။

မြန်မာ - မြောက်ကိုရီးယား ပွဲစဥ်အတွက် လက်မှတ်များကို အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်ဖြင့် ရောင်းချသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ယင်းပွဲစဥ်အတွက် လက်မှတ်များကို နိုဝင်ဘာ ၂၀ရက်တွင် နံနက် ၁၀နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း ၊ နိုဝင်ဘာ ၂၁ရက်တွင် နံနက် ၁၀နာရီမှ နေ့လယ် ၂နာရီအထိ လည်းကောင်းမြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တွင် ဝယ်ယူနိုင်ကြပါတယ်။ ယင်းအပြင် နိုဝင်ဘာ ၂၁ ရက် ၊ နေ့လယ် ၂နာရီမှ စတင်၍ အထူးတန်း လက်မှတ်များကိုသုဝဏ္ဏကွင်း (Gate-2) ၌ လည်းကောင်း၊ ရိုးရိုးတန်း လက်မှတ်များကို သုဝဏ္ဏကွင်း (Gate-8)၌ လည်း ကောင်း ဝယ်ယူနိုင်မယ်လို့လည်းသိရပါတယ်။

-ymg/knl

၁၉ ကြိမ်မြောက် ဟန်ကျူးအာရှအားကစားပြိုင်ပွဲကို တရုတ်သမ္မတရှီကျင့်ဖျင်ဖွင့်လှစ်

၂၄ စက်တင်ဘာ ၂၀၂၃

တရုတ်နိုင်ငံ ကျက်ကျန်းပြည်နယ်မြို့တော် ဟန်ကျူးတွင် စက်တင်ဘာ ၂၃ ရက်ညနေက ၁၉ကြိမ်မြောက် အာရှအားကစားပွဲ ဖွင့်ပွဲကျင်းပခဲ့ရာ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

Source CCTV+

 

Technology

  • China and Russia Plan to Build Nuclear Power Plant on the Moon by 2035

    Beijing/Moscow – 17 May 2025

    China and Russia have announced a joint plan to construct a nuclear power plant on the Moon by 2035, as part of their long-term cooperation in space exploration and lunar colonization.

    The project will be a key element of the International Lunar Research Station (ILRS), a China-led initiative aiming to establish a sustainable, long-term scientific base on the Moon’s surface, likely near the lunar South Pole. Both countries plan to use robotic and automated systems to build the power plant without human presence on-site.

    🔋 Why Nuclear Power?

    Unlike solar energy, which is limited by the Moon’s 14-day-long nights, nuclear power offers a stable energy source crucial for long-term lunar missions. The power station is expected to supply energy for scientific equipment, communications, and potentially human habitats in the future.

    🛰 Key Milestones

    Target Year: 2035 for deployment

    Construction: Fully automated, no human crew

    Related Mission: China’s Chang’e-8 lunar mission in 2028 will lay groundwork for infrastructure

    Technology: Based on compact nuclear fission reactors under development

    🌍 Global Reactions and Strategic Implications

    The plan has raised geopolitical concerns, especially among Western space agencies. While China and Russia claim the ILRS is for peaceful, scientific purposes, critics worry about the dual-use nature of space-based nuclear technology. The U.S. has already begun pursuing its own lunar nuclear projects under NASA’s Artemis program.

    China has reportedly invited 17 countries to join the ILRS project, emphasizing international cooperation in contrast to the U.S.-led Artemis Accords.

    Source: Global Media Outlets

    China Russia Nuclear Power Stsation

  • တရုတ်နိုင်ငံရှိ ကမ္ဘာ့အမြင့်ဆုံးတံတား အဓိကအစိတ်အပိုင်း တည်ဆောက်ပြီးစီး

    ၁၉ ဇန်နဝါရီ၊ ၂၀၂၅

    တရုတ်နိုင်ငံ အနောက်တိုင်းပိုင်း ကွေကျူးပြည်နယ်မှာ တည်ဆောက်နေတဲ့ ကမ္ဘာ့အမြင့် ဆုံးတံတားဖြစ်လာမယ့် တံတားတစ်စင်းရဲ့ အဓိကအစိတ်အပိုင်းတည်ဆောက်မှု သောကြာနေ့က ပြီးစီးသွားပါတယ်။

     Source CCTV+

  • အမေရိကန်တွင် TikTok ပိတ်သွားပြီးနောက် အသုံးပြုသူများ ဝေဖန်၊ ထရမ့်က သူသမ္မတဖြစ်ဖြစ်ချင်း နောက်ထပ် သုံးလ ပြန်တိုးပေးဖွယ်ရှိဟုပြော

    ၁၉ ဇန်နဝါရီ ၂၀၂၅
    ▪️စနေနေ့ညနှောင်းပိုင်းက စပြီး TikTok တစ်တော့ခ်ဟာ အမေရိကန်ပြည်ထောင်စုမှာ စတင်အသုံးပြုလို့မရတော့ပါဘူး။
    ▪️အက်ပ်ပဲလ်နှင့် ဂူဂယ်လ် အက်ပလီကေးရှင်းစတိုးတွေကနေလည်း တစ်တော့ကိုဖယ်ရှားလိုက်ပါပြီ။ ▪️အမေရိကန်မှာ အသုံးပြုသူ သန်း၁၇၀ကျော်ရှိနေတဲ့ တစ်တော့ခ်ဟာ ဥပဒေအရ ပိတ်ပစ်ခံလိုက်ရပြီဖြစ်ပါတယ်။
    ▪️အဲဒီအတွက် အမေရိကန်မှာ တစ်တော့ခ်အသုံးပြုသူတွေက ဝေဖန်နေကြပါတယ်။
    ▪️ထရမ့်ကတော့ သူသမ္မတဖြစ်ဖြစ်ချင်း တစ်တော့ကို နောက်ထပ်သုံးလအသုံးပြုခွင့်တိုးသွားဖို့ရှိနေတယ်လို့ ပြောထားပါတယ်။
    Source : Reuters/ CCTV+

Contact Us

Building D, No.101, 1st Floor, Mahabandoola Tower(Near Mahabandoola Bridge), Mahabandoola Road, Pazundaung Township, Yangon.