၁၂ ဇွန် ၂၀၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇွန် ၁၂ရက်နေ့တွင် အိန္ဒိယလေကြောင်း Al-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံး ခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာများကို အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီမတီဒရောပါဒီ မာမူ နှင့် ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ တို့ထံသို့ ပေးပို့ခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အိန္ဒိယသမ္မတနိုင်ငံ အမီဒါဘတ်မြို့ အနီး၌ အိန္ဒိယ လေကြောင်း Al-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
အိန္ဒိယလေကြောင်းလိုင်း ခရီးစဉ်အမှတ် AI171 လေယာဉ်ဟာ အိန္ဒိယနိုင်ငံ အာမက်ဒါဘတ် မြို့မှ လန်ဒန် ဂက်ဝစ်လေဆိပ်သို့ ပျံသန်းရန် ဇွန် ၁၂ရက် မွန်းလွဲ ၁နာရီ ၃၈ မိနစ်မှာ လေဆိပ်မှ အတက်ပျက်ကျခဲ့တာဖြစ်ပြီး ခရီးသည် ၂၄၂ဦး အနက် ၂၀၄ ဦးသေဆုံးခဲ့တယ်လို့ နောက်ဆုံးရသတင်းများအရသိရပါတယ်။
#ymg/knl