#Local_News
Published 13 June 2025
▪️ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့မနက်အစောပိုင်းက ကား(၁)စီးမီးလောင်မှုဖြစ်ပွား ခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇွန် ၁၃ ရက်နေ့၊ မနက်၆ နာရီ အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၆၄/၃)နှင့် (၆၄/၂)ကြားတွင် ကား(၁)စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဉသျှစ်ကုန်းအမြန်လမ်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၆ နာရီ၂၀ မိနစ်အချိန် မီးငြိမ်းခဲ့ကြောင်း အဆိုပါမီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times