#Local_News
Published 13 June  2025

▪️ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဈေးများ အနီးတစ်ဝိုက်၌ ကားများဖြင့် ပေါ်ဆန်းနှင့်ဧည့်မထဆန်များအား အပတ်စဥ် နှစ်ရက်တာ
ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရသည်။

▪️ ထိုသို့ရောင်းချရာတွင်  သောကြာနှင့်စနေနေ့များတွင် ဆန်ကားများဖြင့် ဧရာဝတီပေါ်ဆန်း ၅ ပြည်ဝင်တစ်အိတ်လျှင် ၂၅,၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း ၅ ပြည်ဝင်တစ်အိတ်လျှင်၃၂,၀၀၀၊ ဧည့်မထ  ၅ပြည်ဝင်တစ်အိတ်လျှင် ၁၄,၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times