ဘန်ကောက် ဇွန် ၁၉၊၂၀၂၅-

သတင်းအကျဉ်း

ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှီနာဝတ်ထရာသည်   အဓိက ညွန့်ပေါင်းမဟာမိတ် Bhumjaithai ဘမ်ဂျေထိုင်းပါတီ နှုတ်ထွက်သွားသဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဆင်းပေးရန် ဖိအားနှင့်ရင်ဆိုင်နေရသည်။  ယင်းအခြေအနေက ၁၀လသက်တမ်းသာရှိသေးသည့် သူမ၏ ညွန့်ပေါင်းအစိုးရကို ပြိုလဲလုနီးနီး အနေအထား ဆိုက်ရောက်စေသည်။

ဘာကြောင့်ဒီလိုဖြစ်ရသလဲ

ပေထုံတန်နှင့် ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်းနှင့် လက်ရှိဆီးနိတ်ဥက္ကဋ္ဌ ဟွန်ဆန်တို့အကြား အရေးကြီးသော ဖုန်းဆက်သွယ်ပြောဆိုမှု ပေါက်ကြားသွားပြီးနောက် ညွန့်ပေါင်းပြိုကွဲမှု စတင်ခဲ့ခြင်း ဖြစ်သည်။  အဆိုပါဖုန်းဆက်သွယ်ပြောဆိုသည့် အကြောင်းအရာများက အချုပ်အခြာအာဏာအပေါ် တုန့်ပြန်ဝေဖန်မှုများနှင့် ထိုင်းနိုင်ငံ၏ အရှိန်အဝါကြီးလှသည့် စစ်တပ်နှင့် အစိုးရအကြား တင်းမာမှုများ  á€œá€°á€žá€­á€›á€žá€„်ကဟဏးဖဟစ်စ္သည်။

နောက်ဆုံးအခြေအနေ

▪️အသက် ၃၈ နှစ်အရွယ် ပေထုံတန်သည် အဆိုပါဖုန်းစကားပြောပေါက်ကြားမှုအပေါ် ကြာသပတေး( ဇွန် ၁၉ရက်)က လူသိရှင်ကြားတောင်းပန်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်ပွတ်တိုက်မှုများကြောင့် စိုးရိမ်မှုများဖြစ်နေသည့် အချိန်တွင် စစ်တပ်ကို ထောက်ခံပါမည့်အကြောင်း  သူမက ကတိပြုခဲ့ရသည်။

▪️ဘမ်ဂျေထိုင်းပါတီက ယင်းသည် ထိုင်းနိုင်ငံ ဂုဏ်သိက္ခာနှင့် စစ်တပ်ကို ထိခိုက်နစ်နာခဲ့ရသည့် အတွက်  ညွန့်ပေါင်းမှ နှုတ်ထွက်ခဲ့ကြောင်း အကြောင်းပြခဲ့သည်။

▪️ဒီမိုကရက်နှင့် ယူနိုက်တက် ထိုင်းနေရှင်းပါတီများကလည်း အရေးပေါ် အစည်းအဝေးများပြုလုပ်ပြီး  သူတို့တွေ ညွန့်ပေါင်းမှ ထပ်ပြီးနှုတ်ထွက်သွားကြပါက ပေထုံတန်အား လူနည်းစုအနေအထားတစ်ရပ် ဆီသို့ တွန်းပို့လိမ့်မည်ဖြစ်သည်။

▪️ဆန္ဒပြမှုများရှိလာနိုင်သဖြင့် အစိုးရရုံးတစ်ဝိုက် လုံခြုံရေးများ မြှင့်ထားသည်။

ဖုန်းစကားပြောဆိုမှုများ

ဇွန်၁၅ ရက်နေ့က ပေထုံတန်နှင့် ဟွန်ဆန်တို့ ဖုန်းဆက်သွယ်ပြောဆိုကြရာတွင် “ ပေထုံတန်က “ ထိုင်းနိုင်ငံထဲက အခြား တစ်ဖက်ကို အလေးမထားရန်နှင့် အထူးသဖြင့် ထိုင်းစစ်တပ်ဗိုလ်ချုပ်ကြီးကို ဟု  ဟွန်ဆန်ကိုပြောခဲ့သည်။ နောက်ပိုင်းတွင် ပေထုံတန်က အခြေအနေကို ထိန်းနိုင်ရန်သာ ပြောဆို ခြင်းဖြစ်ပြီး ယင်းသည် စေ့စပ်ညှိနှိုင်းမှု နည်းဗျူဟာတစ်ခုသာဖြစ်ကြောင်း ပြောခဲ့သည်။

သူတို့ဘာပြောခဲ့ကြသလဲ

“ တိုက်ခိုက်နေဖို့ ကျွန်မတို့ အချိန်မရှိဘူး။ ကျွန်မတို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့လိုတယ်” ဟု ပေထုံတန်ကပြောခဲ့ပြီး ပြည်သူ့ပါတီခေါင်းဆေင် နာသာပေါင်းရူရင်ပန်ယွပ်က “ ဖုန်းပြောဆိုမှု ပေါက်ကြားခြင်းသည် နောက်ဆုံးအခြေအနေဖြစ်တယ်” ဟုပြောခဲ့သည်။

နောက်ဘာဖြစ်မလဲ

ပေထုံတန် နှုတ်ထွက်ခဲ့ရလျှင် ထိုင်းပါလီမန်သည် ၂၀၂၃ခုနှစ်က အတည်ပြုခဲ့သည် ကိုယ်စားလှယ် ငါးဦးထဲမှ တစ်ဦးကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ရမည်ဖြစ်သည်။

နောက်လမ်းကြောင်းတစ်ခုမှာ  ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ်ပြုလုပ်ခြင်းဖြစ်သည်။ ယင်းသို့ဆိုလျှင် အတိုက်အခံပြည်သူ့ပါတီ (ယခင် ရှေ့သိ့ချီပါတီ) အတွက် အကျိုးရှိသွားစေလိမ့်မည်။

မြင်ကွင်းကျယ်

ယခုအကျပ်အတည်းသည် ရှင်နာဝါထရာ၏ နိုင်ငံရေးမျိုးဆက်များနှင့် ထိုင်းစစ်တပ်အကြား ကာလရှည်ကြာဖြစ်ခဲ့သည့် တင်းမာမှုများကို ထပ်မံမီးမွှေးသလိုဖြစ်ခဲ့သည်။ ထိုင်းစစ်တပ်သည် ၂၀၀၆ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ရှင်နာဝါထရာ အစိုးရများကို ဖြုတ်ချခဲ့သည်။

စစ်တပ်၏ တုန့်ပြန်ချက်

ထိုင်းတော်ဝင်စစ်တပ်က ထိုင်းဘုရင်အပေါ် ဆက်လက်သစ္စာစောင့်သိပြီး အခြေခံဥပဒေ ယန္တယားမှတစ်ဆင့် အချုပ်အခြာအာဏာကို ကာကွယ်မည်ဟု ကတိပြုခဲ့သည်။ ယင်းက  á€žá€°á€á€­á€Żá€ˇá ချုပ်တီးထားမှုကို ပြသခဲ့သည်။  

Source: News Outlets