#World_Health
Published 22 August 2026
■ ဦးနှောက်ဟာ အာရုံကြောအရည် လှည့်ပတ်စီးဆင်းတဲ့ Glymphatic အညစ်အကြေးစွန့်ထုတ်စနစ်ကနေ မလိုအပ်တဲ့ အညစ်အကြေးတွေ စွန့်ထုတ်ပေးပါတယ်။
■ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းက အရွယ်တင်နုပျိုစေပြီး ဦးနှောက်ကျန်းမာစေရန် အညစ်အကြေး စွန့်ထုတ်စနစ်ရဲ့ လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေပါတယ်။
■ လေ့ကျင့်ခန်းလုပ်ခြင်းက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ဦးနှောက်နဲ့ အာရုံကြောအရည်များကို လမ်းကြောင်းအတိုင်း စီးဆင်းစေကာ အန္တရာယ်ရှိတဲ့ ပရိုတိန်းများကို ဖယ်ရှားပေးပါတယ်။
■ Amyloid-beta လိုမျိုး ပရိုတိန်းများကို ဖယ်ရှားပေးခြင်းဖြင့် အယ်ဇိုင်းများရောဂါလိုမျိုး အာရုံကြောထိခိုက်စေတဲ့ ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်။
■ ကိုယ်လက်လှုပ်ရှားခြင်းဖြင့် ရေရှည်ဖြစ်ပေါ်တတ်တဲ့ ရောင်ရမ်းမှုများကို လျှော့ချပေးပြီး ဦးနှောက်ကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ အခြေအနေ ဖန်တီးပေးပါတယ်။
■ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အိပ်စက်မှုအခြေအနေကို မြှင့်တင်ပေးပြီး ဦးနှောက်မှ အညစ်အကြေးများကို အဓိကသန့်စင်ပေးပါတယ်။
■ ဦးနှောက်ပုံရိပ်စစ်ဆေးချက်များအရ ၁၂ ပတ်ကြာ စက်ဘီးစီးလေ့ကျင့်ခန်း ပြုလုပ်သူတွေရဲ့ ဦးနှောက်အတွင်း အရည်စီးဆင်းမှုလမ်းကြောင်းများ ပိုမိုကောင်းမွန်လာကြောင်း တွေ့ရပါတယ်။
■ ဘယ်လိုကိုယ်လက်လှုပ်ရှားမှုမဆို ပုံမှန်ပြုလုပ်ခြင်းက အကျိုးရှိပြီး နှလုံးနဲ့ သွေးကြောကျန်းမာရေးကို ကာကွယ်ပေးတဲ့ အရာတွေက ဦးနှောက်ကိုလည်း ကာကွယ်စောင့်ရှောက်ပေးပါတယ်။
Source: Indian Express
မင့်စ်၊ ဩဂုတ် ၂၁။ မြန်မာအာကာသအေဂျင်စီအတွက် ကမ္ဘာမြေကို အဝေးမှအာရုံခံစောင့်ကြည့်နိုင်သည့် အာကာသယာဉ်ငယ်တစ်စင်း တည်ဆောက်ရေး၊ ဘယ်လာရုစ် Development Bank နှင့် ချေးငွေဆိုင်ရာ မူဘောင်သဘောတူစာချုပ်တို့အပါအဝင် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာ ကိုးခုကို ဩဂုတ် ၂၁ ရက်က မင့်စ်မြို့၌ နှစ်နိုင်ငံသမ္မတများရှေ့မှောက်တွင် လဲလှယ်ခဲ့ကြသည်။
အဆိုပါ သဘောတူညီချက်များ လဲလှယ်မှုကို မင့်စ်မြို့ သမ္မတနန်းတော်၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့ ဦးဆောင်သည့် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံသည် မြန်မာအာကာသအေဂျင်စီအတွက် ကမ္ဘာမြေကို အဝေးမှအာရုံခံစောင့်ကြည့်နိုင်သည့် အာကာသယာဉ်ငယ်တစ်စင်း တည်ဆောက်ရေးဆိုင်ရာ ရည်ရွယ်သည့်မှတ်တမ်းလွှာအပြင် မြန်မာအာကာသအေဂျင်စီနှင့် Belarusian State University တို့အကြား သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာကိုလည်း လဲလှယ်ခဲ့ကြသည်။
စီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍတွင် မြန်မာနိုင်ငံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် JSC “Development Bank of the Republic of Belarus” တို့အကြား ချေးငွေဆိုင်ရာ မူဘောင်သဘောတူစာချုပ်ကို လဲလှယ်ခဲ့သည်။
ထို့ပြင် တရားမနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန်အကူအညီပေးရေး သဘောတူစာချုပ်၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ဥပဒေပိုင်းဆိုင်ရာ အပြန်အလှန်အကူအညီပေးရေး သဘောတူညီချက်တို့လည်း ပါဝင်သည်။
နှစ်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်များအကြား ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် The Belarusian Institute of Strategic Research (BISR) တို့အကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) နှင့် ဘယ်လာရုစ်နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် အသံလွှင့်ကုမ္ပဏီတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များလည်း လဲလှယ်ခဲ့ကြသည်။
ယင်းမတိုင်မီ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့ ဦးဆောင်သည့် နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲကို ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် ကျင်းပခဲ့သည်။
တွေ့ဆုံပွဲတွင် မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ကို ဆက်လက်အကောင်အထည်ဖော်ရေးနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ မွေးမြူရေး၊ စက်မှုနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ကာကွယ်ရေးနှင့် လုံခြုံရေး၊ အာကာသနည်းပညာ၊ ပညာရေးနှင့် လူငယ်၊ ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးကိုလည်း နှစ်ဖက်အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
သဘောတူညီချက်များ လဲလှယ်ပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့က နှစ်နိုင်ငံ ပူးတွဲကြေညာချက်များကို မီဒီယာများသို့ ပြောကြားခဲ့ကြသည်။
ထို့နောက် ဘယ်လာရုစ်သမ္မတက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့အား အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
မင်စ်ခ်၊ ဩဂုတ် ၂၁။ ဘယ်လာရုစ်၏ စိုက်ပျိုးမွေးမြူရေးနည်းပညာနှင့် အတွေ့အကြုံများကို မြန်မာနိုင်ငံသို့ မျှဝေပေးသွားမည်ဖြစ်ပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊ နည်းပညာ၊ ကာကွယ်ရေး၊ လုံခြုံရေးနှင့် အာကာသနည်းပညာအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့ ဩဂုတ် ၂၁ ရက်က မင်စ်ခ်မြို့ သမ္မတနန်းတော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဘယ်လာရုစ်သမ္မတ၏ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် သမ္မတနန်းတော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ပြီးနောက် သမ္မတနှစ်ဦး သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုက မြန်မာနိုင်ငံနှင့် ပတ်သက်၍ လက်တွေ့အကောင်အထည်ဖော်နေသည့် လုပ်ငန်းများကို ပိုမိုကူညီပေးသွားမည်ဖြစ်ပြီး မြန်မာပြည်သူများ၏ လူမှုစီးပွားဘဝအတွက် လိုအပ်ချက်များရှိပါက တတ်နိုင်သမျှ ကူညီဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ အထူးသဖြင့် ဘယ်လာရုစ်၏ စိုက်ပျိုးမွေးမြူရေးနည်းပညာနှင့် အတွေ့အကြုံများကို မြန်မာနိုင်ငံအတွက် မျှဝေပေးသွားမည်ဟု ဆိုသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယခုခရီးစဉ်သည် ဘယ်လာရုစ်နိုင်ငံသို့ စတုတ္ထအကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး အစိုးရတာဝန်ရှိသူများနှင့်အတူ စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။ ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန်ဖြစ်ကြောင်း ဆိုသည်။
ဘယ်လာရုစ်ဘက်က မြန်မာနိုင်ငံနှင့် စီးပွားရေး၊ နည်းပညာနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ကန့်သတ်ချက်မထားရှိကြောင်း ယခင်က ပြောကြားထားသဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လာရုစ်နှင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ရရှိမည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးနှင့် နည်းပညာကဏ္ဍများအပြင် ကာကွယ်ရေးနှင့် လုံခြုံရေး၊ အာကာသနည်းပညာတို့တွင် လက်ရှိပူးပေါင်းဆောင်ရွက်နေမှုနှင့် ဆက်လက်တိုးမြှင့်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို သံရုံးအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ခဲ့မှုအပါအဝင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တိုးမြှင့်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှု၊ ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကိုလည်း ခေါင်းဆောင်နှစ်ဦး အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ဘယ်လာရုစ်သမ္မတက ယခင်ဆွေးနွေးထားသည့် ကိစ္စရပ်များကို ဆက်လက်အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့သည် ဩဂုတ် ၂၀ ရက် ညနေပိုင်းကလည်း ဘယ်လာရုစ်သမ္မတအိမ်တော်၌ အလွတ်သဘောတွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


စံချိန်တင်အားကောင်းတဲ့ စူပါအယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံရဲ့ ပစိဖိတ်သမုဒ္ဒရာအမှီပြု စိုက်ပျိုးရေးဒေသများမှာပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုနဲ့ စားနပ်ရိက္ခာမလုံလောက်မှုများဖြစ်ပေါ်လာနိုင်တဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
#World_Climate
Published 21 August 2026
#စူပါအယ်နီညိုရာသီဥတု #ထိုင်းနိုင်ငံ
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 21 August 2026
■ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က အမေရိကန်အနေဖြင့် အီရန်အပေါ် သမိုင်းဝင် အပြင်းထန်ဆုံး စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ချမှတ်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
■ ဒီအရေးယူချက်တွေဟာ အီရန်ရဲ့ စီးပွားရေးနဲ့ အစိုးရယန္တရားကို ထိခိုက်စေရန် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအရ သီးခြားခွဲထုတ်မှုတစ်ခု ဖန်တီးဖို့ ရည်ရွယ်ပါတယ်။
■ အမြင့်ဆုံး စီးပွားရေးဖိအားပေးမှုဟာ စစ်ရေးအရ အဓိကစစ်ဆင်ရေးကြီးများ ပြုလုပ်မယ့် လိုအပ်ချက်ကို လျှော့ချပေးနိုင်ကြောင်း ဘက်ဆန့်က အကြံပြုခဲ့ပါတယ်။
■ သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို ထောက်ပံ့ကူညီမှုပေးတဲ့ ဘယ်နိုင်ငံမဆို ပြင်းထန်တဲ့ စီးပွားရေးအကျိုးဆက်များနဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးခဲ့ပါတယ်။
■ အီရန်ရဲ့ ပင်လယ်ရေကြောင်းမှတဆင့် တင်ပို့တဲ့ ရေနံ ၈၀ ရာခိုင်နှုန်းကျော်ကို ဝယ်ယူနေတဲ့ တရုတ်အနေဖြင့် အီရန်ကို ကူညီထောက်ပံ့နေတာတွေ ရပ်တန့်ရန် အမေရိကန်က တိုက်တွန်းခဲ့ပါတယ်။
■ ပိတ်ဆို့အရေးယူမှုများဟာ အကျပ်အတည်းကို ပြေလည်စေမှာမဟုတ်ကြောင်းနဲ့ သံတမန်ရေးရာ အဖြေရှာမှုများကိုသာ လိုလားကြောင်း ပြောကြားခဲ့ပြီး တရုတ်က ဒီလုပ်ရပ်ကို ငြင်းပယ်ခဲ့ပါတယ်။
■ အမေရိကန်ရဲ့ ပြည်တွင်းရေးပြဿနာများကနေ အာရုံလွှဲဖို့အတွက် အရပ်သားများကို ပစ်မှတ်ထားတဲ့ အဆိုပါ ပိတ်ဆို့အရေးယူမှုများဟာ စီးပွားရေးအကြမ်းဖက်မှုဖြစ်ကြောင်း အီရန်က စွပ်စွဲခဲ့ပါတယ်။
■ အမေရိကန်ရဲ့ စီးပွားရေး အပြင်းအထန်ခြိမ်းခြောက်မှုများကြောင့် ရေနံဈေးနှုန်းများ ၃ ပတ်အတွင်း အမြင့်ဆုံးစံချိန်သို့ မြင့်တက်သွားခဲ့ပါတယ်။
Source: Reuters
#World_Science
Published 21 August 2026
■ WION မှဖော်ပြခဲ့တဲ့ လေ့လာမှုအရ လူသားမျိုးနွယ်ဟာ တစ်ချိန်တုန်းက ဘာသာစကား အလွန်အမင်း စုံလင်ကွဲပြားတဲ့ ခေတ်တစ်ခေတ် ကြုံတွေ့ခဲ့ရဖူးပါတယ်။
■ လွန်ခဲ့တဲ့ နှစ် ၁ သောင်းမှ ၃ ထောင်ကြား စိုက်ပျိုးရေးလုပ်ငန်းများ ပြန့်ပွားလာခြင်းက လူဦးရေအများအပြား အခြေချနေထိုင်စေပြီး တိုးတက်ပွားများစေခဲ့ပါတယ်။
■ သီးခြားခွဲထွက်နေတဲ့ လူ့အသိုင်းအဝိုင်းတွေဟာ သီးသန့်ဒေသန္တရ စကားပြောများကို ဖန်တီးခဲ့ကြပြီး ကမ္ဘာ့ဘာသာစကား စုံလင်မှုကို သောင်းနဲ့ချီတဲ့အထိ မြင့်တက်သွားစေခဲ့ပါတယ်။
■ ဘာသာစကား စုံလင်မှုဟာ ဘီစီ ၁ ထောင်မှ အေဒီ ၁ ထောင်ကြား အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး စကားပြောနဲ့ လက်သင်္ကေတ ဘာသာစကားပေါင်း ၇၅,၀၀၀ အထိ ရှိခဲ့ပါတယ်။
■ ရောမနဲ့ ဟန်တရုတ်တို့လို ဗဟိုအုပ်ချုပ်ရေး အင်ပါယာများ နယ်မြေကျယ်ပြန့်လာချိန်မှာ ဘာသာစကားအရေအတွက် စတင်လျော့နည်းလာခဲ့ပါတယ်။
■ လွှမ်းမိုးမှုရှိတဲ့ အုပ်ချုပ်ရေး ဘာသာစကားများဟာ အုပ်ချုပ်ရေး၊ ဥပဒေနဲ့ ကုန်သွယ်ရေးတို့အတွက် မရှိမဖြစ် ဖြစ်လာပြီး ဒေသန္တရ စကားများကို လွှမ်းခြုံသွားခဲ့ပါတယ်။
■ ဥရောပကိုလိုနီပြုမှု၊ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ စံချိန်စံညွှန်းမီ ပညာရေးစနစ်များက အေဒီ ၁၅၀၀ နောက်ပိုင်း ဘာသာစကားများ ပိုမိုမြန်ဆန်စွာ ပျောက်ကွယ်စေခဲ့ပါတယ်။
■ ရှေးဟောင်းစကားများ ဆက်လက်ပျောက်ကွယ်သွားတာနဲ့အမျှ ယနေ့ခေတ်မှာ ဘာသာစကား ၇၅၀၀ ခန့်သာ ကျန်ရှိပါတော့တယ်။
Source: WION
#World_Health
Published 21 August 2026
■ ကမ္ဘာလုံးဆိုင်ရာ ဆေးပညာကျွမ်းကျင်သူများက ပန်ကရိယအဆီဖုံးရောဂါကို ရိုက်ကူးစစ်ဆေးမှုများ ပြုလုပ်ရာမှာ သာမန်အချက်တစ်ခုဆိုတာထက် သီးခြားရောဂါတစ်ခုအဖြစ် အလေးထားကြရန် တိုက်တွန်းလိုက်ပါတယ်။
■ ပန်ကရိယဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အစာခြေစနစ်ကို ကူညီပေးသဖြင့် အဆီများ အလွန်အမင်း စုပြုံလာပါက ထိုလုပ်ဆောင်ချက်များကို ပြင်းထန်စွာ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
■ ဒီရောဂါဟာ ဆီးချိုအမျိုးအစား(၂)၊ နာတာရှည် ပန်ကရိယရောင်ရမ်းခြင်းအပြင် ပန်ကရိယကင်ဆာ ဖြစ်ပွားနိုင်ခြေ မြင့်မားခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
■ အဝလွန်ခြင်း တစ်ခုတည်းကြောင့် မဟုတ်ဘဲ မျိုးရိုးဗီဇ၊ အစားအသောက်၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အသက်ကြီးရင့်ခြင်းတို့ကလည်း ပါဝင်ပတ်သက်နေသဖြင့် ပိန်တဲ့သူတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။
■ အိန္ဒိယလူမျိုးတွေဟာ ခန္ဓာကိုယ်အလေးချိန် နည်းပါးပေမယ့် အတွင်းအင်္ဂါများထဲမှာ အဆီပိုများ စုပြုံလေ့ရှိတာကြောင့် ဖြစ်ပွားနိုင်ခြေပိုမိုမြင့်မားပါတယ်။
■ ပန်ကရိယရှိ အဆီဆဲလ်များဟာ ရောဂါလက္ခဏာများ မပြမီကပင် ရောင်ရမ်းမှုဆိုင်ရာ အခြေအနေများ ထုတ်လွှတ်ပြီး ရေရှည်ဆဲလ်စိတ်ဖိစီးမှုနဲ့ တစ်ရှူးပျက်စီးမှုများ ဖြစ်ပေါ်စေပါတယ်။
■ MRI ကိရိယာက ပန်ကရိယအဆီပမာဏကို တိကျစွာ တိုင်းတာရန် အကောင်းဆုံးပုံရိပ်ဖော်စစ်ဆေးတဲ့ ကိရိယာဖြစ်ပြီး ပုံမှန်အာထရာဆောင်းများထက် ပိုမိုကောင်းမွန်ပါတယ်။
■ ကျန်းမာရေးနဲ့ ညီညွတ်စွာ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း၊ မျှတစွာ စားသောက်ခြင်း၊ ဆေးလိပ်နဲ့ အရက်အလွန်အကျွံ သောက်ခြင်းမှ ရှောင်ကြဉ်ခြင်းတို့လို နေထိုင်မှုပုံစံပြောင်းလဲခြင်းများက ကာကွယ်ဖို့အတွက် သော့ချက်ဖြစ်ပါတယ်။
Source: Indian Express
Page 13 of 1222