တရုတ်ပြည်ရဲ့ ဒုတိယမြောက် ပြည်တွင်းဆောက်လုပ် ခရီးသည်တင်သင်္ဘောကြီး Adora Flora City ဟာ အင်္ဂါနေ့က အသက်ကယ်လှေများချခြင်း စမ်းသပ်မှုပြုလုပ်ခဲ့ပြီး သောကြာနေ့ ဆိပ်ကမ်းထွက်ခွာရေးလမ်းကြောင်းမှာ အရေးပါတဲ့စမ်းသပ်မှု ဖြစ်ပါတယ်။
#Asia_Development
Published 21 March 2026
#တရုတ်ပြည် #Adora_Flora_City
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 21 March 2026
■ အမေရိကန်တပ်က အရှေ့အလယ်ပိုင်းမှာ နောက်ထပ် ရေကြောင်းတပ်သားတွေနဲ့ သင်္ဘောသားတွေ ထောင်နဲ့ချီ နေရာချနေတယ်လို့ အမေရိကန်အရာရှိ ၃ ဦးက သောကြာနေ့မှာ ပြောပါတယ်။
■ အီရန်ထဲကိုတော့ ဖြန့်ကျက်တာမဟုတ်ပေမယ့် ဒေသတွင်း အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ စစ်ဆင်ရေးတွေအတွက် အင်အားတည်ဆောက်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။
■ ရေလျှပ်သင်္ဘော USS Boxer နဲ့အတူ ရေကြောင်းအထူးတပ်ဖွဲ့နဲ့ စစ်သင်္ဘောတွေ နေရာချလာတာဖြစ်ကာ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က အရှေ့အလယ်ပိုင်းမှာ စစ်ဆင်ရေးအားဖြည့်ဖို့ တပ်သားထောင်နဲ့ချီ ဖြန့်ကျက်လာတာ ဖြစ်ပါတယ်။
■ နောက်ထပ်နေရာဖြန့်ကျက်လာတဲ့ တပ်သားတွေရဲ့ တာဝန်အခန်းကဏ္ဍတွေကိုတော့ ပြောမထားပါဘူး။
■ အရှေ့အလယ်ပိုင်းမှာ ရှိပြီးသား အမေရိကန်တပ်သား ၅ သောင်းနဲ့ ရေကြောင်းအထူးတပ်ဖွဲ့ ၂ တပ်ကိုမှ ထပ်မံဖြည့်တင်းသွားတာ ဖြစ်ပါတယ်။
■ ဒီအဖွဲ့တွေဟာ သင်္ဘောတွေပေါ်နဲ့ မြေပြင်မှ လေယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်ခြင်းလိုမျိုး အကြောင်းအရင်းတွေအတွက် ဖြစ်နိုင်ပါတယ်။
■ အမေရိကန်စစ်တပ်က ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအပါအဝင် ဖြစ်လာနိုင်တဲ့ စစ်ဆင်ရေးတွေအတွက် ပြင်ဆင်နေတာဖြစ်သလို အီရန်ရေနံတင်ပို့ရေး အချက်အခြာနေရာဖြစ်တဲ့ ခါ့ခ်ကျွန်းကို ပစ်မှတ်ထားတာ ဖြစ်နိုင်ပါတယ်။
■ အီရန်စစ်ပွဲနဲ့ ပတ်သက်လို့ အမေရိကန်ပြည်သူတွေရဲ့ ထောက်ခံချက်က ၇ ရာခိုင်နှုန်းသာ ရှိနေပါတယ်။
■ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ပဋိပက္ခအတွက် ဘဏ္ဍာငွေ ဒေါ်လာ ၂၀၀ ဘီလီယံကျော် တောင်းဆိုထားပြီး ဖြစ်ပါတယ်။
Source: Reuters
#World_Health
Published 21 March 2026
■ သွေးပေါင်ချိန်ကျဖို့ လက်တွေ့ကျကျ ပြုလုပ်နိုင်မယ့် နည်းလမ်းတွေဆိုတာ နံနက်ခင်း အကျင့်ကောင်းတွေနဲ့ စတင်သွားရမှာဖြစ်ပါတယ်။
■ (၁) စိတ်နှင့်ခန္ဓာကိုယ်လေ့ကျင့်ခြင်း - နံနက်ခင်းမှာ တရားထိုင်ခြင်း၊ ဖြည်းညင်းစွာ အသက်ရှူခြင်းတို့ဖြင့် စိတ်နဲ့ ခန္ဓာကိုယ်ကို တည်ငြိမ်စေကာ သွေးပေါင်ချိန် ထိန်းသိမ်းပေးနိုင်မှာပါ။
■ (၂) ဆိုဒီယံနည်းနည်းနဲ့ ပိုတက်ဆီံယံများများစားခြင်း - ဆိုဒီယံက သွေးပေါင်ချိန်ကို တက်စေကာ ပိုတက်ဆီယံကတော့ သွေးပေါင်ချိန် ကျစေတာကြောင့် အသီးအနှံတွေ၊ ဟင်းရွက်တွေ၊ ပဲတွေ၊ နို့ထွက်ပစ္စည်းတွေ၊ အသားတွေ၊ ဂျုံပြောင်းဆန် စတာတွေ စားသင့်ပါတယ်။
■ (၃) ယောဂကျင့်ခြင်း - ယောဂကျင့်ခြင်းက အာရုံကြောစနစ် တည်ငြိမ်စေပြီး ဖိစီးမှုတွေ ဖြေလျှော့ပေးတာကြောင့် သွေးပေါင်ချိန်ကျဖို့ အကူအညီဖြစ်စေပါတယ်။
■ (၄) နေရာမရွေ့လေ့ကျင့်ခန်း - နံနက်ပိုင်းမှာ ကိုယ်ထည်မလှုပ်ရှားရဘဲ ကြွက်သားတွေကို ခိုင်းတဲ့ လေ့ကျင့်ခန်းများ မိနစ်အနည်းငယ်ပြုလုပ်ခြင်းဖြင့် သွေးပေါင်ချိန် ကျစေနိုင်ပါတယ်။
■ (၅) လမ်းလျှောက်ခြင်း - မနက်ပိုင်းမှာ ခပ်သွက်သွက် လမ်းလျှောက်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခြင်း၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့ဖြင့် သွေးပေါင်ချိန် ကျစေနိုင်ပါတယ်။
■ (၆) အပြင်သွားခြင်း - စိမ်းလန်းတဲ့နေရာများ၊ ပန်းခြံ သစ်တော သဘာဝပတ်ဝန်းကျင်များသို့ ပုံမှန်သွားတဲ့လူတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ နည်းပါးပြီး သွေးပေါင်ချိန်လည်း ကျစေနိုင်ပါတယ်။
■ (၇) နံနက်စာကို အမျှင်ဓာတ်ပါအောင်စားခြင်း - အမျှင်ဓာတ်ကြွယ်ဝတဲ့ စားစရာတွေက သွေးပေါင်ချိန်ကျစေတာကြောင့် ထောပတ်သီး၊ ဘာလီ၊ ပဲကြီး၊ ပဲနီလေး၊ ဘယ်ရီသီးများ၊ သစ်တော်သီး၊ ပန်းသီး၊ ပေါင်မုန့်ကြမ်း၊ ချီယာစေ့၊ လျှော်စေ့တို့ ပါဝင်အောင် စားသင့်ပါတယ်။
■ (၈) ကဖင်းဓာတ်ကန့်သတ်သောက်သုံးခြင်း - ကော်ဖီ သောက်နေကျမဟုတ်သူတွေမှာ ကဖင်းဓာတ်က သွေးပေါင်ချိန် တက်စေပြီး သွေးကြောတွေကို ယာယီတင်းကြပ်စေပါတယ်။
Source: Health
#World_Science
Published 21 March 2026
■ ပင်မစတမ်ဆဲလ်ကုသနည်းက ကလေးမွေးဖွားချို့ယွင်းမှု ကုသရာမှာ နည်းလမ်းသစ် ဖြစ်လာနိုင်ပြီး အကြိုသုတေသနအရ သားအိမ်ထဲမှာ ပင်မစတမ်ဆဲလ်တွေ လက်ခံရရှိခြင်းဖြင့် ကျောရိုးပွင့်ပြီး မွေးလာတဲ့ ကလေးတွေကို ကူညီနိုင်တယ်လို့ ဖော်ပြလာပါတယ်။
■ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ကျောရိုးပွင့်အခြေအနေအတွက် သားအိမ်ထဲ ပင်မစတမ်ဆဲလ်ကုသနည်းကို ကမ္ဘာ့ပထမဆုံး ပြုလုပ်ခဲ့ကြပါတယ်။
■ မွေးလာတဲ့ ကလေးတွေမှာ ဘာဆိုးကျိုးမှ မတွေ့ရဘဲ ပင်မစတမ်ဆဲလ်တွေက ခွဲစိတ်ကုသမှုကို ပိုမိုထိရောက်စေကာ ကလေးတွေရဲ့ ဘဝအခြေအနေကို တိုးတက်စေတယ်လို့ တွေ့ရှိခဲ့ပါတယ်။
■ ကျောရိုးပွင့်ရောဂါဆိုတာက ကျောရိုးအာရုံကြောပြွန် ချို့ယွင်းတဲ့အခြေအနေဖြစ်ပြီး တသက်တာလုံးမှာ ဦးနှောက်အသိဉာဏ်၊ ဆီးအိမ်၊ လှုပ်ရှားနိုင်စွမ်း ပြဿနာများ ဖြစ်စေပါတယ်။
■ ကလေးမမွေးလာခင်တည်း ကုသမှုတွေ ပြုလုပ်နိုင်ပေမယ့် နောက်ဆက်တွဲဆိုးကျိုးတွေ မရှိတာတော့ မဟုတ်ပါဘူး။
■ CuRe စမ်းသပ်ချက်ထဲမှာ ကိုယ်ဝန်ဆောင် ၆ ဦးပါဝင်ပြီး လှူဒါန်းထားတဲ့ အချင်းတွေထဲက ပင်မစတမ်ဆဲလ်တွေ အသုံးပြုကာ ကျောရိုးမပြုပြင်ခွဲစိတ်ခဲ့ရာ ဘာဆိုးကျိုးသက်ရောက်မှုမှ မတွေ့ရပါဘူး။
■ MRI ဓာတ်မှန်စစ်ဆေးချက်တွေထဲမှာ ခွဲစိတ်မှုရလဒ်များ ကောင်းမွန်ခဲ့ပြီး ဦးနှောက်ချို့ယွင်းမှု ပြဿနာတွေ ပြန်လည်ကောင်းမွန်ခဲ့ပါတယ်။
■ သုတေသီတွေက ကျောရိုးပွင့်ခြင်းနဲ့ အခြားသော သန္ဓေသားရောဂါတွေအတွက် ပင်မစတမ်ဆဲလ် ကုသနည်းရဲ့ အလားအလာနဲ့ ပတ်သက်ပြီး မျှော်လင့်နေကြကာ စမ်းသပ်မှုကြီးတွေ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။
Source: Gizmodo
အမေရိကန်နဲ့ အစ္စရေးလ်တို့ တိုက်ခိုက်မှုကြောင့် နိုင်ငံအတွင်းကျောင်းတွေ၊ နေအိမ်တွေ၊ ကျန်းမာရေးဆေးပေးခန်းတွေအပါအဝင် အခြေခံအဆောက်အအုံ အများအပြားထိခိုက်ထားတယ်လို့ အီရန်ကြက်ခြေနီအဖွဲ့အစည်းက ပြောပါတယ်။
#World_Conflict
Published 20 March 2026
#အမေရိကန် #အစ္စရေးလ်
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 20 March 2026
■ ဂလိုင်စင်းဖြည့်စွက်ဆေးဟာ ဦးနှောက်နဲ့ အိပ်စက်မှုအတွက် အသုံးများပြီး အမျိုးသားပေါင်းသန်းနဲ့ချီဟာ သက်ရှည်ကျန်းမာရေးအတွက် အသုံးပြုနေကြပါတယ်။
■ လေ့လာချက်ကြီးတစ်ခုမှာတော့ ဂလိုင်စင်းပမာဏမြင့်မားတဲ့အခါ အမျိုးသားတွေမှာ အသက်တိုခြင်းနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိထားပါတယ်။
■ အိုမင်းဆန့်ကျင်အာနိသင်နဲ့ ကော်လာဂျင်၊ ပရိုတိန်းတို့ ပါဝင်တာကြောင့် ဘေးကင်းစိတ်ချရတဲ့ ဖြည့်စွက်ဆေးအဖြစ် ဈေးကွက်ထဲမှာ ရှိနေပါတယ်။
■ ဒါပေမဲ့ သွေးထဲမှာ ပမာဏများသွားရင် ဇီဝကမ္မလုပ်ဆောင်ချက်တွေ ပိုဆိုးလာနိုင်ဖွယ် ရှိတယ်လို့ သုတေသီတွေ ပြောပါတယ်။
■ ၂၀၂၅ အတွင်း လူပေါင်း ၂ သောင်းကျော်ရဲ့ အချက်အလက်တွေကို ဆန်းစစ်ရာမှာ သွေးထဲ ဂလိုင်စင်းပမာဏ မြင့်မားတဲ့ အမျိုးသားတွေဟာ သိသိသာသာ အသက်တိုတာကို တွေ့ခဲ့ရပြီး အမျိုးသမီးတွေမှာတော့ ဒီလိုဆက်စပ်မှုမျိုး မတွေ့ရပါဘူး။
■ ဒါဟာ ဟော်မုန်းအမျိုးအစားတွေ လွှမ်းမိုးနေတဲ့ အမိုင်နိုအက်ဆစ်ဇီဝဖြစ်စဉ်တွေ ကွဲပြားတာကြောင့် ဖြစ်နိုင်ပါတယ်။
■ ဒါကြောင့် ကျန်းမာရေးကောင်းမွန်ဖို့အတွက် ဖြည့်စွက်ဆေးတွေပဲ မှီခိုနေမယ့်အစား သွေးစစ်ဆေးချက်များဖြင့် စောင့်ကြည့်ဖို့ သုတေသီတွေ အကြံပြုထားပါတယ်။
■ ဂလိုင်စင်းကို ပရိုတိန်းကြွယ်ဝတဲ့ အစားအစာတွေမှာ သဘာဝအတိုင်း တွေ့ရပြီး ခန္ဓာကိုယ်ထဲမှာ အရေးပါတဲ့ကဏ္ဍက ပါဝင်ပါတယ်။
■ ဒါပေမဲ့ ဖြည့်စွက်ဆေးတွေကိုတော့ သတိထားပြီးမှ သုံးစွဲဖို့ အကြံပြုထားပါတယ်။
Source: Direct Message News
#World_Health
Published 20 March 2026
■ ဒီန်းမတ်နဲ့ ဩစတြေးလျရှိ တက္ကသိုလ်များမှ သုတေသီတွေက အူလမ်းကြောင်း ဘက်တီးရီးယားတွေအကြောင်းနဲ့ အူမကြီးကင်ဆာဖြစ်စေတဲ့ ဗိုင်းရပ်စ်အသစ်အကြောင်း နားလည်သိရှိဖို့ အတော်လေး နီးစပ်လာပါတယ်။
■ အူမကြီးကင်ဆာနဲ့ Bacteroides fragilis လို့ခေါ်တဲ့ ဘက်တီးရီးယားတို့ကြား ဆက်စပ်မှုအကြောင်း လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
■ ဒီဘက်တီးရီးယားဟာ ကျန်းမာသူတွေမှာလည်း တွေ့ရတတ်တာကြောင့် ကင်ဆာဖြစ်ပွားသူတွေမှာ သိသာတဲ့ကွဲပြားမှုကို သိချင်ခဲ့ကြပါတယ်။
■ ကင်ဆာလူနာတွေထဲက အူလမ်းကြောင်း ဘက်တီးရီးယားတွေကို ဆန်းစစ်ခဲ့ကြရာ B. fragilis က ဘက်တီရီယိုဖေ့ဂျ်တစ်ခု ချိတ်ပါလာပြီး အဲဒါက ဘက်တီးရီးယားအတွင်း ရှင်သန်ကာ ဆဲလ်တွေ ပျံ့ပွားအောင် လုပ်ယူပစ်ပါတယ်။
■ အူမကြီးကင်ဆာ ရှိသူတွေဟာ အူလမ်းကြောင်း ဘက်တီးရီးယားတွေထဲမှာ ဘက်တီရီယိုဖေ့ဂျ်ပမာဏ နှစ်ဆလောက်ပိုများတယ်လို့ အချက်အလက်တွေမှာ တွေ့ရပါတယ်။
■ လေ့လာချက်ကို အထောက်အထား သေချာမပြနိုင်သေးပေမယ့် ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားကြား တုံ့ပြန်လုပ်ဆောင်ပုံတွေအရ ကင်ဆာဖြစ်နိုင်ခြေ အကြောင်းအရင်း ဖြစ်နိုင်ပါတယ်။
■ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်းလောက်က အူလမ်းကြောင်း ပိုးမွှားစနစ်ဖွဲ့စည်းပုံအပါအဝင် ပတ်ဝန်းကျင်အကြောင်းအရာများနဲ့ သက်ဆိုင်နေပြီး နောက်ထပ်သုတေသနတွေ ပြုလုပ်ဖို့ အရေးကြီးနေပါတယ်။
■ နောက်ထပ်လေ့လာမှုတွေထဲမှာ ဗိုင်းရပ်စ်က B. fragilis ကို ဘယ်လိုသက်ရောက်နေလဲ၊ ကင်ဆာဖြစ်ပွားမှုမှာ ဘယ်လိုပါဝင်လဲဆိုတာ သိရဖို့နဲ့ ကုသနည်းတွေ စစ်ဆေးနည်းတွေ ရရှိလာနိုင်ဖို့ လိုအပ်ပါတယ်။
Source: Science Alert
Page 14 of 1145