NAY PYI TAW, September 21, 2025- According to a news release, a member of Myanmar's State Security and Peace Commission and Union Minister for Defense, General Maung Maung Aye, recently visited several advanced military technology companies in Beijing, People's Republic of China.
The news release stated that on the evenings of September 18 and 19, Defense Minister General Maung Maung Aye toured the Beijing-based companies and observed the production of unmanned aerial vehicles, aerospace technology components, and electronic warfare and air defense technology. He also discussed potential technological cooperation with company officials.
The delegation led by General Maung Maung Aye made these visits while attending the 12th Beijing Xiangshan Forum.
It was also reported that on the afternoon of September 17, General Maung Maung Aye met with Admiral Dong Jun, China's Minister of National Defense, at Beijing's Bayi Hall. The two officials had a candid and open exchange of views on a range of topics, including enhancing cooperation in various sectors of defense, maintaining stability and the rule of law in border regions, strengthening military technology collaboration, sending trainees for military training, and further solidifying the close familial ties between the two nations.
#ymg/knl
#World_Science
Published 21 September 2025
▪️ အန္တာတိကပြိုကွဲပြီး နှစ် ၄၀ နီးပါးအကြာမှာ သက်တမ်းအရင့်ဆုံးနဲ့ အကြီးမားဆုံး ရေခဲစိုင်ကြီးတစ်ခုဟာ နောက်ဆုံးမှာတော့ ပူနွေးတဲ့ရေထဲ ကွဲအက်သွားပြီဖြစ်ကာ ရက်သတ္တပတ်အတွင်း ပျောက်ကွယ်သွားနိုင်ပါတယ်။
▪️ ဒီရေခဲစိုင်ကြီးကို A23a လို့ အမည်ပေးထားကာ တစ်ထရီလီယံတန်ချိန်အောက် အနည်းငယ်သာလျော့ပြီး လန်ဒန်ထက် အရွယ်အစားနှစ်ဆကျော်လောက် ပိုကြီးပါတယ်။
▪️ အခုတော့ မူလထက် တဝက်အောက်သာ ကျန်ရှိတော့ကာ ၁၇၇၀ စတုရန်းကီလိုမီတာခန့် ရှိသေးတယ်လို့ AFP ဂြိုဟ်တုပုံရိပ်ဆန်းစစ်ချက်များအရ သိရပါတယ်။
▪️ ရေခဲစိုင်ကြီးကနေ အပိုင်းပိုင်းကွဲထွက်ကုန်ပြီး ပင်လယ်ပြင်က သင်္ဘောတွေကို ခြိမ်းခြောက်နေပါတယ်။
▪️ ရေပူနွေးလာတဲ့အတွက် ရေခဲအဖြစ် မထိန်းသိမ်းနိုင်တော့ဘဲ အဆက်မပြတ် အရည်ပျော်နေကာ လာမယ့်သီတင်းပတ်တွေမှာ ပျောက်ကွယ်သွားနိုင်တယ်လို့ ဗြိတိန်အန္တာတိတ်စစ်တမ်းမှ သမုဒ္ဒရာပညာရှင် အန်ဒရူးမိုင်ဂျာစ်က ပြောပါတယ်။
▪️ A23a ဟာ ၁၉၈၆ က အန္တာတိတ်ကမ်းရိုးတန်းကနေ ထွက်လာတာဖြစ်ပြီး ဝက်ဒယ်ပင်လယ်မှာ ကျောက်ချနေခဲ့ကာ နှစ် ၃၀ ကျော်ကြာအောင် သမုဒ္ဒရာကြမ်းပြင်မှာ ပိတ်မိနေခဲ့ပါတယ်။
▪️ ရေတွေပူနွေးလာခြင်းနဲ့ ဧရာမလှိုင်းကြီးတွေ တိုက်စားခြင်းကြောင့် ရုတ်တရက်ပြိုကွဲလာတယ်လို့ မိုင်ဂျာစ်က ပြောပါတယ်။
▪️ ရေခဲစိုင်အများစုက ဒီလောက်အထိ မခံကြပေမယ့် ဒီတစ်ခုကတော့ အလွန်ကြီးမားတဲ့အတွက် ပိုပြီးကြာရှည်ခံခဲ့တာ ဖြစ်ပါတယ်။
▪️ ရေခဲစိုင်တွေ အရည်ပျော်တာက သဘာဝဖြစ်စဉ်ဆိုပေမယ့် ပျော်တဲ့နှုန်းမြင့်မားလာတာက လူသားတွေလုပ်ရပ်ကြောင့် ရာသီဥတုဖောက်ပြန်မှုနဲ့ သက်ဆိုင်နေပါတယ်။
Source: India Today.
#World_Health
Published 21 September 2025
▪️ နှလုံးဖောက်ခြင်းဖြစ်ရတာဟာ သွေးကြောတွေ ပိတ်ဆို့တာကြောင့်လို့ လူအများစု ထင်ကြပါတယ်။
▪️ ဒါဟာ အသက်ကြီးသူတွေအတွက်တော့ မှန်ကန်ပေမယ့် အသက် ၆၅ နှစ်အောက် အထူးသဖြင့် အမျိုးသမီးတွေမှာတော့ အခြားအကြောင်းအရင်းတွေ ရှိနေပါတယ်။
▪️ အသက် ၆၅ နှစ်အောက် အမျိုးသားတွေမှာ နှလုံးဖောက်ခြင်းရဲ့ ၇၅ ရာခိုင်နှုန်းက သွေးကြောပိတ်လို့ဆိုပေမယ့် အမျိုးသမီးတွေမှာတော့ ၄၇ ရာခိုင်နှုန်းသာ ပတ်သက်တာကြောင့် အခြားအကြောင်းအရင်းများစွာ ရှိနေပါတယ်။
▪️ ဒီထဲကတစ်ခုက နှလုံးသွေးကြောပြတ်ခြင်းဖြစ်ပြီး သွေးကြောထဲမှာ စုပြုံမှုမရှိဘဲ သွေးစီးဆင်းမှု ပိတ်သွားတာဖြစ်ပါတယ်။
▪️ ဒီအခြေအနေကို တစ်ခါတလေမှာ မှားယွင်းစွာကုသမိပြီး သာမန်နှလုံးဖောက်ခြင်းလို့ ယူဆလိုက်ရင် အန္တရာယ်ပိုများစေနိုင်ပါတယ်။
▪️ နောက်ထပ်အချက်တွေထဲမှာ သွေးအားနည်းခြင်း၊ ရောဂါကူးစက်ခြင်းတို့ ပါဝင်ပါတယ်။
▪️ ဒီအခြေအနေတွေကြောင့် နှလုံးဖောက်ရင် အသက်အန္တရာယ်ဖြစ်နှုန်းများပါတယ်။
▪️ အကြောင်းအရင်းလွဲမှားစွာ ရောဂါရှာဖွေမိပြီး မမှန်ကန်စွာ ကုသမိပါက ဘေးအန္တရာယ်ပိုဖြစ်စေနိုင်ပါတယ်။
▪️ ဒါကြောင့် ရောဂါကိုသိရှိပြီး တိကျစွာထုတ်ဖော်ဖို့က အရေးကြီးကာ နှလုံးရောဂါလူနာတွေမှာ ရလဒ်ကောင်းစေမှာဖြစ်ပါတယ်။
▪️ အမျိုးသမီးငယ်တွေရင်ဆိုင်နေရတဲ့ ဒီလက္ခဏာတွေကို ဖြေရှင်းနိုင်ဖို့ သုတေသနပိုင်းမှာ ရင်းနှီးမြှုပ်နှံပြီး လမ်းညွှန်ချက်တွေ ဖော်ပြဖို့က အရေးပါနေပါတယ်။
Source: Times of India
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗြိတိန်ပြည်ထောင်စုသို့ လူထုဆန္ဒပြမှုများကြားကနေ ဗုဒ္ဓဟူးနေ့က စတင်သွားရောက်ခဲ့ပြီး ဝင်ဆာရဲတိုက်မှာ
ချားလ်စ်ဘုရင်(၃)နဲ့ တွေ့ဆုံခဲ့ပါတယ်။
#World_Politics
Published 20 September 2025
#အမေရိကန်သမ္မတဒေါ်နယ်ထရမ့် #ချားလ်စ်ဘုရင်
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 20 September 2025
▪️ မြန်မာနိုင်ငံသို့ နျူကလီးယား နည်းပညာအကူအညီပေးရေး အစီအစဉ်များနှင့်ပတ်သက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA) အကြီးတန်းအရာရှိကြီးများ စက်တင်ဘာ ၁၈ ရက်က ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
▪️ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ (၆၉)ကြိမ်မြောက် အထွေထွေ ညီလာခံ ကျင်းပနေစဉ်ကာလအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
▪️ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးမင်းသိမ်းသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊အဏုမြူစွမ်းအင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိင်္ဂီမောင်မောင်နှင့်အတူ IAEA ၏နည်းပညာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ အာရှနှင့်ပစိဖိတ်ဒေသဌာန ညွှန်ကြားရေးမှူး Mr. Ge Deng ဦးဆောင်သောအဖွဲ့နှင့် ၁၈-၉-၂၀၂၅ ရက်၊ နံနက် ၁၁ ၃၀ နာရီတွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
▪️ တွေ့ဆုံကြစဉ် လက်ရှိ ၂၀၂၄-၂၀၂၅ စက်ဝန်းအောက်မှ မြန်မာနိုင်ငံအတွက် နည်းပညာအကူအညီပေးရေး အစီအစဉ်များအကောင်အထည်ဖော်ရာတွင် တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်လို့သိရပါတယ်။
▪️ ယင်းနေ့မွန်းလွဲပိုင်းတွင် အဆိုပါမြန်မာကိုယ်စားလှယ်အဖွဲ့သည် IAEA နျူကလီးယားစွမ်းအင်ဌာန၊ နျူကလီးယားအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဌာနခွဲအကြီးအကဲ Ms. Liliya Dulinets ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သော စည်းမျဉ်းဥပဒေနှင့်နည်းပညာဆိုင်ရာ အကူအညီများရရှိရေးဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
▪️ မြန်မာနိုင်ငံသည် နျူကလီးယားစွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကနဦးလုပ်ငန်းတွေဆောင်ရွက်နေစဉ်အတွင်း ယခုလိုတွေ့ဆုံမှုတွေရှိလာခဲ့ခြင်းဖြစ်ပါတယ်။
#YMG/KNL #Yangon_Times
#World_News
Published 20 September 2025
▪️ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က H-1B အလုပ်သမားဗီဇာအတွက် ကုမ္ပဏီများကို တစ်နှစ်လျှင် ဒေါ်လာတစ်သိန်းပေးရန် တောင်းဆိုသွားမယ်လို့ သောကြာနေ့က ပြောကြားလိုက်ရာ အိန္ဒိယနဲ့ တရုတ်မှ ကျွမ်းကျင်လုပ်သားများအပေါ် မှီခိုနေရတဲ့ နည်းပညာကဏ္ဍ အကြီးအကျယ် အခက်ကြုံရနိုင်ဖွယ် ရှိနေပါတယ်။
▪️ H-1B ဗီဇာအစီအစဉ် ပြန်လည်ပုံသွင်းမယ့် ခြေလှမ်းဟာ ယာယီအလုပ်သမားဗီဇာတွေကို ပြန်လည်ပြုပြင်သွားဖို့ အစိုးရအားထုတ်မှုသဘော ဖြစ်ပါတယ်။
▪️ လူတွေကို လေ့ကျင့်သင်ကြားပေးချင်တယ်ဆိုရင် တိုင်းပြည်အနှံ့ တက္ကသိုလ်ကြီးတွေမှ အမေရိကန်ဘွဲ့ရတွေကို လေ့ကျင့်ရမှာဖြစ်ကြောင်း၊ တိုင်းတစ်ပါးကလူတွေကို အလုပ်နေရာပေးတာတွေ ရပ်တန့်သင့်ကြောင်း အမေရိကန် စီးပွားကူးသန်းဝန်ကြီး ဟောင်းဝပ်လုနစ်က ပြောပါတယ်။
▪️ ယခု ထရမ့်အားထုတ်နေတဲ့ နည်းပညာကဏ္ဍဟာ သမ္မတရွေးကောက်ပွဲစည်းရုံးရေးတွေမှာ ဒေါ်လာသန်းနဲ့ချီ ပါဝင်ထောက်ပံ့ထားတာ ဖြစ်ပါတယ်။
ဒီအစီအစဉ်က အမေရိကန်လုပ်သားတွေရဲ့ လုပ်အားလစာတွေ နည်းစေပြီး ထိခိုက်စေမယ်လို့ ဆိုနေကြပါတယ်။
▪️ အိန္ဒိယက H-1B ဗီဇာအကျိုးခံစားခွင့်တွေရဲ့ ၇၁ ရာခိုင်နှုန်းရထားကာ Amazon နဲ့ Microsoft တို့လို ကုမ္ပဏီကြီးတွေက ဒီပေါ်မှာ များစွာမှီထိုနေရပါတယ်။
▪️ တောင်းဆိုမှုနှုန်းထားကြောင့် ကုမ္ပဏီတွေအနေနဲ့ နိုင်ငံရပ်ခြားသို့ လုပ်ငန်းပြောင်းရွှေ့ရဖွယ်ရှိလာပြီး AI နဲ့ ဆန်းသစ်တီထွင်မှုကဏ္ဍတွေမှာ အမေရိကန်ရဲ့ ရပ်တည်မှုကို သက်ရောက်လာနိုင်ပါတယ်။
▪️ ဒေါ်လာတစ်သန်းတန်ဖိုးရှိတဲ့ Gold Card နေထိုင်ရေးအစီအစဉ်အတွက်လည်း သမ္မတအမိန့်လက်မှတ်ရေးထိုးခဲ့ပါတယ်။
Source: Reuters
NAY PYI TAW, September 20, 2025 - A Myanmar delegation met with senior officials from the International Atomic Energy Agency (IAEA) on September 18 in Vienna, Austria, to discuss nuclear technology assistance programs for Myanmar.
According to a press release from the Myanmar Ministry of Foreign Affairs, the meeting took place during the IAEA's 69th General Conference. The Myanmar delegation, led by Ambassador U Min Thein, Permanent Representative of Myanmar to the UN and other international organizations in Vienna, and Dr. Theingi Maung Maung, Director-General of the Department of Atomic Energy under the Ministry of Science and Technology, met with a team led by Mr. Ge Deng, Director of the Division for Asia and the Pacific, Department of Technical Cooperation at the IAEA. The meeting was held at 11:30 AM on September 18, 2025, at the Vienna International Centre.

During the meeting, they discussed the progress of the technical assistance programs for Myanmar under the current 2024-2025 cycle.
In the afternoon of the same day, the Myanmar delegation also met with a team led by Ms. Liliya Dulinets, Head of the Nuclear Infrastructure Development Section, Department of Nuclear Energy at the IAEA. The discussion focused on obtaining regulatory and technical assistance for the development of Myanmar's nuclear energy infrastructure.
These meetings took place as Myanmar is undertaking initial activities to develop its nuclear energy sector.
#knl/ymg
Page 112 of 1145