#World_Science
Published 20 September 2025
▪️ နို့တိုက်သတ္တဝါတွေ၊ လူသားတွေ၊ ကြောင်တွေ၊ ဝေလငါးတွေ၊ လင်းနို့တွေ၊ ကျားတွေ၊ ခွေးတွေဟာ ဆုံးဖြတ်ချက်ချရာမှာ ဦးနှောက်နေရာတစ်ခုတည်းကို မှီခိုတယ်လို့ သိပ္ပံပညာရှင်တွေ ယုံကြည်ခဲ့ကြပါတယ်။
▪️ ယခုလေ့လာချက်အသစ်မှာတော့ နို့တိုက်သတ္တဝါတွေဟာ ဒီလုပ်ငန်းစဉ်အတွက် ဦးနှောက်နေရာ အများအပြားကို အသုံးပြုကြတယ်လို့ တွေ့ရှိလာပါတယ်။
▪️ လက်ရှိမှာ ဆုံးဖြတ်ချက်ချဖို့ အဓိကကျတဲ့ နေရာကြီးနှစ်ခုက PFC နဲ့ ဟစ်ပိုကမ်းပက်စ်တို့ဖြစ်ပါတယ်။
▪️ PFC က အစီအစဉ်ချခြင်း၊ ဆန်းစစ်ခြင်း၊ ရွေးချယ်ခြင်းတို့ကို ပြုလုပ်ပေးပြီး ဟစ်ပိုကမ်းပက်စ်ကတော့ ဆုံးဖြတ်ချက်ချစဉ်မှာ PFC နဲ့ အပြန်အလှန် လုပ်ဆောင်ပါတယ်။
▪️ Written ဓာတ်ခြွခန်းမှ တွဲဖက်သုတေသနပညာရှင် အယ်လီယန်ဒရိုပန်ဗက်ကွက်ဇ်နဲ့ အဖွဲ့က ကြွက် ၁၃၉ ကောင်မှ ဦးနှောက်နေရာပေါင်း ၂၇၉ ခုရဲ့ နျူရွန် ၆ သိန်းကျော်လှုပ်ရှားမှုကို လေ့လာခဲ့ကြပါတယ်။
▪️ ဒီအခါမှာ ဆုံးဖြတ်ချက်ချခြင်းက ယခင်ထင်ထားသလို မဟုတ်ဘဲ ဦးနှောက်နေရာအများအပြားနဲ့ သက်ဆိုင်နေတယ်လို့ ကောက်ချက်ချရပါတယ်။
ဆုံးဖြတ်ချက်ချခြင်းက ရှုပ်ထွေးတဲ့ဖြစ်ရပ်ဖြစ်တာကြောင့် ဒီလေ့လာချက်က အနာဂတ်အတွက် အခြေခံအုတ်မြစ်ဖြစ်လာမယ်လို့ သုတေသီတွေ ယူဆထားပါတယ်။
▪️ ဒါ့အပြင် တွေ့ရှိချက်အသစ်တွေအတွက် လမ်းကြောင်းတွေ ဖြစ်လာနိုင်ကာ ဆုံးဖြတ်ချက်တွေ ဘယ်လိုချလဲဆိုတာကို ပုံဖော်ပေးနိုင်ပါလိမ့်မယ်။
▪️ ဒီလေ့လာချက်ဟာ အရေးပါတဲ့ အောင်မြင်မှုဖြစ်ပြီး အစသာရှိသေးကာ နောက်ထပ်အခွင့်အလမ်းပေါ်ပေါက်လာမယ်လို့ သုတေသနပြုစုသူ တာတီယာနာအန်ဂျယ်က ပြောသွားပါတယ်။
Source: India Today.
#World_Health
Published 20 September 2025
▪️ နှလုံးသွေးကြောပြဿနာရှိတဲ့ လူနာတွေမှာ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းတို့မှ ကာကွယ်နိုင်ရန် သွေးကျဲဆေး အက်စပရင်ပမာဏအနည်းငယ်ကို နေ့စဉ်သုံးစွဲခိုင်းလေ့ရှိပါတယ်။
▪️ ဒါပေမဲ့ သုတေသနအသစ်မှာတော့ နောက်ထပ်ဆေးတစ်မျိုးက ပိုပြီးထိရောက်မှုရှိတယ်လို့ တွေ့ရှိထားပါတယ်။
▪️ အမေရိကန်၊ ယူကေ၊ ဩစတြေးလျ၊ ဆွစ်ဇာလန်၊ ဂျပန်တို့လို နိုင်ငံများမှ နိုင်ငံတကာဆေးအဖွဲ့များ ဦးဆောင်ပြီး နှလုံးသွေးကြောရောဂါရှိတဲ့ လူနာပေါင်း ၂၉,၀၀၀ နီးပါးကို လေ့လာဆန်းစစ်ခဲ့ရာမှာ ကလိုပီဒိုဂရယ်က နှလုံးနဲ့ လေဖြတ်ခြင်းအန္တရာယ်တို့ ကာကွယ်ရာမှာ အက်စပရင်ထက်ပိုကောင်းပြီး သွေးယိုထွက်ခြင်းမျိုး ဖြစ်နိုင်ခြေမများစေဘူးလို့ လေ့လာချက်ထဲမှာ ဖော်ပြထားပါတယ်။
▪️ ကလိုပီဒိုဂရယ် ရေရှည်ကုသခြင်းက အက်စပရင်နဲ့ယှဉ်ရင် နှလုံးသွေးကြောနဲ့ ဦးနှောက်သွေးကြောဖြစ်ရပ်ကြီးတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
▪️ ကလိုပီဒိုဂရယ်က သွေးတွေခဲခြင်းမှ ကာကွယ်ပေးကာ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ လျှော့ချပေးကြောင်း အိန္ဒိယနှလုံးကောလိပ်မှ ဒေါက်တာစီအမ်နာဂျက်ရှ်က ပြောပါတယ်။
▪️ လက်တွေ့မှာတော့ လူတွေဟာ ကျန်းမာရေးအခြေအနေ အမျိုးမျိုးရှိကြတာကြောင့် အက်စပရင်နဲ့ ကလိုပီဒိုဂရယ်ကြား ရွေးချယ်နိုင်ပါတယ်။
▪️ အက်စပရင်အသုံးပြုနေတဲ့ လူနာတွေအနေနဲ့ ဆေးကိုချက်ချင်းမပြောင်းဘဲ ဆရာဝန်တွေနဲ့ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။
▪️ ကလိုပီဒိုဂရယ်က ဆေးညွှန်းပိုင်းမှာ ပိုပြီးသင့်လျော်ပေမယ့် နောက်ထပ်လေ့လာချက်တွေ ပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။
Source: Indian Express
အစ္စရေးလ်စစ်တပ်က ထွက်ပြေးတိမ်းရှောင်ရန် အမိန့်ထုတ်ပြန်ပြီးနောက် ခဏအကြာမှာပဲ ဂါဇာကမ်းမြောင်မှ အမြင့်မားဆုံးအဆောက်အဦဖြစ်တဲ့ အယ်ဂါဖရီမျှော်စင်ဟာ တနင်္လာနေ့ကပြိုကျသွားပြီဖြစ်ပါတယ်။
#World_News
Published 19 September 2025
#အစ္စရေးလ်စစ်တပ် #အယ်ဂါဖရီမျှော်စင်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 19 September 2025
▪️ လက်ယာနိုင်ငံရေးလှုပ်ရှားသူ ချာလီကာ့ခ် လုပ်ကြံခံရပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်ဝဲဝါဒီအဖွဲ့များအပေါ် အရေးယူဆောင်ရွက်မှုအသစ်များ ပြုလုပ်သွားမယ့်သဘော ဗုဒ္ဓဟူးနေ့က ပြောသွားကာ ဖက်ဆစ်ဆန့်ကျင်ရေး(antifa) လှုပ်ရှားတဲ့အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပစ်မှတ် လိုက်ပါတယ်။
▪️ antifa ကို ငွေကြေးထောက်ပံ့သူတွေဟာ ဥပဒေစံနှုန်းသတ်မှတ်ချက်တွေဖြင့် အပြည့်အဝ စုံစမ်းစစ်ဆေးခံသွားရမယ်လို့ ထရမ့်က Truth Social မှာ ဖော်ပြခဲ့ပါတယ်။
▪️ Antifa က ရှင်းလင်းတဲ့ ခေါင်းဆောင်ပိုင်းဖွဲ့စည်းပုံစနစ်မရှိဘဲ လွတ်လပ်တဲ့ လှုပ်ရှားရေးတစ်ခုသာဖြစ်တယ်လို့ ကျွမ်းကျင်သူများ ဆိုထားပါတယ်။
▪️ ချာလီကာ့ခ်ကို လုပ်ကြံသူခဲ့သူကို ဥပဒေစွဲချက်တင်ပြီး တစ်ရက်အကြာမှာ အသက် ၂၂ နှစ်အရွယ် တိုင်လာရော်ဘင်ဆန်ကို ပြင်ပအဖွဲ့တစ်ခုနဲ့ ဆက်စပ်တဲ့ သက်သေအထောက်အထားတွေ မတွေ့ရသေးပါဘူး။
▪️ လုပ်ကြံရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးလည်း မေးစရာတွေ ဖြစ်နေပါတယ်။
▪️ ထရမ့်နဲ့ ရာထူးမြင့်အရာရှိများကတော့ ကာ့ခ်လုပ်ကြံခံရမှုအပေါ် ရှေးရိုးစွဲဝါဒီတွေကို ရန်လိုစိတ်ရှိနေတဲ့ လက်ဝဲအုပ်စုများကိုပဲ အပြစ်တင်နေကြပါတယ်။
▪️ ဒုဥက္ကဌဂျေဒီဗန့်စ်ကလည်း ဒီလုပ်ကြံမှုအတွက် လက်ဝဲနိုင်ငံရေးသမားများကို အပြစ်တင်နေပါတယ်။
▪️ ကာ့ခ်လုပ်ကြံခံရတာကို အကြောင်းပြပြီး ထရမ့်ကပြိုင်ဘက်နိုင်ငံရေးသမားများကို ဖြိုခွင်းသွားနိုင်တယ်လို့ ဝေဖန်သူတွေ သုံးသပ်နေကြပါတယ်။
Source: Reuters
#World_Health
Published 19 September 2025
▪️ ကလေးတွေ ဗိုက်ဆာတယ်ပြောရင် မိဘတွေက မုန့်ထုပ်တွေကျွေးလေ့ရှိကြပါတယ်။
▪️ ဒါပေမဲ့ ဒါဟာ ကလေးဘဝတည်းက အဝလွန်ခြင်းနဲ့ သက်ဆိုင်တဲ့ပြဿနာအချို့ ဖြစ်လာနိုင်ပါတယ်။
▪️ မုန့်တွေက ကလေးတွေရဲ့ နေ့စဉ်စားသောက်စရာထဲမှာ ဖြည်းဖြည်းချင်း ပါဝင်ပတ်သက်လာပါတယ်။
▪️ ကလေးစားတဲ့ မုန့်အများစုဟာ အဆင့်ဆင့်ထုပ်ပိုးထုတ်လုပ်ပြီး သကြား၊ ဆား၊ ပြည့်ဝဆီ၊ စွဲလမ်းစေတဲ့အရာများ အများအပြားပါဝင်ပါတယ်။
▪️ မုန့်တွေ၊ အချိုရည်တွေ စားသုံးမှုများခြင်းနဲ့ အဝလွန်ခြင်း၊ ဆီးချို၊ သွေးတိုး၊ ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးမှုပြဿနာများကြား တိုက်ရိုက်ဆက်စပ်နေကြောင်း ဖော်ပြလာကြပါတယ်။
▪️ အစ္စရေးလ်ကျန်းမာရေးဝန်ကြီးဌာန အချက်အလက်များအရ အသက် ၆ နှစ် ၁၁ နှစ်ကြား ကလေး ၃ ပုံ ၁ ပုံလောက်ဟာ အဝလွန်ခြင်း ခံစားနေရတယ်လို့ ဆိုပါတယ်။
▪️ လူကြီးတွေမှာ ဖြစ်တတ်တဲ့ ဆီးချိုအမျိုးအစား(၂)ဟာ ကလေးတွေမှာလည်း အဖြစ်များလာပါတယ်။
▪️ ကလေးတစ်ယောက် မုန့်ကို ပုံမှန်စားတဲ့အခါ ကာဗိုဟိုက်ဒရိတ်မရဘဲ ထုတ်လုပ်တဲ့အဆီတွေသာစားမိပြီး ကိုယ်အလေးချိန် မြင့်တက်လာစေပါတယ်။
▪️ ဒီလိုကလေးဟာ အခြားအစားအစာတွေ မစားလိုတော့ဘဲ မုန့်ကိုပဲ စားချင်နေပါတယ်။
▪️ ယနေ့ခေတ်မှာ ကိုယ်လက်လှုပ်ရှားမှု နည်းလာသလို ဒီဂျစ်တယ်ပစ္စည်းကြည့်ရှုချိန် များလာတဲ့အတွက်လည်း ကလေးတွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တော့ပါဘူး။
▪️ မုန့်တွေကို လုံးဝမကျွေးဘဲနေဖို့ကတော့ လက်တွေ့မဆန်တာကြောင့် အကန့်အသတ်ဖြင့် သတ်မှတ်ပေးသင့်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းရွက်တွေ၊ အသီးအနှံတွေ၊ ပရိုတိန်းတွေကို ဦးစားပေးကျွေးသင့်ပါတယ်။
Source: The Jerusalem Post
#World_Health
Published 19 September 2025
▪️ လေ့လာချက်တစ်ခုအရ အိမ်သာထဲ စမတ်ဖုန်းအသုံးပြုသူတွေဟာ လိပ်ခေါင်းဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုများစေတယ်လို့ တွေ့ရှိထားပါတယ်။
▪️ လူ ၁၂၅ ယောက်ကို အိမ်သာထဲ ဖုန်းယူခိုင်းပြီး ဆန်းစစ်ရာမှာ ၃ ပုံ ၂ ပုံက အိမ်သာတက်ရင်း ဖုန်းအသုံးပြုတယ်လို့ ဝန်ခံခဲ့ပါတယ်။
▪️ ဒီနောက် သူတို့ရဲ့ အိမ်သာတက်တဲ့ အလေ့အကျင့်တွေ၊ ကျန်းမာရေးအခြေအနေ၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး မေးခွန်းမေးခဲ့ကြကာ အူမကြီးမှန်ပြောင်းကြည့်ခဲ့ကြပါတယ်။
▪️ သူတို့ထဲက ၃၇ ရာခိုင်နှုန်းက ၅ မိနစ်ကျော်အောင် အိမ်သာထဲထိုင်ခဲ့ကြကာ သူတို့ဟာ ဖုန်းအသုံးပြုခြင်းကြောင့် အိမ်သာတက်ချိန် ကြာမြင့်လာတာကို သတိမထားမိကြပါဘူး။
▪️ ဒီအတွက် ဒီလိုမျိုး အိမ်သာတက်ချိန် ကြာမြင့်သူတွေမှာ လိပ်ခေါင်းဖြစ်နိုင်ခြေ ၄၆ ရာခိုင်နှုန်း ပိုများနေတယ်လို့ တွေ့ခဲ့ကြပါတယ်။
▪️ ဒီလေ့လာချက်ကို အသက် ၄၅ နှစ်နဲ့အထက် လူတွေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ငယ်ရွယ်သူတွေနဲ့သာ စမ်းသပ်ရင် အိမ်သာတက်ရင်း ဖုန်းမသုံးသူ ရှိမှာမဟုတ်ပါဘူး။
▪️ အိမ်သာတက်ရင်း ဖုန်းအသုံးပြုခြင်းနဲ့ လိပ်ခေါင်းဖြစ်ခြင်းတို့ကြား ဆက်စပ်မှုသေချာအောင် အိမ်သာထဲမှာ ဖုန်းအသုံးမပြုခိုင်းဘဲနဲ့ စမ်းသပ်သွားဦးမှာလည်း ဖြစ်ပါတယ်။
▪️ ဝမ်းသွားရခက်ခဲခြင်းမျိုးက လိပ်ခေါင်းဖြစ်စေတယ်ဆိုတဲ့ အယူအဆကိုတော့ ပယ်ချလိုက်ကာ အိမ်သာထဲ ကြာကြာထိုင်ခြင်းက ပိုပြီးအန္တရာယ်များတယ်လို့ ဖော်ပြထားပါတယ်။
Source: WION.
တရုတ်ထိပ်တန်းလျှပ်စစ်ကားထုတ်လုပ်ရေး BYD က မျိုးဆက်သစ် e-Bus Platform 3.0 နဲ့ C11 မော်ဒယ်တိုကို မိတ်ဆက်လိုက်ကာ အောက်ခံထည်ဘက်ထရီနည်းပညာ ပေါင်းစပ်ထားတဲ့ ဘက်ထရီစနစ်နဲ့အတူ ဒိုမိန်း ၁၀၀၀ ဗိုအားဖြင့် တည်ဆောက်ထားတဲ့ ပထမဆုံးလျှပ်စစ်ဘတ်စ်ကား ဖြစ်လာပါတယ်။
#World_Industry
Published 18 September 2025
#BYD #လျှပ်စစ်ဘတ်စ်ကား
#YMG #Yangon_Times #Yangon_Media_Group
Page 113 of 1145