#World_News
Published 25 September 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကုလသမဂ္ဂရောက်စဉ်မှာ နည်းပညာပိုင်း အခက်အခဲများစွာ ကြုံခဲ့ရပြီးနောက် သုံးခါပြန် ဖျက်လိုဖျက်ဆီးလုပ်တယ်လို့ ကုလသမဂ္ဂကို စွပ်စွဲလိုက်ကာ စုံစမ်းစစ်ဆေးမှုများ၊ ဖမ်းဆီးမှုများပြုလုပ်ရန် တောင်းဆိုလိုက်ပါတယ်။
▪️ ထရမ့်ဟာ အလုပ်မလုပ်တဲ့ စက်လှေကား၊ စာသားပြကင်မရာဘေးတွဲစက်တို့ဖြင့် ကြုံခဲ့ရကာ အထွေထွေညီလာခံသို့ မိန့်ခွန်းပြောစဉ်မှာ အသံလုံးဝပိတ်နေတယ်လို့ အသိပေးခံခဲ့ရပါတယ်။
▪️ ဒါဟာ တိုက်ဆိုင်မှု မဟုတ်ကြောင်း၊ သုံးကြိမ်တိုင် ဖျက်လိုဖျက်ဆီးလုပ်တာဖြစ်ကြောင်း၊ ကုလအနေနဲ့ အရှက်ရသင့်ကြောင်း ထရမ့်က စက်တင်ဘာ ၂၄ ရက်နေ့က ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
▪️ ဒါနဲ့ ပတ်သက်ပြီး ကုလကတုံ့ပြန်ပြောကြားခြင်း မရှိသေးပါဘူး။
▪️ ကုလပြောရေးဆိုခွင့်ရှိသူ စတက်ဖာနီဒူဂျာရစ်က ဓာတ်လှေကားဖြစ်ရပ်ကို စစ်ဆေးခဲ့ရာမှာ ထရမ့်အဖွဲ့ဝင်တစ်ဦးကြောင့်ပဲ စက်လှေကား အလုပ်မလုပ်တာ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
▪️ အမေရိကန် ကိုယ်စားလှယ်အဖွဲ့က ထရမ့်ရောက်ရှိလာတာကို ကင်မရာရိုက်နေရင်း စက်လှေကားကို နောက်ပြန်စီးလာတယ်လို့ ဒူဂျာရစ်က ပြောပါတယ်။
▪️ ထိုအခါမှာ ကင်မရာသမားက ဘေးကင်းရေးခလုတ်ကို ထိမိသွားပြီးနောက် စက်လှေကားရပ်တန့်သွားခဲ့တယ်လို့ စစ်ဆေးတွေ့ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
▪️ အမေရိကန်က သူတို့ရဲ့ တယ်လီပရွမ်တာစက် ကိုပဲ အသုံးပြုခဲ့တယ်လို့ ကုလအရာရှိတစ်ဦးက ပြောပါတယ်။
▪️ အထွေထွေညီလာခံဥက္ကဌ အန်နာလီနာဘာဘော့ခ်က ကုလရဲ့ တယ်လီပရွမ်တာစက်တွေ ကောင်းကောင်းအလုပ်လုပ်တယ်လို့ ပြောသွားပါတယ်။
▪️ အဆိုပါ နည်းပညာချို့ယွင်းမှုများအတွက် လျှို့ဝှက်စုံစမ်းရေးအဖွဲ့က စစ်ဆေးကြည့်ရှုသွားမယ်လို့ ကုလသံအမတ် မိုက်ခ်ဝေါ့ဇ်နဲ့ ထရမ့်တို့က ပြောသွားပါတယ်။
Source: USA Today
#World_Health
Published 25 September 2025
▪️ ရုရှားမှထုတ်လုပ်ထားတဲ့ mRNA အမျိုးအစား ကင်ဆာကာကွယ်ဆေးတစ်မျိုးက လက်တွေ့စမ်းသပ်မှုတွေမှာ ၁၀၀ ရာခိုင်နှုန်း ဘေးကင်းထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
▪️ Enteromix ကာကွယ်ဆေးဟာ စမ်းသပ်မှုများအတွင်း အကျိတ်ကြီးတွေကို အရွယ်အစားလျှော့ချပေးပြီး ကင်ဆာဖျက်ဆီးစေနိုင်ခဲ့ပါတယ်။
▪️ အခုအချိန်မှာ စတင်ဖြန့်ဖြူးဖို့အတွက် ကျန်းမာရေးဝန်ကြီးဆီကနေ နောက်ဆုံးအသိအမှတ်ပြုချက် စောင့်ဆိုင်းနေပါတယ်။
▪️ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေလိုမျိုး mRNA နည်းပညာအခြေပြုတဲ့ ပထမဆုံး ကင်ဆာကာကွယ်ဆေးဖြစ်ပြီး ကင်ဆာဆဲလ်တွေကို တိကျစွာ ပစ်မှတ်ထားရှင်းလင်းစေနိုင်ရန် ကိုယ်ခံအားမြှင့်တင်ရေးပုံစံ ထုတ်လုပ်ထားတာကြောင့် တစ်ကမ္ဘာလုံးမှ ကင်ဆာလူနာတွေအတွက် မျှော်လင့်ချက်ဖြစ်လာနိုင်ပါတယ်။
▪️ Enteromix က ကြွက်သားအတွင်းထဲ ထိုးသွင်းရတာဖြစ်ပြီး ရုရှားမှ ကင်ဆာဌာနအများအပြားမှာ အစောပိုင်းလက်တွေ့အသုံးချနေပြီ ဖြစ်ပါတယ်။
▪️ လူနာတွေနဲ့ စမ်းသပ်ရာမှာ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိခဲ့ဘူးလို့ သိရပါတယ်။
▪️ ရုရှားကျန်းမာရေးဝန်ကြီးဌာနရဲ့ အမျိုးသားဆေးသုတေသန ဓာတ်ရောင်ခြည်ဌာနနဲ့ ရုရှားသိပ္ပံအကယ်ဒမီရဲ့ Engelhardt မော်လီကျူးဇီဝဗေဒတက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
▪️ သမားရိုးကျ ကင်ဆာကုသနည်းတွေ ခံနိုင်ရည်မရှိတဲ့ လူနာတွေအနေနဲ့ ဒီကာကွယ်ဆေးကို မျှော်လင့်နိုင်ပြီဖြစ်ပါတယ်။
Source: WION
#World_Science
Published 26 September 2025
▪️ သင်္ဘောပျက်တွေ၊ လေယာဉ်ပျက်တွေ၊ သာမန်မဟုတ်တဲ့ ဖြစ်စဉ်တွေ နှစ်ပေါင်း ၅၀၀ ကျော်ကြာအောင် ရှိနေတဲ့ ဘာမြူဒါတြိဂံရဲ့ ဆန်းကြယ်မှုကို သိပ္ပံပညာရှင်တစ်ဦး ဖြေရှင်းနိုင်ပြီလို့ ဆိုလာပါတယ်။
▪️ အတ္တလန္တိတ်သမုဒ္ဒရာရှိ သေချာသတ်သတ်မှတ်မှတ် မရှိတဲ့ ဘူမိဒေသကြီးဟာ အစွန်းရောက်ဖြစ်စဉ် ကြီးစိုးနေတယ်လို့ ဆောက်သမ်တန်တက္ကသိုလ်မှ သမုဒ္ဒရာပညာရှင် ဒေါက်တာ ဆိုင်မွန်ဘောက်ဆဲလ်က ပြောပါတယ်။
▪️ ကြမ်းတမ်းလွန်းတဲ့ လှိုင်းကြီးတွေဟာ ပေ ၁၀၀ လောက်မြင့်ပြီး သင်္ဘောတွေကို ဝါးမျိုကာ တစ်ခါတရံမှာ ထက်ခြမ်းကွဲသွားစေပြီး ပျောက်ကွယ်သွားစေတယ်လို့ ပြောလာပါတယ်။
▪️ တောင်နဲ့မြောက်သို့ တိုက်ခတ်တဲ့ မုန်တိုင်းတွေ ပူးပေါင်းသွားပြီး ဖလော်ရီဒါမှ နောက်ထပ်တစ်ခုပါ ထပ်တိုးလာရင် အန္တရာယ်များလွန်းတဲ့ လှိုင်းကြီးတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
▪️ ကုန်တင်သင်္ဘောကြီးတွေတောင် အဆိုပါအဖျက်လှိုင်းကြီးတွေကြောင့် ပျက်စီးသွားနိုင်တယ်လို့ ပြောပါတယ်။
▪️ ၁၉၁၈ ခုနှစ်က ဘာမြူဒါတြိဂံမှာ ပျောက်ကွယ်သွားခဲ့တဲ့ USS Cyclops လေယာဉ်တင်သင်္ဘောကြီး ပျက်စီးတဲ့ပုံစံအတိုင်း သူတို့အဖွဲ့က ပြန်လည်သရုပ်ဖော်ခဲ့ပါတယ်။
▪️ လှိုင်းလုံးကြီးအမြင့်ကြီးတွေက သင်္ဘောကို ဖုံးလွှမ်းသွားပြီး သင်္ဘောအောက်ခြေက ပေါလောဖြစ်စေပါတယ်။
▪️ ဖိအားပြင်းထန်မှုက သင်္ဘောပျက်စီးပြီး ချက်ချင်းနစ်မြုပ်သွားစေတယ်လို့ ဆိုပါတယ်။
▪️ ဘာမြူဒါ၊ ပွာတိုရီကို၊ မိုင်ယာမီတို့ကြားမှာရှိတဲ့ ထိုနေရာဟာ ခရစ္စတိုဖာကိုလံဘက်စ် သမုဒ္ဒရာပြာကို ဖြတ်သန်းတည်းက အထူးစောင့်ကြည့်ခံလာရပါတယ်။
▪️ ထိုနေရာမှာ လူပေါင်းများစွာ ပျောက်ကွယ်သွားခဲ့ပေမယ့် လူတစ်ဦးကတော့ ၁၉၇၀ လေယာဉ်ပျံသန်းစဉ်အတွင်း သဘာဝလွန်ဖြစ်စဉ်ကနေ အသက်ရှင်ကျန်ခဲ့တယ်လို့ ဆိုထားပါတယ်။
Source: New York Post
#World_Health
Published 25 September 2025
▪️ ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးထိခိုက်စေတာ သိထားကြပြီး အထူးသဖြင့် နံနက်အိပ်ရာနိုးပြီးနောက် ဆေးလိပ်သောက်တာက အန္တရာယ်အရှိဆုံးဖြစ်တယ်လို့ အိန္ဒိယ ပါစ်ချင်ဗီဟာရှိ Wellness Home Clinic and Sleep Centre မှ အဆုတ်အထူးကု ဒေါက်တာ ဗီကက်စ်မစ်တယ်က ပြောပါတယ်။
▪️ ဆေးလိပ်ဆက်တိုက် သောက်နေသူတွေလောက် မသောက်ဘူးဆိုရင်တောင်မှ ထိုကဲ့သို့အချိန်မှာ ဆေးလိပ်သောက်တာဟာ အဆုတ်နဲ့ နှလုံးကို သိသိသာသာ ဘေးအန္တရာယ်ဖြစ်စေတယ်လို့ ဆိုပါတယ်။
▪️ ခန္ဓာကိုယ်က အိပ်ရာနိုးလာတဲ့အခါ အသစ်ပြန်လည်စတင်ပြီး အဆုတ်တွေက ထိုအချိန်မှာ အထိမခံဖြစ်ကာ ကိုယ်တွင်းစနစ်တွေလည်း ထိခိုက်နိုင်ပါတယ်။
▪️ အိပ်တဲ့အချိန်မှာ အဆုတ်တွေက အဆိပ်အတောက်တွေထံကနေ ယာယီအနားယူလိုက်ပြီး အသစ်ပြန်လည်လုပ်ဆောင်ပါတယ်။
▪️ အိပ်ရာနိုးတာနဲ့ ဆေးလိပ်သောက်တဲ့အခါ ဒီလိုပြန်လည်လုပ်ဆောင်နေခြင်း အနှောင့်အယှက်ဖြစ်သွားပြီး အသက်ရှူလမ်းကြောင်း လုပ်ဆောင်ချက်တွေ ထိခိုက်စေတယ်လို့ ရှင်းပြပါတယ်။
▪️ အိပ်ရာနိုးနိုးချင်း မိနစ် ၃၀ အတွင်း စီးကရက်သောက်တတ်သူတွေဟာ ပိုမိုရှူရှိုက်မိပြီး ဘေးအန္တရာယ်ပိုများစေနိုင်ပါတယ်။
▪️ အိပ်ရာနိုးချိန်နဲ့နီးလေ နီကိုတင်းနဲ့ အဆိပ်အတောက် စုပ်ယူခြင်း ပိုမြင့်မားလေဖြစ်ပါတယ်။
▪️ ညအိပ်နေတဲ့အချိန်မှာ အဆုတ်တွေက အရာရာနဲ့ ထိတွေ့နိုင်ပြီး ထိုအချိန်မှာ အသက်ရှူလမ်းကြောင်းတွေက အကာအကွယ်လျော့နည်းနေနိုင်ပါတယ်။
▪️ ဒါ့အပြင် နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ ဖိစီးမှုတွေလည်း မြင့်တက်လာပြီး ဟော်မုန်းတုံ့ပြန်မှုများရာကနေ သွေးတိုး၊ ပူပန်ခြင်း၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ပါ ဖြစ်လာနိုင်ပါတယ်။
▪️ ဆေးလိပ်မဖြတ်နိုင်သူတွေအနေနဲ့ နံနက်ခင်းသောက်မယ့်အစား နောက်ရွှေ့သောက်ခြင်းကပင် နီကိုတင်းဒဏ်ကနေ လျော့နည်းစေနိုင်မှာ ဖြစ်ပါတယ်။
Source: Indian Express
ကုလသမဂ္ဂပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲအစည်း ယူနက်စ်ကိုက တနင်္ဂနွေနေ့မှာ ရှန်ဟိုင်းမြို့ရှိ STEM ပညာရေးဌာနကို တရားဝင်ဖွင့်လှစ်ခဲ့ပြီး အာရှပစိဖိတ်ဒေသမှာ ပထမဆုံးအမျိုးအစား(၁)ဌာနအဖြစ် တည်ထောင်လိုက်ပါတယ်။
#World_Education
Published 24 September 2025
#STEM # ရှန်ဟိုင်းမြို့
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 24 September 2025
▪️ ယခုနှစ် ကမ္ဘာပေါ်မှာ အားအကောင်းဆုံး အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်တဲ့ စူပါတိုင်ဖွန်ရာဂါဆာဟာ ဗုဒ္ဓဟူးနေ့က ဟောင်ကောင်မှာ လေပြင်းတိုက်ခိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ ထိုင်ဝမ်ကျွန်းမှာလည်း မိုးကြီးမှုကြောင့် လူ ၁၄ ဦးသေဆုံးခဲ့ပါတယ်။
▪️ ထိုင်ဝမ်ကျွန်းမှာ မိုးကြီးလွန်းသဖြင့် အရှေ့ဘက် ဟွေ့လျန်ခရိုင်ရှိ ကန်ကြီးတစ်ခုဆီကနေ မြို့တစ်မြို့ဆီသို့ ရေလျှံထွက်လာခဲ့ကြောင်း ထိုင်ဝမ်မီးသတ်ဌာနက ပြောပါတယ်။
▪️ တနင်္လာနေ့တည်းက ထိုင်ဝမ်ကျွန်းဟာ ရာဂါဆာအစွန်အဖျား ရိုက်ခတ်တာခံရပြီးတော့ မိုးကြီးခဲ့တာ ဖြစ်ပါတယ်။
▪️ လှိုင်းကြီးတွေကြောင့် ဟောင်ကောင်မှာ နေရာအချို့ပျက်စီးခဲ့ပြီး အာဏာပိုင်တွေက အိမ်ထဲမှာနေဖို့ တိုက်တွန်းထားပါတယ်။
▪️ ရာဂါဆာက တစ်နာရီကို ၂၀၀ ကီလိုမီတာနှုန်းဖြင့် လူဦးရေထူထပ်ရာဟောင်ကောင် တောင်ပိုင်း ၁၀၀ ကီလိုမီတာခန့်မှာ အနီးဆုံးရောက်လာနိုင်ပါတယ်။
▪️ စူပါတိုင်ဖွန်က လူဦးရေ ၁၂၅ သန်းကျော်ရှိရာ တရုတ်ကွမ်တုံကမ်းရိုးတန်းသို့ ရွေ့လျားနေပြီး အင်အားဆက်လက်ပြင်းထန်မယ်လို့ ခန့်မှန်းရပါတယ်။
▪️ ရာဂါဆာက တနင်္လာနေ့မှာ ဖိလစ်ပိုင်မြောက်ပိုင်းနဲ့ အင်္ဂါနေ့မှာတော့ ထိုင်ဝမ်ကို တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။
▪️ တိုင်ဖွန်ကြောင့် ဟောင်ကောင်ဈေးဝယ်စင်တာတွေမှာ အလုအယက်ဝယ်ယူစုဆောင်းနေကြပါတယ်။
ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနိုင်ကာ မွန်းလွဲအချိန်ခန့်မှာ အမြင့်ဆုံး ၁၃ ပေလောက်အထိ ရောက်နိုင်တယ်လို့ အာဏာပိုင်များသတိပေးထားပါတယ်။
Source: Reuters
#World_Health
Published 24 September 2025
▪️ အိုမီဂါ-၃ ဖက်တီးအက်ဆစ်က အရေပြားကျန်းမာရေးထိန်းသိမ်းရာမှာ အဓိကနေရာက ပါဝင်ပြီး နှလုံးကျန်းမာရေး၊ ဦးနှောက်ဖွံ့ဖြိုးမှု၊ ကိုယ်ခံအားစနစ်အပါအဝင် ခန္ဓာကိုယ်လုပ်ဆောင်ချက်အမျိုးမျိုးအတွက်လည်း မရှိမဖြစ်လိုအပ်ပါတယ်။
▪️ တခြားဗိုက်တာမင်ဖြည့်စွက်ဆေးတွေနဲ့ မတူတာက အိုမီဂါ-၃ ဖြည့်စွက်ဆေးတွေဟာ အာနိသင်သိသာထင်ရှားဖို့ အချိန်ယူရနိုင်ပါတယ်။
▪️ ဘာတွေလဲဆိုရင် ကျန်းမာရေးပန်းတိုင်၊ လက်ရှိကျန်းမာရေးအခြေအနေ၊ စားသုံးနေတဲ့ အိုမီဂါ-၃ ပုံစံ၊ ဖြည့်စွက်ဆေးပမာဏတို့အပေါ် မူတည်နေနိုင်ပါတယ်။
▪️ ဆဲလ်အမြှေးပါးနဲ့ အိုမီဂါ-၃ ပေါင်းစည်းချိန်က အချိန် ၆ ပတ်မှ ၁၂ ပတ်ခန့်ကြာမြင့်နိုင်တယ်လို့ ပရက်မာတစ်နျူထရီရှင်မှ အာဟာရပညာရှင်မှူး မီနူဘာလာဂျီက ပြောပါတယ်။
▪️ ရောင်ရမ်းမှု လျှော့ချခြင်းနဲ့ ပတ်သက်ရင်တော့ ချက်ချင်းမလျော့ကျနိုင်ဘဲ အနည်းဆုံး ၃ လလောက် ကြာမြင့်နိုင်ပါတယ်။
▪️ ဖြည့်စွက်စာ အလုပ်မလုပ်တဲ့ လက္ခဏာတွေကို ပြနေတဲ့အရာတွေက အစာခြေပြဿနာနဲ့ အစာရေမျိုလျှံတက်ခြင်း၊ သွေးစစ်ဆေးချက် မပြောင်းလဲခြင်း၊ ဆက်တိုက်နာကျင်မောပန်းခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ အိုမီဂါ-၃ ချို့တဲ့ရင် အရေပြားမကောင်းတဲ့ပြဿနာ ဖြစ်နိုင်တယ်လို့ မွမ်ဘိုင်းမှ ဒေါက်တာ ရှရီဖာချော့စ်က ပြောပါတယ်။
▪️ အရေပြားခြောက်သွေ့ခြင်း၊ ယားယံတတ်ခြင်း၊ အထိမခံနိုင်ခြင်း၊ နီမြန်းခြင်းတို့ ခံစားရရင် အိုမီဂါ-၃ ချို့တဲ့တာကို ညွှန်ပြနေပါတယ်။
▪️ ခန္ဓာကိုယ်က အိုမီဂါ-၃ ကို မထုတ်လုပ်နိုင်တာကြောင့် ငါး၊ လျှော်စေ့၊ သစ်ကြားသီး၊ ဖြည့်စွက်ဆေးတို့ကနေ ရရှိအောင် ကြိုးစားသင့်ပါတယ်။
Source: Indian Express
Page 109 of 1145