#World_Health
Published 30 September 2025
▪️ အများသုံးနေရာတွေမှ လက်အခြောက်ခံစက်တွေဟာ ထိုအခန်းထဲမှ လေတွေကိုပင် စုပ်ယူပြီး လေမှုတ်ထုတ်ပေးတာ ဖြစ်ပါတယ်။
▪️ ဒါကြောင့် ဒီလေထဲမှာ ကျန်းမာရေးအတွက် မကောင်းတဲ့ အမှုန်တွေ၊ အညစ်အကြေးတွေ၊ ပိုးမွှားတွေ ပြည့်နေပါတယ်။
▪️ အက်စ်တာ CMI ဆေးရုံမှ ကူးစက်ရောဂါအတိုင်ပင်ခံ ဒေါက်တာ ဆဝါတီရာဂျာဂိုပယ်က အများသုံးသန့်စင်ခန်းမှ လက်အခြောက်ခံစက်တွေ အသုံးပြုခြင်းဖြင့် မကျန်းမမာဖြစ်နိုင်တယ်လို့ သဘောတူနေပါတယ်။
▪️ လက်အခြောက်ခံစက်တွေက သန့်စင်ခန်းထဲမှ လေကိုစုပ်ယူပြီး မှုတ်ထုတ်ပေးတာကြောင့် ဘက်တီးရီးဘားပိုးမွှားတွေ ပျံ့နှံ့စေတယ်လို့ ဆိုပါတယ်။
▪️ စက်ရဲ့ မျက်နှာပြင်ကို ထိတွေ့မိရင် အဓိကဆိုးရွားတာကြောင့် ထိမိခြင်း၊ နီးကပ်စွာအမှုတ်ခံခြင်းတို့ကို ရှောင်ရှားသင့်ပါတယ်။
▪️ မှုတ်ထုတ်လိုက်တဲ့လေက လက်အပြင် လက်နဲ့ထိတွေ့တဲ့ မျက်နှာ၊ အစားအစာတို့ကိုပါ ကူးစက်သွားနိုင်ပါတယ်။
▪️ စိတ်အချရဆုံးနည်းလမ်းက လက်ကိုဆပ်ပြာနဲ့ ဆေးပြီးနောက် တစ်ရှူးစက္ကူဖြင့် သုတ်သင်တာပဲ ဖြစ်ပါတယ်။
▪️ စက္ကူမရှိဘူးဆိုရင် လက်တွေကို သဘာဝအတိုင်း ခြောက်သွေ့စေခြင်းက လက်အခြောက်ခံစက်သုံးတာထက် ပိုမိုဘေးကင်းနိုင်ပါတယ်။
▪️ ဒါ့အပြင် ဘေးကင်းကျန်းမာဖို့အတွက် နောက်ထပ်အရေးကြီးဆုံးက လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ခန့် ဆေးကြောရမှာ ဖြစ်ပါတယ်။
Source: Indian Express
#World_Science
Published 30 September 2025
▪️ အိုင်ဘေးရီးယားပုရွက်ဆိတ်ဘုရင်မတွေ ဥလိုက်တဲ့ ဥတချို့ထဲမှာ အခြားမျိုးစိတ်တစ်ခုရဲ့ အထီးတွေပါဝင်ပြီး အသိုက်အဖွဲ့ထဲက လုပ်သားပုရွက်ဆိတ်တွေအားလုံးရဲ့ အဖေတွေ ဖြစ်နေပါတယ်။
▪️ ဒီလိုအံ့ဩဖွယ်ဖြစ်ရပ်ကို ပြင်သစ်မောင့်ပယ်လီယာတက္ကသိုလ်မှ ဂျိုနသန်ရိုမီဂူယာက တွေ့ရှိတာ ဖြစ်ပါတယ်။
▪️ အိုင်ဘေးရီးယား ပုရွက်ဆိတ်တွေဖြစ်တဲ့ M. ibericus မျိုးစိတ်အသိုက်ထဲက လုပ်သားအားလုံးဟာ မျိုးစပ်တွေဖြစ်နေကြပြီး DNA တဝက်လောက်က M. structor နဲ့ ကိုက်ညီနေပါတယ်။
▪️ ဒါဟာ M. ibericus ဘုရင်မတွေက M. structor အထီးတွေနဲ့ မိတ်လိုက်တာကြောင့် ဖြစ်နိုင်ပါတယ်။
▪️ လုပ်သားများ အသက်ရှင်ဖို့အတွက် အခြားမျိုးစိတ်တွေနဲ့ မိတ်လိုက်ပေါက်ဖွားဖို့ လိုအပ်တာဖြစ်နိုင်ပါတယ်။
▪️ ရိုမီဂူယာတို့အဖွဲ့က ဓာတ်ခွဲခန်းထဲမှာ M. ibericus အသိုက်အမြုံဒါဇင်ခန့်ကို ယူဆောင်လာကာ အထီးတစ်ကောင်မှမပါဘဲ မွေးဖွားတာကို ၂ နှစ်ကြာအောင် စောင့်ကြည့်ခဲ့ကြပါတယ်။
▪️ M. structor အထီးသုံးကောင်ကို ဓာတ်ခွဲခန်းထဲမှာ မွေးခဲ့ရာမှာတော့ M. ibericus ဘုရင်မတွေက မျိုးစိတ်နှစ်ခုစလုံးရဲ့ အထီးတွေကို မွေးဖွားနိုင်ခဲ့ပါတယ်။
▪️ ဒါဟာ ဘုရင်မတွေမွေးတဲ့ သမီးတွေအနေနဲ့ ဘုရင်မဖြစ်လာပြီးနောက် မျိုးစိတ်နှစ်ခုစလုံးရဲ့ အထီးတွေနဲ့ မိတ်လိုက်နိုင်အောင် လုပ်ပေးပါတယ်။
▪️ M. ibericus ဘုရင်မတွေဟာ သူတို့ဆီကနေ အထီးမွေးဖို့လိုပြီး ဒီလိုမဟုတ်ရင် လုပ်သားတွေ မရရှိနိုင်ပါဘူး။
▪️ ဒီလိုမျိုး မျိုးစပ်ပေါက်ဖွားခြင်းကနေ ဆင့်ကဲပြောင်းလဲလာကြပြီး M. structor အသိုက်အမြုံတွေ မရှင်သန်နိုင်တဲ့ မက်ဒီတာရေးနီးယန်းဒေသတလျှောက်မှာ ပျံ့နှံ့တည်ရှိနေပြီ ဖြစ်ပါတယ်။
Source: NewsScientist
ထိုင်းဝန်ကြီးချုပ်သစ် အနူတင်ချာဝီရာကူက တရုတ်နဲ့ရေရှည်တည်တံ့တဲ့ မိသားစုဆက်ဆံရေးခိုင်မြဲရန် မျှော်လင့်ကြောင်း အင်္ဂါနေ့ တရုတ်မီဒီယာဂရု(CMG)နဲ့ ဘန်ကောက်အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
#Asia_Politics
#ထိုင်းဝန်ကြီးချုပ်သစ်အနူတင်ချာဝီရာကူ #တရုတ်မီဒီယာဂရု
Published 29 September 2025
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 29 September 2025
▪️ မီချီဂန် မော်မွန်ဘုရားကျောင်း အရှေ့တံခါးတွေကို ကားဖြင့် ဝင်တိုက်သူက သေနတ်ပစ်ခတ်ပြီး ဘုရားကျောင်းကို မီးရှို့ခဲ့ရာ အနည်းဆုံး ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့ကာ ရဲတွေနဲ့ ပစ်ခတ်ပြီးနောက် သေနတ်သမား သေဆုံးသွားပါတယ်။
▪️ အသက် ၄၀ အရွယ် မရိန်းတပ်သားဟောင်း သောမတ်စ်ဂျေကော့ဆန်ဖို့ဒ်က ဘုရားကျောင်းကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ခဲ့တာ ဖြစ်ပါတယ်။
▪️ သေနတ်ပစ်ခံရခြင်းကြောင့် ၂ ဦးသေဆုံးကာ လောင်ကျွမ်းသွားတဲ့ ဘုရားကျောင်းကနေ နောက်ထပ်အလောင်း ၂ လောင်းတွေ့ရှိခဲ့ပြီး အခြားလူတွေ ပါမပါ မသိရသေးပါဘူး။
▪️ ဘုရားကျောင်းထဲ ဆန်ဖို့ဒ်ကားမောင်းဝင်သွားချိန်မှာ လူရာနဲ့ချီ ရှိနေခဲ့ပါတယ်။
▪️ ရဲအရာရှိနှစ်ဦးက သတင်းရပြီး စက္ကန့် ၃၀ အတွင်းမှာပဲ အခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့ပြီး အပြန်အလှန်ပစ်ခတ်ကြရာ ကားပါကင်နားမှာ အသေပစ်ခတ်ခဲ့ရပါတယ်။
▪️ အမေရိကန် စစ်မှုမှတ်တမ်းများအရ ဆန်ဖို့ဒ်ဟာ ၂၀၀၄ မှ ၂၀၀၈ အတွင်း မရိန်းတပ်သားဟောင်းဖြစ်ခဲ့ကာ အီရတ်စစ်ပွဲမှာလည်း ပါဝင်ခဲ့ပါတယ်။
▪️ မီချီဂန်အုပ်ချုပ်ရေးမှူး ဂရတ်ချန်ဝစ်မာက ဒီဖြစ်ရပ်အတွက် အလွန်ကြေကွဲရပြီး ဘာသာရေးကိုးကွယ်ရာ နေရာတစ်ခုမှာ အကြမ်းဖက်ခြင်းဟာ လက်သင့်ခံနိုင်စရာ မရှိဘူးလို့ ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။
▪️ သမ္မတဒေါ်နယ်ထရမ့်က Truth Social မှာလည်း အမေရိကမှ ခရစ်ယာန်တွေကို နောက်ထပ်ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်ပြီး ဒီလိုအကြမ်းဖက်မှုတွေ လုံးဝရပ်တန့်ရမယ်လို့ ဖော်ပြထားပါတယ်။
▪️ ယခုမီချီဂန်ဖြစ်ရပ်ဟာ အမေရိကန်မှာ ၂၀၂၅ အတွင်း ၃၂၄ ကြိမ်မြောက် လူအများအပြားသေစေတဲ့ ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။
#World_Health
Published 29 September 2025
▪️ အချိုတွေ မစားဘဲနဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်နေစေတဲ့ အကြောင်းအရင်းကို မွမ်ဘိုင်းမှ ဒေါက်တာ အာတီအူလာနဲ့ ဒေလီမှ ဒေါက်တာ မာနီရှာအာရိုရာတို့က ရှင်းလင်းဖော်ပြထားပါတယ်။
▪️ အချိုတွေစားခြင်းက သွေးတွင်းသကြားဓာတ် မြင့်မားခြင်း၊ ဆီးချိုဖြစ်ခြင်းတို့ရဲ့ တစ်ခုတည်းသော အကြောင်းအရင်းမဟုတ်ပါဘူး။
▪️ ပေါင်မုန့်ချော၊ အာလူး၊ သန့်စင်ကာဗိုဟိုက်ဒရိတ်တို့လို အစားအစာတွေက ဂလူးကို့စ်ယိုင်ညွှန်းကိန်း(GI) မြင့်မားပြီး သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်တယ်လို့ ဒေါက်တာ အာရိုရာက ပြောပါတယ်။
▪️ ဒီထဲမှာ သကြားဓာတ်နဲ့ မကောင်းတဲ့အဆီ များပြားတဲ့ ထုပ်ပိုးထုတ်လုပ်အစားအစာများ၊ တစ်ထိုင်တည်း အများအပြားစားခြင်းတို့လည်း ပါဝင်နေပါတယ်။
▪️ ဖိစီးမှု၊ ကိုယ်လက်လှုပ်ရှားမရှိခြင်း၊ အိပ်ရေးပျက်ခြင်း၊ စတီးရွိုက်လိုဆေး သုံးစွဲရခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
▪️ အဆစ်ရောင် ရင်ကြပ်ဝေဒနာများအတွက် သုံးစွဲရတဲ့ ဆေးဝါးများ၊ ဖိစီးမှုဟော်မုန်း မြင့်တက်ခြင်း၊ လုံလောက်စွာ မအိပ်စက်ရခြင်း၊ အထိုင်များတဲ့ နေထိုင်မှုပုံစံ၊ ရောဂါကူးစက်မှုတွေက သွေးတွင်းသကြားဓာတ် မြင့်တက်စေတဲ့ အကြောင်းအရင်းတွေထဲ ပါဝင်ပါတယ်။
▪️ မနက်ပိုင်းမှာ ဖိစီးမှုဟော်မုန်းတွေထွက်ပြီး အသည်းကနေ ဂလူးကို့စ်ထွက်စေတဲ့အတွက် မနက်ပိုင်းသွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်ပါတယ်။
▪️ မီးယပ်သွေးဆုံးပြီး အမျိုးသမီးတွေ၊ ဟော်မုန်းမညီမျှတဲ့သူတွေမှာ အင်ဆူလင်ထိရောက်မှု အပြောင်းအလဲဖြစ်ပြီး သွေးတွင်းသကြားဓာတ် အတက်အကျ ဖြစ်စေနိုင်ပါတယ်။
▪️ အချိုဓာတ်ကပဲ သွေးတွင်းသကြားဓာတ် မြင့်တက်စေတာမဟုတ်ဘဲ အခြားအကြောင်းတွေလည်း သက်ရောက်နေတာကြောင့် အစားအသောက်၊ လေ့ကျင့်ခန်း၊ ဆေးဝါး၊ ဖိစီးမှုထိန်းချုပ်ခြင်းတို့ဖြင့် သွေးတွင်းသကြားဓာတ် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
Source: Indian Express.
#World_Health
Published 29 September 2025
▪️ သွားပိုးစားခြင်းက ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ခံတွင်းရောဂါတွေထဲက တစ်ခုဖြစ်ပါတယ်။
▪️ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းနေကလေး ၆၀ ရာခိုင်နှုန်းကျော်လောက် ခံစားနေရတယ်လို့ ခန့်မှန်းရပြီး လူအများစုဟာလည်း တသက်တာလုံးမှာ သွားပိုးစားခြင်းကို ခံစားနေရမှာပါ။
▪️ ဖြစ်ရတဲ့ အကြောင်းအရင်းက ပါးစပ်ထဲမှာ Streptococcus mutans ဘက်တီးရီးယားတွေ စုပြုံလာကာ သွားမျက်နှာပြင်ပေါ်မှာ စေးကပ်နေတဲ့ ဇီဝလွှာတစ်ခု ဖြစ်စေပါတယ်။
▪️ အချိုဓာတ်တွေ အပူတွေကြားထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားလာကာ သွားကြွေလွှာကို ပျော်သွားစေတဲ့ အက်ဆစ်တွေ ထုတ်လုပ်ပြီး သွားဆွေးမြည့်လာစေပါတယ်။
▪️ အစ္စရေးလ်၊ တရုတ်၊ စင်္ကာပူတို့မှ သုတေသီအဖွဲ့က ဒီဘက်တီးရီးယားကို တိုက်ခိုက်နိုင်မယ့်နည်းလမ်း ဖော်ထုတ်လာပါတယ်။
▪️ ဒီအရာကတော့ DIM လို့အတိုကောက်ခေါ်တဲ့ 3,3′-Diindolylmethane ဖြစ်ပြီး ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ကိုက်လံ၊ ပန်းဂေါ်ဖီတို့လို ဟင်းရွက်တွေ အစာခြေတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ထွက်လာစေပါတယ်။
▪️ ဒီပစ္စည်းက ဘက်တီးရီးယားကြီးထွားမှုကို ရပ်တန့်ပေးပြီး ချေးဖြစ်စေတဲ့အလွှာကို ဖြိုခွဲပေးနိုင်ပါတယ်။
▪️ DIM ဟာ ပမာဏနည်းပါးတဲ့ အခြေအနေမှာတောင် ချေးဖြစ်ပေါ်မှုကို ၉၀ ရာခိုင်နှုန်းကျော် လျှော့ချပေးနိုင်ပါတယ်။
▪️ DIM စိတ်ချရတဲ့ ပမာဏမှာဆိုရင် ကင်ဆာဆန့်ကျင်နိုင်ပြီး အနာဂတ်မှာ သွားတိုက်ဆေးတွေထဲ ထည့်သွင်းရင် ထည့်သွင်းနိုင်မှာပါ။
▪️ အထက်ပါ ဟင်းရွက်တွေဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဗိုက်တာမင်-ဘီအုပ်စု၊ အမျှင်ဓာတ်များ ကြွယ်ဝတာကြောင့် ခံတွင်းကျန်းမာရေးအပြင် ကင်ဆာကာကွယ်ခြင်းနဲ့ အစာခြေစနစ်လုပ်ဆောင်ချက် တိုးတက်ဖို့လည်း အသုံးဝင်လာနိုင်ပါတယ်။
▪️ ယခုအချိန်ထိတော့ လူသားတွေနဲ့ လက်တွေ့စမ်းသပ်မှုများ မလုပ်ရသေးသလို အသိအမှတ်ပြုထားခြင်းလည်း မရှိသေးပါဘူး။
Source: The Jerusalem Post.
၂၈ စက်တင်ဘာ ၂၀၂၇
မြန်မာနိုင်ငံနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားရန် အသင့်ရှိတယ်လို့ ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတ Mr. Kassym-Jomart Tokayev က မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောကြားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Mr. Kassym-Jomart Tokayevတို့ စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတနန်းတော်၌ တွေ့ဆုံရာတွင် သူက ပြောကြား ခဲ့ခြင်းဖြစ်ပါတယ်။
မြန်မာနှင့် ကာဇက်စတန် နှစ်နိုင်ငံသည် ပထဝီအနေအထားအရ အလှမ်း ဝေးကွာသော်လည်း ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား အကျိုး ဖြစ်ထွန်းစေမည့် ကဏ္ဍပေါင်းစုံတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားလိုတယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြန်လည်ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ တောင်ဘက်တွင်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကာဇက်စတန်နိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံဘက်မှ ကြည့်မည်ဆိုပါက logistic ပိုင်းဆိုင်ရာ လုပ်ငန်းများကို အကောင်းဆုံးဖြတ်သန်းဆောင်ရွက်နိုင်သည့် နိုင်ငံတစ်ခုဖြစ်တယ်လို့ ကာဇက်စတန် သမ္မတကပြောဆိုခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက ရုရှားနိုင်ငံသာမက အရှေ့တောင်အာရှနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်ပြီး ပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် တွန်းအားတစ်ခုဖြစ်စေလိမ့်မည်ဟု ယုံကြည်တယ် လို့ ဗိုလ်ချုပ်မှူးကြီးက ပြန်လည်ဆွေးနွေးပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံတော်ယာယီသမ္မတနှင့် ကာဇက်စတန်နိုင်ငံသမ္မတတို့သည် ကုန်သွယ်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေးကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေးကဏ္ဍ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှု ကဏ္ဍတို့ အပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ ဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာအစိုးရသတင်းထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်း အုန်းနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး ကာဇက်စတန်သမ္မတနိုင်ငံသမ္မတနှင့်အတူ ကာဇက်စတန် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. KOSHERBAYEV Yermek Bedelbayevich နှင့် အစိုးရ အဖွဲ့ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။
#ymg/knl
Page 106 of 1145