#World_Health
Published 25 January 2026
■ Mounjaro ၊ Wegovy တို့လို ပိန်ဆေးတွေအသုံးပြုပြီးနောက် ဆက်မသုံးတော့တဲ့အခါ သာမန် အစားအသောက်၊ လေ့ကျင့်ခန်းလုပ်ပြီး ဆက်မလုပ်တော့သူတွေထက် ကိုယ်အလေးချိန် ပြန်တက်နိုင်ခြေ ၄ ဆ ပိုများကြောင်း သုတေသန တွေ့ရှိထားပါတယ်။
■ ဝိတ်များလို့ ပိန်ဆေးထိုးလိုက်တဲ့အခါ ခန္ဓာကိုယ်အလေးချိန် ၅ ပုံ ၁ ပုံလောက် ကျဆင်းသွားပေမယ့် ဆေးမသုံးတော့တာနဲ့ တစ်လကို ၀.၈ ကီလိုဂရမ်လောက် ပြန်တက်လာခဲ့တယ်လို့ အချက်အလက်တွေ ဖော်ပြထားပါတယ်။
■ ဒါဟာ ပိန်ဆေးမသုံးမီ ကိုယ်အလေးချိန်ကို တစ်နှစ်ခွဲအတွင်း ပြန်တက်သွားတာ ဖြစ်ပါတယ်။
■ ဒီတွေ့ရှိချက်တွေက လက်တွေ့ ဆေးပညာစမ်းသပ်မှုတွေကနေ တွေ့ရှိတာဖြစ်ပါတယ်။
■ လူနာပေါင်း ၉,၀၀၀ ကျော်ဖြင့် လေ့လာချက် ၃၇ မျိုးမှာ ပိန်ဆေးထိုးတဲ့သူတွေနဲ့ သာမန် အစားအစာ အခြားဆေးတွေ အသုံးပြုသူတွေကို နှိုင်းယှဉ်ခဲ့ပါတယ်။
■ ထိုအခါမှာ အစားအသောက်ထိန်းပြီး ပိန်ဖို့ကြိုးစားသူတွေက ပိန်ဆေးထိုးသူတွေထက် ဝိတ်ပိုကျပါတယ်။
■ အဝလွန်တဲ့သူတွေမှာ ပိန်ဆေးထိုးဖို့ အကြံပြုပေမယ့် အနည်းငယ်မျှ ပိန်ချင်ရုံသူတွေကတော့ ဆေးမထိုးဖို့ အကြံပြုထားပါတယ်။
■ ပိန်ဆေးမသုံးတော့တဲ့အခါ ဆာလောင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ အလွန်အကျွံစားမိတတ်ကြပါတယ်။
■ ပိန်ဆေးရဲ့ သဘောသဘာဝအရ အဝလွန်ခြင်းကို ထိန်းချုပ်ဖို့ဆိုရင် ဆေးတွေကို ရေရှည်အသုံးပြုဖို့ ကျွမ်းကျင်သူတွေ အကြံပြုထားပါတယ်။
■ ဆေးဝါးကုမ္ပဏီတွေကတော့ ဝိတ်ပြန်တက်လာခြင်းဟာ သက်ရောက်မှုမရှိတာကြောင့် မဟုတ်ဘဲ အဝလွန်ခြင်းရဲ့ ဇီဝဖြစ်စဉ်ကြောင့်လို့ ပြောထားပါတယ်။
Source: BBC.
#World_Health
Published 25 January 2026
■ လူတွေဟာ သွေးတိုး၊ နှလုံးရောဂါတို့ဖြစ်မှာ စိုးရိမ်တာကြောင့် ဆားကို လျှော့ချစားသုံးလာကြပါတယ်။
■ ရေရှည်မှာ ဆားအလွန်နည်းသွားရင်လည်း ကျန်းမာရေး မထင်မှတ်တာတွေ ဖြစ်လာနိုင်ပါတယ်။
■ ဆားမှာပါဝင်တဲ့ ဆိုဒီယံဓာတ်က အရည်မျှခြေ ထိန်းသိမ်းခြင်း၊ အာရုံကြောလုပ်ဆောင်ချက်၊ ကြွက်သားလှုပ်ရှားမှုတို့မှာ အရေးပါပြီး အချိန်ကြာတဲ့အထိ ဆားနည်းနေရင် ခန္ဓာကိုယ်ထဲက အီလက်ထရိုလိုက်မျှခြေ ပျက်စီးစေနိုင်ပါတယ်။
■ ကာလကြာတဲ့အထိ ဆိုဒီယံစားတာနည်းလာရင် သွေးပေါင်ချိန်ကျနိုင်ပြီး ကျောက်ကပ်က အရည်ထိန်းညှိနိုင်စွမ်း လျော့ပါးလာပါတယ်။
■ သွေးထဲမှာ ဆိုဒီယံအလွန်နည်းလာကာ ဦးနှောက်လုပ်ဆောင်ချက် ထိခိုက်စေပြီး စိတ်ရှုပ်ထွေးခြင်း၊ အားနည်းခြင်း၊ သက်လုံကျဆင်းခြင်း၊ လှုပ်ရှားနိုင်စွမ်း ယိုယွင်းခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
■ ဒါ့အပြင် ဆိုဒီယံက အာရုံတုန်ခါမှုတွေကို ပို့ဆောင်ပေးခြင်းနဲ့ ကြွက်သားကျုံ့ခြင်းတို့အတွက် အရေးကြီးပါတယ်။
■ အီလက်ထရိုလိုက် မမျှတပါက ကြွက်သားအမျှင်များ ထိခိုက်စေပြီး ကြွက်တက်ခြင်းလည်း ဖြစ်နိုင်ပါတယ်။
■ အားကစားသမားတွေ၊ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်သူတွေဟာ ချွေးကနေ ဆိုဒီယံအများအပြား ဆုံးရှုံးတာကြောင့် ဆိုဒီယံလျှော့စားပါက ချို့တဲ့လာနိုင်ပါတယ်။
■ ဒါကြောင့် ဆားကို လုံးဝဖြတ်မယ့်အစား အသင့်အတင့် စားသုံးပေးဖို့ အကြံပြုထားပါတယ်။
■ အဆင့်ဆင့်ထုတ်လုပ် စားစရာတွေမှ ဆိုဒီယံကိုတော့ လျှော့ချသင့်ပြီး အိမ်မှာချက်တဲ့ စားစရာတွေမှာ သဘာဝဆားကို အသုံးပြုနိုင်ပါတယ်။
■ ဆိုဒီယံဟာ ရာသီဥတု၊ လှုပ်ရှားမှုပမာဏ၊ ကျန်းမာရေးတို့အပေါ် မူတည်ပြီး လိုအပ်ချက်ပြောင်းလဲနိုင်ပါတယ်။
Source: Indian Express
တစ်ချိန်က ကမ္ဘာပေါ်မှာ အကြီးမားဆုံး ရေခဲစိုင်ကြီး A23a ဟာ မူလအရွယ်အစားရဲ့ ၈ ပုံ ၁ ပုံအောက်အထိ သေးငယ်လာကြောင်း တရုတ်မိုးလေဝသစီမံဌာန(CMA)က ထုတ်ပြန်ထားပါတယ်။
#World_Climate
Published 24 January 2026
#ရေခဲစိုင်ကြီး #A23a
#YMG #Yangon_Times #Yangon_Media_Group
#World_Science
Published 24 January 2026
■ ၂၀၂၆ ဇန်နဝါရီ ၃ ရက်နေ့က ကမ္ဘာဟာ သူ့ပတ်လမ်းကြောင်းအတွင်း နေနဲ့ အနီးစပ်ဆုံးနေရာသို့ ရောက်ရှိခဲ့ပါတယ်။
■ တစ်နာရီကို တစ်သိန်းကီလိုမီတာနှုန်းဖြင့် ကျော်ဖြတ်ခဲ့ချိန်မှာ Wolf Moon အထူးလ ရောက်ရှိလာခြင်းနဲ့ Quadrantid ဥက္ကာခဲကြွေခြင်းတို့လည်း ဖြစ်ပျက်ခဲ့ပါတယ်။
■ ဇန်နဝါရီ ၃ ရက်နေ့က ကမ္ဘာဟာ နေလုံးကနေ ကီလိုမီတာ ၁၄၇ သန်းခန့် ကွာဝေးခဲ့ပါတယ်။
■ ဒီအကွာအဝေးကြောင့် နေဟာ ကောင်းကင်ထဲမှာ ၃ ရာခိုင်နှုန်းခန့် ပိုကြီးမားသလို မြင်ရစေပါတယ်။
■ ဒါပေမဲ့ အပူလှိုင်းမဖြတ်စေခဲ့ဘဲ ရာသီဥတုတွေဟာ ကမ္ဘာ့ဝင်ရိုး ၂၃.၄ ဒီဂရီတိမ်းစောင်းတာကြောင့် ဖြစ်ကာ ဒါကြောင့်ပဲ ကမ္ဘာ့မြောက်ဖက်ခြမ်းက ဆောင်းတွင်းပဲ ကျရောက်နေတာ ဖြစ်ပါတယ်။
■ ဒါ့အပြင် Wolf Moon အထူးလကလည်း ၂၀၂၆ အတွက် ပထမဆုံးဖြစ်ပျက်ခဲ့ပြီး ဒါက လဟာ ကမ္ဘာနဲ့ အနီးစပ်ဆုံးသို့ ရောက်ရှိခဲ့ကာ အလွန်ကြီးမားလင်းထိန်နေခဲ့ပါတယ်။
■ ဒါတင်မကဘဲ Quadrantids ဥက္ကာခဲကြွေခြင်းကလည်း အများဆုံးဖြစ်ပွားနေပြီး 2003 EH1 ရှေးဟောင်းဂြိုဟ်မွှားမှ အစအနများကို ကမ္ဘာက ဖြတ်သန်းသွားချိန်မှာ မီးအလင်းတန်းတွေ တွေ့ရတာ ဖြစ်ပါတယ်။
■ နာဆာ(NASA)လို အဖွဲ့အစည်းတွေအတွက်တော့ ဒါတွေဟာ မြင်ကွင်းသပ်သပ်ဆိုတာထက် အများကြီးပိုပါတယ်။
■ နေနဲ့ကမ္ဘာအနီးစပ်ဆုံးဖြစ်စဉ်က ဂြိုဟ်တုကိရိယာများ ချိန်ညှိခြင်းနဲ့ ဆိုလာဓာတ်ရောင်ခြည် လေ့လာခြင်းတို့အတွက် အရေးကြီးတဲ့ကာလ ဖြစ်ပါတယ်။
■ သာမန်လူတွေအတွက်တော့ ဒီဖြစ်ရပ်တွေဟာ အာကာသကပေးတဲ့ မရိုးနိုင်တဲ့ဖြစ်စဉ်တွေ ဖြစ်ပါတယ်။
Source: India Today.
#World_Health
Published 24 January 2026
■ မနက်စာက ကျန်းမာကြံ့ခိုင်ခြင်းနဲ့ ဇီဝကမ္မဖြစ်စဉ်တို့အတွက် မရှိမဖြစ် အရေးကြီးတဲ့အရာလို့ နှစ်ပေါင်းများစွာ သတ်မှတ်ခဲ့ကြပေမယ့် အချိန်အပိုင်းအခြား အစားမစားခြင်းအလေ့အထ ခေတ်စားလာကာ အခုဆိုရင် မနက်စာ မစားကြတော့ပါဘူး။
■ ဒီအတွက် ကျန်းမာကြံ့ခိုင်ရေးအတွက် မနက်စာစားခြင်းက ထောက်ပံ့ပေးလား၊ မစားခြင်းက အကူအညီဖြစ်စေလားဆိုတာ သိချင်စရာဖြစ်လာပါတယ်။
■ မနက်စာစားခြင်းက တစ်ညလုံး မစားဘဲနေခဲ့ရာမှ အားအင်တွေ ပြန်ရစေပါတယ်။
■ သွေးတွင်းဂလူးကို့စ်ပမာဏ ပြန်လည်မြင့်တက်စေပြီး ကြွက်သားတွေအတွက် အားဖြည့်ပေးတယ်လို့ CK Birla ဆေးရုံမှ ဆီးချိုနှင့် ဟော်မုန်းဌာနမှ ဒေါက်တာ ဟေတက်ရှ်ဗီဂွန်ဒယ်လီယာက ပြောပါတယ်။
■ မနက်စာကို ပရိုတိန်း၊ ကာဗိုဟိုက်ဒရိတ်အုပ်စု၊ ကောင်းကျိုးပြုအဆီတို့ဖြင့် ညီညွတ်မျှတစွာ စားသုံးပါက ဆာလောင်စိတ်ကို ကောင်းစွာထိန်းချုပ်နိုင်ပြီး ကြွက်သားပြန်လည်သက်သာစေတယ်လို့ NutriDate တည်ထောင်သူ ပရီယန်ကာရှားကလည်း ပြောပါတယ်။
■ မနက်စာ မစားခြင်းကတော့ အချို့သောသူတွေမှာ အဆီကျဖို့ အထောက်အကူ ဖြစ်စေနိုင်ပြီး အစာမစားဘဲနေတဲ့အခါ ခန္ဓာကိုယ်က သိမ်းဆည်းထားတဲ့ အဆီတွေကို အားအင်အတွက် ဖြိုခွဲအသုံးပြုရကြောင်း CK Birla ဆေးရုံမှ ဒေါက်တာ ပွတ်ရှ်ကာဂူ့ပ်တာက ပြောပါတယ်။
■ အားအင်နည်းနေတဲ့အခါ မနက်စာ မစားမိပါက ဆာလောင်စိတ်မြင့်မားပြီး စွမ်းဆောင်ရည်တွေ ကျဆင်းနိုင်တယ်လို့ ကျွမ်းကျင်သူတွေ သတိပေးထားပါတယ်။
■ မနက်ပိုင်းလေ့ကျင့်ခန်းလုပ်သူတွေအနေနဲ့ မနက်စာစားခြင်းကနေ ကောင်းကျိုးရရှိနိုင်ပါတယ်။
■ ဒါကြောင့် စားသင့်လား မစားသင့်ဘူးလားဆိုတာက တသမတ်တည်းမရှိဘဲ မိမိရဲ့ လိုအပ်ချက်အတိုင်း ပြည့်မီဖို့နဲ့ ရေရှည်မှာ အသုံးဝင်ဖို့က အရေးကြီးဆုံးဖြစ်ကာ တစိုက်မတ်မတ် ကျင့်ကြံသွားသင့်တယ်လို့ အကြံပြုထားပါတယ်။
Source: India Today.
အမေရိကန်နိုင်ငံမှာ အိမ်ရာဈေးတွေ အဆမတန်ကြီးမြင့်လာပြီး အလုပ်အကိုင်ရှားပါးလာတာကြောင့် အိုးမဲ့အိမ်မဲ့ပြဿနာက တော်တော်လေး ဆိုးရွားလာနေပါတယ်။
#World_News
Published 23 January 2026
#အမေရိကန် #အိုးမဲ့အိမ်မဲ့
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 23 January 2026
■ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီက ဒါဗို့စ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းလုံခြုံရေးအာမခံချက်များ အပြီးသတ် ပြောဆိုခဲ့ပေမယ့် နယ်မြေအရေးကြီးကိစ္စရပ်များ မပြေလည်သေးဘူးလို့ ကြာသပတေးနေ့က ပြောပါတယ်။
■ ကာလကြာရှည်နေတဲ့ စစ်ပွဲပြီး အဆုံးသတ်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်ရာမှာ တိုးတက်တဲ့လက္ခဏာတွေ တွေ့ရပြီး သောကြာနေ့နဲ့ စနေနေ့ အဘူဒါဘီမှာ ရုရှား၊ ယူကရိန်း၊ အမေရိကန်တို့မှ ညှိနှိုင်းသူများ သုံးနိုင်ငံအစည်းအဝေး ပြုလုပ်သွားမယ်လို့ ပြောပါတယ်။
■ ယူကရိန်းဘက်မှ အဆိုပြုချက်များပါဝင်တဲ့ ညှိနှိုင်းချက်က စစ်ပွဲအပြီး စီးပွားရေးနလန်ထူဖို့ အသင့်ဖြစ်နေစေမယ့် သဘောတူညီချက် ရရှိရန် နီးစပ်နေပြီလို့ ဆိုပါတယ်။
■ ထရမ့် သမ္မတရာထူးပြန်ရပြီးနောက် ဇယ်လန်စကီနဲ့ တွေ့ဆုံတာ ဒါဇင်ဝက်ခန့် ရှိထားပြီး ယူကရိန်းအပေါ် အမေရိကန်ပေါ်လစီ ပြန်ပြောင်းဖြစ်အောင် လုပ်နေခဲ့ပေမယ့် ကြာသပတေးနေ့ ဆွေးနွေးမှုကတော့ အပြုသဘောဆောင်ခဲ့ပါတယ်။
■ ရုရှားတိုက်ခိုက်မှုတွေကြောင့် ယူကရိန်းမှာ စွမ်းအင်လောင်စာပြဿနာများ ဖြစ်နေတဲ့ကြားက ဇယ်လန်စကီက ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ဖို့နဲ့ ပြန်လည်တည်ဆောက်ရေး ထောက်ပံ့ငွေများအကြောင်း တွန်းအားပေးနေပါတယ်။
■ အမေရိကန်က ငြိမ်းချမ်းရေးအစီအစဉ်များနဲ့ ပြန်လည်တည်ဆောက်ရေး ဆွေးနွေးဖို့ အထူးသံတမန် ဝစ်ကော့ဖ်နဲ့ ကုရှ်နာတို့ကို မော်စကိုမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဆွေးနွေးဖို့ စီစဉ်နေပါတယ်။
■ ရုရှားကတော့ ငြိမ်းချမ်းရေးသဘောတူညီချက်အနေဖြင့် ဒိုနက်စ်ဒေသတစ်စိတ်တစ်ပိုင်းကို ယူကရိန်းလက်လျှော့စေဖို့ အလိုရှိနေပါတယ်။
■ ယူကရိန်းကို ရုရှားလေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပြီး အထိအခိုက်အပျက်အစီးများ ဖြစ်နေကာ လတ်တလော အိုဒီဆာ၊ ခရီဗီရိ၊ ကိဗ်တို့ကို တိုက်ခိုက်ထားပါတယ်
။
Source: Reuters
Page 43 of 1145