#World_Health
Published 30 January 2026
■ ဗိုက်တာမင်အားဆေးတွေဟာ လွန်ခဲ့တဲ့ ရာစုနှစ်လောက်တည်းက ဈေးကွက်ထဲ ရောက်ရှိခဲ့ပါတယ်။
■ တကယ်တမ်း ဗိုက်တာမင်အားဆေးတွေ လိုအပ်လားဆိုတာကို မောင့်ထရီယယ် မက်ဂီးလ်တက္ကသိုလ်မှ ဂျိုနသန်ဂျယ်ရီက သိပ္ပံနည်းကျသုတေသနများ ပြုလုပ်ခဲ့ရာမှာ လူအများစုက ဗိုက်တာမင်အားဆေးတွေ မလိုဘူးလို့ ဆိုပါတယ်။
■ အစားအစာကနေ ဗိုက်တာမင် အပြည့်အဝ မစုပ်ယူနိုင်တဲ့အခါ ဗိုက်တာမင်အားဆေးတွေကနေ အကျိုးကျေးဇူးရနိုင်ပါတယ်။
■ ဘရစ်ဂမ်နဲ့ အမျိုးသမီးငယ်များဆေးရုံနဲ့ ဖရက်ဟတ်ချင်ဆန်ကင်ဆာသုတေသနတို့မှာ လေ့လာစမ်းသပ်ချက်တွေ ပြုလုပ်ခဲ့ပါတယ်။
■ ပျမ်းမျှအသက် ၇၁ နှစ်ရှိသူတွေမှာ ဘက်စုံဗိုက်တာမင်များ ၃ နှစ် အသုံးပြုပြီးနောက် ဦးနှောက်အသိဉာဏ်စွမ်းရည်၊ မှတ်ဉာဏ်ပိုင်း၊ လုပ်ဆောင်ချက်အပိုင်းများ တိုးတက်လာခဲ့ပါတယ်။
■ ကျန်းမာသန်စွမ်းတဲ့ သက်လတ်ပိုင်း အမျိုးသမီးတွေမှာတော့ ဗိုက်တာမင်အားဆေးတွေ မလိုအပ်ဘဲ အရွက်၊ အသီး၊ ဂျုံပြောင်းဆန်၊ အခွံမာသီး၊ ပဲအမျိုးမျိုး ပါဝင်တဲ့ အစားအသောက်ကိုသာ ဦးစားပေးစားသုံးသင့်တယ်လို့ အကြံပြုထားပါတယ်။
■ ဘက်စုံဗိုက်တာမင်တွေက သာမန်လူတွေအတွက်တော့ အကျိုးကျေးဇူး သိသိသာသာ ပေးနိုင်တယ်ဆိုတဲ့ အထောက်အထားတွေ မရှိထားပါဘူး။
■ သက်လတ်ပိုင်း အမျိုးသမီးတွေအနေနဲ့ သံဓာတ်၊ ဘီ၁၂ နဲ့ ဗိုက်တာမင်-ဒီပမာဏတို့ကို ပုံမှန်စစ်ဆေးသင့်ပါတယ်။
■ အာဟာရစုံတဲ့ အစားအစာတွေ စားမနေဘူးဆိုရင် ဗိုက်တာမင်ဖြည့်စွက်အားဆေးတွေ အသုံးပြုနိုင်ပါတယ်။
Source: Chatelaine.
#World_Science
Published 30 January 2026
■ ကမ္ဘာပေါ်က အကြံ့ခိုင်ဆုံး အနုဇီဝပိုးမွှားတွေဟာ မားစ်ဂြိုဟ်ပေါ်မှာ လူသားနေထိုင်ရာနေရာများ ဆောက်လုပ်နိုင်ဖို့ အလားအလာရှိနိုင်ကြောင်း သုတေသီတွေ စဉ်းစားနေကြပါတယ်။
■ ဒီပိုးမွှားလေးတွေက မားစ်ဂြိုဟ်မြေကြီးတွေကို ဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ ကွန်ကရစ်လို အရာတွေအဖြစ် ပြောင်းလဲနိုင်သလို သက်ရှိများ ရှင်သန်နိုင်ဖို့လိုအပ်တဲ့ အောက်ဆီဂျင်ကို ထုတ်လုပ်ဖို့လည်း ကူညီနိုင်ပါတယ်။
■ ဒီသုတေသနကနေ မားစ်ဂြိုဟ်ရဲ့ ရင်းမြစ်တွေအသုံးပြုပြီး ကမ္ဘာကနေ ပစ္စည်းများတင်ပို့မယ့် ကုန်ကျစရိတ် လျှော့ချနိုင်ဖို့ ရည်ရွယ်ပါတယ်။
■ မားစ်ဂြိုဟ်က လူသားတွေ နေထိုင်နိုင်မယ့် အလားအလာရှိပေမယ့် တကယ်တမ်းနေထိုင်ဖို့က အခက်အခဲများစွာ ရှိပါတယ်။
■ ရေရှည်ရှင်သန်စေနိုင်မယ့် နေရာတွေ ဆောက်လုပ်မှသာ အာကာသရောင်ခြည် ခံနိုင်ရည်ရှိပြီး အပူချိန်နဲ့ အောက်ဆီဂျင်တို့ ထိန်းညှိနိုင်မှာ ဖြစ်ပါတယ်။
■ စိတ်လှုပ်ရှားစရာအကောင်းဆုံး လေ့လာချက်က အနုဇီဝပိုးမွှားတွေနဲ့ မားစ်ဂြိုဟ်မှပစ္စည်းများ ပေါင်းစပ်ကာ ခံနိုင်ရည်ရှိတဲ့ ဘိလပ်မြေလိုအရာတွေ ပြုလုပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။
■ 3D ရုပ်ပုံနည်းပညာများဖြင့် မားစ်ဂြိုဟ်မြေကြီးကို နေထိုင်ရာနေရာများ ဆောက်လုပ်ဖို့ အသုံးချကာ ကမ္ဘာ့ရင်းမြစ်များ မှီခိုမှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
■ Chroococcidiopsis ပိုးမွှားက အသက်ရှူနိုင်တဲ့လေအတွက် အောက်ဆီဂျင် ထုတ်လုပ်ပေးကာ Sporosarcina pasteurii ရဲ့ ထုတ်လွှတ်ပစ္စည်းတွေကတော့ သီးနှံတွေ စိုက်ပျိုးပေါက်ရောက်နိုင်ပါတယ်။
■ ဒီသုတေသနက မားစ်ဂြိုဟ်ပေါ်မှာ လူသားတွေ ရေရှည်နေထိုင်နိုင်ဖို့ အခွင့်အလမ်း ဖြစ်လာနိုင်ပါတယ်။
Source: Daily Galaxy.
ဗင်နီဇွဲလား ကရာကက်စ်မြို့ကို အမေရိကန်တိုက်ခိုက်ပြီးနောက် ဗင်နီဇွဲလားမှ လူထောင်ပေါင်းများစွာဟာ ဘရာဇီးလ်ဘက်သို့ ဖြတ်သန်းရွှေ့ပြောင်းလာကြပါတယ်။
#World_News
Published 29 January 2026
#ဗင်နီဇွဲလားကရာကက်စ်မြို့ #အမေရိကန်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 29 January 2026
■ အိန္ဒိယမှာ နီပါဗိုင်းရပ်စ် နှစ်ယောက်တွေ့ရှိသဖြင့် ထိုင်း၊ စင်္ကာပူ၊ ဟောင်ကောင်၊ မလေးရှားတို့မှ အာဏာပိုင်တွေဟာ လေဆိပ်မှာ စစ်ဆေးမှုတွေ တိုးမြှင့်ပြုလုပ်ပြီး ရောဂါမပျံ့ပွားအောင် ကြိုးပမ်းနေပါတယ်။
■ ဒီဗိုင်းရပ်စ်ကို အသီးစားလင်းနို့တွေနဲ့ ဝက်တို့လို သတ္တဝါတွေ သယ်ဆောင်ထားပြီး ရောဂါကူးစက်ခံရကာ ဖျားနာခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်းတို့ ဖြစ်နိုင်ကာ အသက်ဆုံးပါးနိုင်ခြေ ၄၀ မှ ၇၅ ရာခိုင်နှုန်းကြား ရှိပါတယ်။
■ လူလူချင်း ကူးစက်နိုင်ပေမယ့် ကူးစက်ဖို့မလွယ်ကူဘဲ ရောဂါရှိသူနဲ့ ကြာရှည်ထိတွေ့မှသာ ကူးစက်နိုင်ပါတယ်။
■ များသောအားဖြင့် ရောဂါရှိတဲ့လင်းနို့တွေနဲ့ စားထားတဲ့အသီးတွေထံမှ လူသားတွေဆီ ကူးစက်တာ ဖြစ်ပါတယ်။
■ လူအများကြားမှာ ကူးစက်နိုင်ခြေကတော့ နည်းပါးနေသေးပြီး ကာကွယ်ဆေးအများအပြား ထုတ်လုပ်နေပေမယ့် စမ်းသပ်နေဆဲဖြစ်တယ်လို့ ဗြိတိန် အက်ဆပ်စ်တက္ကသိုလ်မှ မော်လီကျူးဗိုင်းရပ်စ်ပညာ ပို့ချသူ အက်ဖ်စတာသီယော့စ်ဂျီယိုတစ်က ပြောပါတယ်။
■ အိန္ဒိယအနောက်ဘင်္ဂလားမှာ ဒီဇင်ဘာနှောင်းပိုင်းက ကူးစက်ခံရသူနှစ်ဦးဟာ ကျန်းမာရေးလုပ်သားတွေဖြစ်ပြီး ဆေးရုံမှာ ကုသမှုခံယူနေပါတယ်။
■ အိန္ဒိယအာဏာပိုင်တွေက ရောဂါကူးစက်သူတွေနဲ့ ထိတွေ့ထားတဲ့ ၁၉၆ ယောက်ကို လိုက်လံစစ်ဆေးနေပြီး အားလုံးက ဗိုင်းရပ်စ်မရှိပါဘူး။
■ စင်္ကာပူ၊ ဟောင်ကောင်တို့မှာ အပူချိန်တိုင်းတာခြင်းလိုမျိုးတွေ ပြုလုပ်နေပြီး ထိုင်းနိုင်ငံမှာ ကျန်းမာရေးသတိပေးကြေညာချက် ထုတ်ပြန်ထားသလို မလေးရှားနဲ့ နီပေါတို့မှာ နယ်စပ်ကျန်းမာရေး အတိုင်းအတာတွေ တိုးမြှင့်ထားပါတယ်။
■ နီပါဗိုင်းရပ်စ်က အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ ပျံ့ပွားနေပြီး လက်ရှိမှာ ကာကွယ်ဆေးနဲ့ ကုသဆေးတွေ တရားဝင် မရရှိသေးပါဘူး။
Source: Reuters.
#World_Health
Published 29 January 2026
■ အဆင့်ဆင့်ထုတ်လုပ်စားစရာတွေနဲ့ အသင့်စား စားစရာတွေမှာ အသုံးများတဲ့ အချို့သော တာရှည်ခံဆေးတွေ များများစားမိပါက ကင်ဆာနဲ့ ဆီးချိုရောဂါတို့ ဖြစ်နိုင်ခြေများခြင်းနဲ့ ဆက်စပ်နေကြောင်း လေ့လာချက်ကြီး ၂ ခုမှာ တွေ့ရှိထားပါတယ်။
■ ၂၀၀၉ နဲ့ ၂၀၂၃ အတွင်း လူပေါင်းတစ်သိန်းကျော်ရဲ့ အချက်အလက်တွေကနေ သုတေသနပြုလုပ်ခဲ့ကြပါတယ်။
■ ကမ္ဘာတဝှမ်းမှာ ထုပ်ပိုးစားစရာဈေးကွက် ကျယ်ပြန့်လာတာကြောင့် ဒီတွေ့ရှိချက်က အရေးကြီးနေပါတယ်။
■ အဆင့်ဆင့်ထုပ်ပိုးတဲ့ စားစရာတွေဟာ စက်ရုံထုတ်တွေဖြစ်ပြီး ဆား၊ သကြား၊ ဆိုးကျိုးအဆီတွေ ပါဝင်မှုမြင့်မားပြီး မရှိမဖြစ်အာဟာရဓာတ်တွေတော့ နည်းပါးပါတယ်။
■ ဒီတာရှည်ခံဆေးတွေက ကင်ဆာ၊ ဆီးချိုတို့နဲ့ ဆက်စပ်နေလားဆိုတာကို အဓိကထား လေ့လာခဲ့ကြပါတယ်။
■ အိန္ဒိယမှာရောင်းတဲ့ ထုပ်ပိုးစားစရာတွေထဲမှာ တွေ့ရတဲ့ ပိုတက်ဆီယံ၊ ဆော်ဘိတ်၊ ဆိုဒီယံနိုက်ထရိုက်၊ အက်ဆီတစ်အက်ဆစ်တို့ အပါအဝင် အသုံးများတဲ့ တာရှည်ခံဆေး ၁၇ မျိုးကို သုတေသီတွေ လေ့လာခဲ့ကြပါတယ်။
■ တာရှည်ခံဆေးမျိုးစုံကို အများအပြားစားမိတဲ့အခါ ကင်ဆာဖြစ်နိုင်ခြေ မြင့်မားခြင်းနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။
■ ပိုတက်ဆီယံဆော်ဘိတ်က ကင်ဆာမျိုးစုံဖြစ်နိုင်ခြေ ၁၄ ရာခိုင်နှုန်းနဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေ ၂၆ ရာခိုင်နှုန်း၊ ဆာလ်ဖိုက်တွေက ကင်ဆာမျိုးစုံ ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း မြင့်မားခြင်းနဲ့ ဆက်စပ်နေပါတယ်။
■ အိန္ဒိယကျန်းမာရေး ပညာရှင်တွေက စားသောက်ကုန်ကွပ်ကဲမှု ပိုမိုတင်းကြပ်ဖို့၊ လတ်ဆတ်တဲ့ စားစရာတွေ စားသုံးကြဖို့ တိုက်တွန်းနေပါတယ်။
Source: India Today
#World_Health
Published 29 January 2026
■ အစားအစာက အသက်ရှင်နေထိုင်ဖို့ လောင်စာအဖြစ် လုပ်ဆောင်ပေးပြီး ကယ်လိုရီတွေ၊ အရသာတွေ၊ ဝိတ်တက်ခြင်းတို့အပြင် ခန္ဓာကိုယ်ထဲမှာ များစွာသက်ရောက်စေပါတယ်။
■ ထိန်းသိမ်းစားသောက်တဲ့ပုံစံက ရေရှည်အတွက်ဆိုပေမယ့် တကယ်တမ်း ထင်ထားတာထက် များစွာစောပြီး စတင်နေနိုင်ပါတယ်။
■ ဒါတွေနဲ့ ပတ်သက်ပြီး အာဟာရပညာရှင် ပူဂျာမာခီဂျာက အင်စတာဂရမ်မှာ ဖော်ပြထားပါတယ်။
■ မစ္စမာခီဂျာပြောကြားချက်အရ စားသောက်တယ်ဆိုတာဟာ ခန္ဓာကိုယ်ကို အစာကျွေးရုံမက ညွှန်ကြားအချက်ပြတဲ့ နည်းလမ်းလည်း ဖြစ်ပြီး မိနစ်ပိုင်းအတွင်းမှာပင် ဟော်မုန်းနဲ့ ဦးနှောက်ဓာတု ပြောင်းလဲခြင်း၊ ရောင်ရမ်းဖြစ်စဉ် အလုပ်လုပ်ခြင်းစတာတွေ ဖြစ်စေတယ်လို့ ရှင်းပြပါတယ်။
■ တစ်ခါလောက်စားခြင်းက အချက်ပြတဲ့သဘောသာဖြစ်ပြီး အထပ်ထပ်အခါခါ ဒါကိုပဲစားရင်တော့ ပရိုဂရမ်ထည့်သွင်းသလို ဖြစ်ကာ နေ့စဉ် တူညီတဲ့အချက်ပြမှုတွေ ဖြစ်လာတဲ့အခါ ရေရှည်ပရိုဂရမ်ဖြစ်လာပြီး ပုံမှန်ရောင်ရမ်းလာခြင်း၊ ဟော်မုန်းတွေ မညီမျှတော့ခြင်း၊ အင်ဆူလင်ယဉ်ပါးခြင်းတို့ ဖြစ်လာစေပါတယ်။
■ လူတွေထင်ထားတာက ကျန်းမာရေးဆိုတာ ဆယ်စုနှစ်တွေကြာအောင် အချိန်ယူရပေမယ့် ယခုဇီဝဖြစ်စဉ်အရတော့ ကွဲပြားနေပါတယ်။
■ စားပြီးလို့ မိနစ်ပိုင်း နာရီပိုင်းအတွင်း ခန္ဓာကိုယ်ထဲ ဘာတွေပြောင်းလဲစေသလဲဆိုရင် အင်ဆူလင်နဲ့ ကော်တီဆောအချက်ပြပေးပို့ခြင်း၊ ဆယ်ရိုတိုနင် ဒိုပါမင်းတို့လို အာရုံကြောထုတ်လွှတ်ပစ္စည်းတွေ၊ ရောင်ရမ်းနဲ့ဆိုင်တဲ့ မျိုးဗီဇဖြစ်စဉ်၊ ကိုယ်ခံအားဆဲလ်ပြုမူပုံတို့ ဖြစ်ပါတယ်။
■ တစ်ခါတည်းစားရုံနဲ့တော့ ဘာမှမဟုတ်ပေမယ့် အထပ်ထပ်အခါခါ ဒါကိုပဲစားရင်တော့ ခန္ဓာကိုယ်က ကျင့်သားရသွားတယ်လို့ ရှင်းပြထားပါတယ်။
■ ဒါကြောင့် နောက်တစ်ခါစားမယ့် စားစရာပုံစံကစပြီး ပြောင်းလဲခြင်းဖြင့် ကျန်းမာရေးအပေါ် သက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
Source: NDTV
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဘက်စုံဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီးတိုးမြှင့်လုပ်ဆောင်သွားချင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကော်ကျားကွန်း Guo Jiakun က တနင်္လာနေ့ ပေကျင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
#World_News
Published 28 January 2026
#ပေကျင်း #တရုတ်နိုင်ငံ
#YMG #Yangon_Times #Yangon_Media_Group
Page 40 of 1145