#World_Health
Published 08 February 2026
■ အရွက်သုပ်တွေ၊ ဒိန်ချဉ်တွေ၊ ကွေကာတွေ၊ "သဘာဝထုတ်ကုန်"လို့ အမည်တပ်ထားတဲ့ စားစရာတွေမှာတောင် သကြားတွေ ပါဝင်နေပါတယ်။
■ ဒါပေမဲ့ ဒီအစားအစာတွေစားလို့ လုံးဝမချိုတာက ပြဿနာဖြစ်နေပါတယ်။
■ လူတွေက သကြားဆိုတာ အချိုဓာတ်လို့ ယူဆကြပေမယ့် အခုဆိုရင် သကြားကို အစားအစာ ထိန်းသိမ်းဖို့၊ အရောင်အဆင်းကောင်းဖို့၊ အနံ့အရသာကောင်းမွန်ဖို့ အသုံးပြုလာကြကြောင်း ပြည်သူ့ကျန်းမာရေး အာဟာရပညာရှင် ဒေါက်တာ မိုင်ယာရိန်းနိုးက ပြောပါတယ်။
■ ထုတ်ကုန်တွေမှာ သကြားကို ပစ္စည်းအမျိုးမျိုးအဖြစ် ခွဲခြားဖော်ပြလာကြပြီး တစ်ခုချင်းစီဆိုရင် ဘေးမဖြစ်စေပေမယ့် စုပေါင်းလိုက်ရင် ပမာဏအများကြီး ဖြစ်သွားပါတယ်။
■ ဥပဒေများအတိုင်း အမှတ်တံဆိပ်တွေမှာ ဖော်ပြထားပေမယ့် စားသုံးသူတွေအတွက်တော့ သကြားမလျော့သွားပါဘူး။
■ စာတွေထဲမှာ အော်ဂဲနစ်၊ ဂလူတင်မပါဝင်ခြင်း၊ အဆီနည်းခြင်းဆိုတဲ့ အမှတ်အသားတွေ ပါဝင်ရင် ပိုကောင်းကြတယ်လို့ ယူဆနေကြပါတယ်။
■ တကယ်တမ်း အဆီမထည့်တဲ့အခါ အနံ့အရသာ ထိန်းသိမ်းနိုင်ဖို့ သကြားက ဈေးအပေါဆုံး၊ အလွယ်ကူဆုံး ဖြစ်နေပါတယ်။
■ သကြားစားတာများလွန်းရင် ဝိတ်တက်ခြင်း၊ အင်ဆူလင်ယဉ်ပါးခြင်း၊ အသည်းအဆီဖုံးခြင်း၊ နှလုံးသွေးကြောအန္တရာယ်တို့နဲ့ ဆက်စပ်နေပါတယ်။
■ ဒီလိုစားစရာတွေကို ဘယ်လိုစစ်ဆေးမလဲဆိုရင် ထည့်သွင်းသကြားရဲ့ ဂရမ်ကို စစ်ဆေးခြင်း၊ သကြားမျိုးကွဲအမျိုးမျိုးကို ရှာဖွေခြင်း၊ အမှတ်တံဆိပ်အမျိုးမျိုး နှိုင်းယှဉ်ကြည့်ခြင်း၊ အဆင့်ဆင့်ထုတ်လုပ်မှုအနည်းဆုံး စားစရာများ ဦးစားပေးခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
■ စားစရာတစ်ခုမှာ ထည့်သွင်းသကြား ၅ ဂရမ်ထက်ပိုများရင် မရွေးချယ်သင့်တော့ပါဘူးလို့ ဒေါက်တာရိန်းနိုးက အကြံပြုသွားပါတယ်။
Source: India Today.
ယခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးအတွက် တရုတ်ရုပ်သံ CGYN က မြင်းနှစ်ကိုဂုဏ်ပြုတဲ့အနေနဲ့ အထူးဗီဒီယိုအတိုလေးတစ်ခု တင်ဆက်ထားပါတယ်။
#Asia_News
Published 07 February 2026
#တရုတ်နှစ်သစ်ကူး #CGTN
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 07 February 2026
■ အိုမန်ရဲ့ ကြားဝင်စေ့စပ်မှုဖြင့် အီရန်ဟာ အမေရိကန်နဲ့ နျူကလီးယားဆွေးနွေးမှု ပြုလုပ်ခဲ့ရာမှာ အစကောင်းခဲ့ပြီး ဆက်လက်ဆွေးနွေးဖို့ရှိကြောင်း အီရန်ထိပ်သီးသံတမန်တစ်ဦးက သောကြာနေ့မှာ ပြောပါတယ်။
■ အိုမန်မြို့တော် မွတ်စ်ကက်မှာ နိုင်ငံခြားရေးဝန်ကြီး အက်ဘက်စ်အာရက်ချီက အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်၊ အမေရိကန်သမ္မတရဲ့ သားမက် ဂျရတ်ကုရှ်နာတို့နဲ့ ဆွေးနွေးခဲ့တာဖြစ်ပြီး နျူကလီးယားအရေးကိုပဲ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
■ နှစ်ဖက်စလုံးက နျူကလီးယားအငြင်းပွားမှုကို သံတမန်ရေးဖြင့် ဖြေရှင်းရန် အသင့်ဖြစ်နေတဲ့သဘော မြင်ရပြီး အမေရိကန်က အီရန်ရဲ့ ဒုံးကျည်ထောက်ပံ့မှုတွေနဲ့ ပြည်သူအပေါ် ဆက်ဆံရေးတို့ကို အဓိကထား ဆွေးနွေးချင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောထားပါတယ်။
■ အီရန်ဘက်က သံတမန်ကတော့ အီရန်ဟာ ယူရေနီယံ ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ငြင်းခုံနေပါတယ်။
■ ဒေါ်နယ်ထရမ့်ကတော့ အီရန်ကို ဖိအားပေးတဲ့အနေနဲ့ အီရန်ဆီကနေ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ကုန်ပစ္စည်းများဝယ်ယူတဲ့ နိုင်ငံတွေရဲ့ တင်ပို့ကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းစည်းကြပ်ဖို့ အမိန့်ထုတ်ထားပါတယ်။
■ ဒါတွေက အီရန်နဲ့ စွမ်းအင်၊ သတ္တုများ၊ ရေနံဓာတုများ ကုန်သွယ်နေတဲ့ နိုင်ငံတွေကို နှောင့်ယှက်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
■ အီရန်က ယူရေနီယံထုတ်လုပ်လိုတဲ့ဆန္ဒကို အချို့သောအပေးအယူတွေနဲ့ ညှိနှိုင်းလိုနေပြီး ဒဏ်ခတ်ပိတ်ဆို့မှု ဖြေလျှော့ရေး၊ အီရန်အနီး စစ်ရေးဖြန့်ကျက်မှုတွေ လျှော့ချရေး စတဲ့အခြေအနေတွေ ဖြစ်ပါတယ်။
■ အမေရိကန်စစ်တပ် တည်ရှိမှု၊ လေကြောင်းတိုက်ခိုက်မှုများ အပြန်အလှန် ခြိမ်းခြောက်မှုတို့ကြောင့် ဒေသတွင်း ပဋိပက္ခဖြစ်လာမှုကို စိုးရွံ့နေကြပါတယ်။
Source: Reuters
#World_Science
Published 07 February 2026
■ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက်(HCN)က အသက်အန္တရာယ်ဖြစ်စေတဲ့ အဆိပ်ဆိုပေမယ့် ကမ္ဘာပေါ်မှာ သက်ရှိစတင်ဖြစ်ပေါ်တဲ့အရာ ဖြစ်နိုင်ပြီး စေတန်ရဲ့လ တိုင်တန်လိုမျိုး အခြားရေခဲကမ္ဘာတွေအတွက်လည်း ဖြစ်နိုင်ပါတယ်။
■ HCN က အပူချိန်အလွန်နည်းတဲ့အချိန်မှာ ပင်အပ်လို ပုံဆောင်ခဲတွေအဖြစ် ပြောင်းလဲသွားပြီး ရေခဲပင့်ကူအိမ်တွေလို ဖြစ်သွားပါတယ်။
■ ဓာတုအစွမ်းသတ္တိတွေက အဆိပ်အဖြစ်ကနေ DNA အစိတ်အပိုင်းများအတွက် အဓိကအရာအဖြစ် ပြောင်းလဲသွားကြောင်း သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။
■ HCN ပုံဆောင်ခဲတွေက ခဲသွားတဲ့အခါ ဓာတုဓာတ်ပြုမှုတွေ ဖြစ်သွားတာကို ချယ်မားစ်နည်းပညာတက္ကသိုလ်မှ မာတင်ရမ်းနဲ့အဖွဲ့က တွေ့ရှိခဲ့ပါတယ်။
■ ထိုမျက်နှာပြင်တွေကနေ အချို့သောဓာတ်ပြုမှုတွေ လိုအပ်တဲ့ စွမ်းအင်အတားအဆီးတွေကို လျှော့ချပေးနိုင်တဲ့ ဓာတုအင်ဂျင်လိုမျိုး လုပ်ဆောင်စေဖို့ အမြဲတမ်းလျှပ်စစ်စက်ကွင်းတွေ ထုတ်လုပ်ပေးပါတယ်။
■ ဒါဟာ အမိုင်နိုအက်ဆစ်တွေနဲ့ နျူကလီအစ်အက်ဆစ်တို့လို ပရီဘိုင်အိုတင်မော်လီကျူးတွေအတွက် အဓိကအစိတ်အပိုင်းတွေ ဖြစ်စေပါတယ်။
■ ဒါကြောင့် သက်ရှိတွေ စတင်ဖြစ်ပေါ်ရာမှာ အေးခဲထားတဲ့ အခြေအနေတွေကနေ ထွက်ပေါ်တယ်ဆိုတဲ့ ယူဆချက်မျိုး ဖြစ်လာပါတယ်။
■ စေတန်ဂြိုဟ်ရဲ့လဖြစ်တဲ့ တိုင်တန်မှာဆိုရင် ဒီလိုဓာတ်ပြုမှုမျိုးတွေ များစွာတွေ့ရပြီး ကမ္ဘာအစောပိုင်းကာလက ဖြစ်ပျက်ခဲ့တာတွေကို ပြန်လည်စမ်းသပ်နိုင်မယ့် ဂြိုဟ်တစ်ခု ဖြစ်လာနိုင်ပါတယ်။
■ နာဆာနဲ့ အာကာသအေဂျင်စီတွေအတွက်တော့ အခြားသော စကြဝဠာအရာဝတ္ထုတွေမှာ ဆိုင်ယာနိုက်ပုံဆောင်ခဲတွေကို ရှာဖွေဖို့ ဖြစ်လာနိုင်ပါတယ်။
Source: WION.
#World_Health
Published 07 February 2026
■ လူအများစုက စားပြီးသောက်ပြီးနောက် လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးကို သိပ်မသိကြဘူးလို့ အစာအိမ်အူလမ်းကြောင်းအထူးကု ဒေါက်တာ ဂျိုဆပ်ဆယ်ဟက်က ပြောပါတယ်။
■ စားပြီးနောက်မှာ ဖုန်းပွတ်မနေဘဲ ၁၀ မိနစ်လောက် လမ်းလျှောက်ခြင်းဖြင့် အစာမကြေပြဿနာတွေ ကင်းဝေးပြီး အူလမ်းကြောင်းကျန်းမာရေး တိုးတက်စေနိုင်တယ်လို့ YouTube Shorts မှာ ပြောထားပါတယ်။
■ လှုပ်ရှားလမ်းလျှောက်ခြင်းကြောင့် အစာတွေနဲ့ အစာအိမ်အက်ဆစ် ရှင်းလင်းပေးကာ ပျို့အန်ခြင်း၊ ရင်ပူခြင်း၊ လေပွခြင်းတို့ လျော့နည်းစေပြီး အစာဟောင်းတွေကိုလည်း ရွေ့လျားစေပါတယ်။
■ စားသောက်ပြီးနောက် ထိုင်တာဖြစ်ဖြစ် လှဲနေတာဖြစ်ဖြစ် အစာအိမ်အက်ဆစ် အပေါ်တက်စေကာ အက်ဆစ်လျှံတက်ခြင်း၊ ရင်ပူခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
■ ၁၀ မိနစ်လောက် လမ်းလျှောက်ရုံဖြင့် အစာတွေကို ထိရောက်စွာ တွန်းပို့ပေးကာ လူကိုပေါ့ပါးပြီး နေလို့ထိုင်လို့ ကောင်းစေတယ်လို့ KIMS ဆေးရုံမှ ဒေါက်တာ မာနစ်ရှ်ဒေါ့မာနီက ပြောပါတယ်။
■ လှုပ်ရှားလိုက်တဲ့အခါ အူတွေကို လှုံ့ဆော်ပေးပြီး လေတွေ ရွေ့သွားစေသဖြင့် လေပွခြင်းကိုလည်း သက်သာစေပါတယ်။
■ ပုံမှန်လှုပ်ရှားပေးပါက အူတွေအလုပ်လုပ်စေပြီး အစာဟောင်းတွေကို တွန်းပစ်ကာ ဝမ်းသွားဖို့ ထောက်ကူပေးပါတယ်။
■ လမ်းလျှောက်ရာမှာ ပြင်းပြင်းထန်ထန် မလိုအပ်ဘဲ ၁၀ မိနစ်လောက် ဖြည်းဖြည်းသက်သာ ပုံမှန်လျှောက်ရုံဖြင့် အစာကြေစေပါတယ်။
■ စားပြီးနောက် လေပွခြင်း၊ အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း ခံစားရသူတွေနဲ့ အထိုင်များတဲ့သူတွေအနေဖြင့် ဒီအကျိုးကျေးဇူးတွေကို သိရှိနားလည်သင့်ပါတယ်။
Source: Indian Express
အာရှဟာ ကမ္ဘာပေါ်မှာစွမ်းအင်အများဆုံးသုံးစွဲသူအဖြစ် ဆက်ရှိနေဆဲဖြစ်တယ်လို ၂၀၂၅ နိုင်ငံတကာ ရေနံနဲ့ဓာတ်ငွေ့တင်ပြချက်အရသိရပါတယ်။
#World_Industry
Published 06 February 2026
#အာရှ #ရေနံ_ဓာတ်ငွေ့
#YMG #Yangon_Times #Yangon_Media_Group
#World_Science
Published 06 February 2026
▪️ သံဓာတ်ပေါများတဲ့ ဂြိုဟ်မွှားတွေနဲ့ ဥက္ကာခဲတွေဟာ အခြားအာကာသကျောက်တုံးတွေနဲ့ ယှဉ်ရင် ကမ္ဘာမြေကို အန္တရာယ်ဖြစ်နိုင်ခြေ ပိုများတယ်လို့ နိုင်ငံတကာသိပ္ပံပညာရှင်များအဖွဲ့က လေ့လာတွေ့ရှိထားပါတယ်။
▪️ ကမ္ဘာနဲ့နီးတဲ့ ဂြိုဟ်သိမ်ပေါင်း လက်ရှိမှာ ၃၇,၀၀၀ ခန့်ရှိနေပြီး နာဆာနဲ့ အခြားအာကာသအေဂျင်စီများက ဒါတွေကို စောင့်ကြည့်နေကြပါတယ်။
▪️ ဘေးအန္တရာယ်ပေးနိုင်တဲ့ အရာဝတ္ထုတွေ ရန်ကနေ ကမ္ဘာကြီးဟာ နောက်ထပ် နှစ် ၁၀၀ လောက်အထိ လုံးဝဘေးကင်းစိတ်ချရပါသေးတယ်။
▪️ သိပ္ပံပညာရှင်များအဖွဲ့ကတော့ ကမ္ဘာဂြိုဟ်ကို ခြိမ်းခြောက်လာနိုင်တဲ့ ဂြိုဟ်မွှားအမျိုးအစားတွေကို လေ့လာခဲ့ကြပါတယ်။
▪️ သရုပ်ဖော်လုပ်ဆောင်ချက်တွေထဲမှာ M-type အမျိုးအစား ဂြိုဟ်မွှားတွေက ပြိုကွဲစရာမလိုဘဲ စွမ်းအင်တွေကို ပိုမိုစုပ်ယူနိုင်ပါတယ်။
▪️ သူတို့က ကမ္ဘာ့လေထုကို ဝင်လာတဲ့အချိန်မှာ ဖိအားဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ဂြိုဟ်မွှားတစ်ခုကို နမူနာပုံဖော်ခဲ့ကြပါတယ်။
▪️ စွမ်းအင်တွေက ဂြိုဟ်သိမ်ထဲသို့ ရောက်ရှိကာ ဖိအားဒဏ်တိုးလာခြင်းအပေါ် အတွင်းဖွဲ့စည်းပုံ ပြောင်းလဲလာပါတယ်။
▪️ ဒါဟာ ဒီလိုမျိုးဂြိုဟ်မွှားတစ်စင်း ကမ္ဘာကို ထိခိုက်တဲ့အချိန်မှာ လေထုထဲဝင်ရောက်လာချိန် အစအနတွေ ဖြစ်သွားမှာမဟုတ်ဘဲ ပိုမိုအားကြီးလာနိုင်တဲ့သဘော ဖြစ်နိုင်ပါတယ်။
Source: WION
Page 35 of 1145