ဇန်နဝါရီအတွင်း စပိန်မှာ ရထားမတော်တဆမှုများဖြစ်ပွားခဲ့ရာ အများပြည်သူတွေအနေနဲ့ ရထားလမ်းဘေးကင်းလုံခြုံမှုတွေကို စိုးရိမ်လာကြပါတယ်။
#World_News
Published 31 January 2025
#စပိန် #ရထားလမ်း
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 31 January 2026
■ အမေရိကန်နိုင်ငံသားနှစ်ဦး ပစ်သတ်ခံရပြီးနောက် အမေရိကန်တဝှမ်းမှ ကျောင်းသားများနဲ့ မင်နီယာပိုလစ်မှ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေ သောကြာနေ့က လမ်းပေါ်ထွက်လာကြပြီး မင်နီဆိုတာမှ ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးအေးဂျင့်များ ပြန်လည်ရုပ်သိမ်းပေးဖို့ အလိုရှိနေကြပါတယ်။
■ ကယ်လီဖိုးနီးယားမှ ကျောင်းသားတွေနဲ့ ဆရာတွေ အတန်းမတက်ဘဲ ဆန္ဒပြပွဲနေ့အတွက် နယူးယော့ခ်သို့ ရောက်ရှိလာပါတယ်။
■ နိုင်ငံတော် လူဝင်မှုကြီးကြပ်ရေး ဖြိုခွင်းမှုအောက်မှာ သမ္မတဒေါ်နယ်ထရမ့်က မင်နီယာပိုလစ်သို့ ဖက်ဒရယ်အရာရှိပေါင်း ၃ ထောင် စေလွှတ်ထားကာ လမ်းတွေမှာ ဝတ်စုံအပြည့်နဲ့ ကင်းလှည့်နေကြပါတယ်။
■ အမေရိကန် လူဝင်မှုနဲ့ အကောက်ခွန်ကြီးကြပ်ရေး(ICE)တို့ အသုံးပြုတဲ့ ဗျူဟာတွေကို လူတွေ ဆန္ဒပြကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
■ အသက် ၆၅ နှစ်ရှိ ဆန္ဒပြသူတစ်ဦးက ဖက်ဒရယ်အစိုးရဟာ ပြည်သူတွေအပေါ် ဖက်ဆစ်တိုက်ခိုက်မှုကြီး ပြုလုပ်နေတယ်လို့ ပြောပါတယ်။
■ မင်နီယာပိုလစ်နားတဝိုက်မှာ ဖက်ဒရယ်လူဝင်မှုအေးဂျင့်များ ပစ်ခတ်ခြင်းကြောင့် အမေရိကန်နိုင်ငံသားနှစ်ဦး ဆုံးပါးခဲ့ရပါတယ်။
■ ဘရုစ်စပရင်စတင်းက ပွဲတစ်ခုမှာ ထိခိုက်နစ်နာသူတွေကို ထောက်ခံကြောင်း ပြောသွားပြီး ပြည်နယ် ၄၆ ခုမှာ "ICE မထောက်ပံ့ရေး"ဆိုတဲ့ ဆောင်ပုဒ်တွေ ကိုင်ဆောင်ဆန္ဒပြနေကြပါတယ်။
■ ဒီဖြစ်ရပ်တွေကြား မင်နီယာပိုလစ် FBI ကွင်းဆင်းရုံးမှ ယာယီအကြီးအကဲ နုတ်ထွက်သွားပါတယ်။
■ ICE အေးဂျင့်တွေဟာ သတိပေးဝရမ်းမလိုဘဲ ဖမ်းဆီးနိုင်တဲ့ အခွင့်အာဏာရထားပြီး အများပြည်သူတွေရဲ့ တုံ့ပြန်မှုကို ခံနေရပါတယ်။
■ ဆန္ဒပြသူတွေဟာ ကြေးစားသူပုန်တွေလို့ ထရမ့်က သမုတ်ထားကာ ပုန်ကန်ရေးဥပဒေ အထမြောက်ပြီး စစ်တပ်ဖြန့်ကျက်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters
#World_Health
Published 31 January 2026
■ ကြက်ဥတွေက အာဟာရဓာတ် အများဆုံးပါဝင်တဲ့ စားစရာတွေထဲ ပါဝင်ပေမယ့် ကိုလက်စထရောပြဿနာက တစ်နေ့ကို ဘယ်နှလုံးလောက် စားဖို့စိတ်ချရလဲဆိုတာ တွေးစရာဖြစ်နေပါတယ်။
■ မရန်ဂိုအာရှဆေးရုံမှ ဒေါက်တာ ပါမိကော်အာက ကြက်ဥတွေကို နေ့စဉ် ပမာဏမှန်မှန်ကန်ကန် သေချာစွာ ချက်ပြုတ်စားသုံးပါက ဘေးကင်းစိတ်ချရတယ်လို့ ဆိုပါတယ်။
■ ကြက်ဥမှာ အရည်အသွေးမြင့် ပရိုတိန်း၊ ကောင်းကျိုးပြုအဆီများ၊ မရှိမဖြစ် ဗိုက်တာမင်များအပြင် ဆယ်လီနီယံ၊ သံဓာတ်၊ ကိုလင်းတို့လည်း ကြွယ်ဝပါတယ်။
■ ကျန်းမာသန်စွမ်းသူတွေအတွက် တစ်နေ့ကို ကြက်ဥ ၁ လုံး ၂ လုံး၊ တစ်ပတ်ကို ၇ လုံးခန့် စားသုံးခြင်းက ဘေးကင်းစိတ်ချရပါတယ်။
■ ကြက်ဥမှရရှိတဲ့ ကိုလက်စထရောတွေဟာ ပြည့်ဝဆီတွေလောက် သက်ရောက်မှုမရှိဘူးလို့ ဆိုပါတယ်။
■ ကိုလက်စထရောများသူတွေ၊ ဆီးချို၊ နှလုံးရောဂါ ဖြစ်နိုင်သူတွေက အသင့်အတင့်သာ စားသုံးသင့်ပြီး အထူးသဖြင့် ကြက်ဥအနှစ်ကို သတိထားရပါမယ်။
■ ကြက်ဥတွေကို ပြုတ်စားခြင်းက ကျန်းမာရေးနဲ့ အညီညွတ်ဆုံးဖြစ်ပြီး ဆီတွေနဲ့ ကြော်တာကတော့ အာဟာရအကျိုးကျေးဇူး လျော့နည်းနိုင်ပါတယ်။
■ လူအများစုအတွက် တစ်နေ့တစ်လုံးစားခြင်းက စိတ်ချရပြီး ကျန်းမာရေးလိုအပ်ချက်အရ ၂ လုံးစားလို့လည်း ရနိုင်ပါတယ်။
■ ဒါကြောင့် ပုံမှန်စားသောက်မှုစနစ်ထဲမှာ ကြက်ဥကို ထည့်သွင်းစားသုံးသင့်တယ်လို့ အကြံပြုသွားပါတယ်။
Source: India Today.
#World_Health
Published 31 January 2026
■ လူတွေက ဝိတ်ချဖို့အကြောင်း ပြောကြတဲ့အခါ အစားအသောက်၊ လေ့ကျင့်ခန်းတို့ကို ပြောနေကြပေမယ့် အိပ်စက်မှုရဲ့ အရေးကြီးပုံကို မေ့နေကြပါတယ်။
■ ကိုယ်အလေးချိန်ချဖို့ ခက်ခဲနေရတဲ့ အကြောင်းအရင်းကြီးတစ်ခုက အိပ်စက်မှုပုံစံ ဆိုးရွားနေတာဖြစ်တယ်လို့ ဂျူပီတာဆေးရုံမှ ဒေါက်တာ အာမစ်ဆာရက်ဖ်က ပြောပါတယ်။
■ "ည ၁၀ နာရီခွဲခန့်မှာ အစာခြေစနစ် စတင်နှေးလာပါတယ်။ ညဉ့်နက်တဲ့အထိ မအိပ်သေးရင် ခန္ဓာကိုယ်ထဲ ဖိစီးလာပြီး ကော်တီဆောပမာဏ မြင့်တက်လာကာ ကျန်းမာရေးညီညွတ်စွာ စားသုံးရင်တောင်မှ အဆီတွေ စုဆောင်းလာပါတယ်" လို့ ပြောပါတယ်။
■ ည ၁၁ နာရီနဲ့ အာရုံ ၃ နာရီကြားမှာ ခန္ဓာကိုယ်ထဲ ပြုပြင်တဲ့ဖြစ်စဉ် ဖြစ်ပျက်ကာ အိပ်ချိန်နောက်ကျပါက ဇီဝဖြစ်စဉ်တွေ ထိခိုက်ပြီး သကြားဓာတ်ထိန်းခြင်း၊ ဆာလောင်မှုဟော်မုန်းများ မထိန်းသိမ်းနိုင်ကာ နောက်နေ့မှာ စားချင်စိတ်များလာကြောင်း ဒေါက်တာဆာရက်ဖ် ပြောပါတယ်။
■ အိပ်စက်မှုစက်ဝန်း နောက်ကျတဲ့အခါ ဟော်မုန်းမညီမျှခြင်း၊ ဆာလောင်စေခြင်း၊ စားပေမယ့် မဝလင်ခြင်းတို့ ဖြစ်လာစေကာ အင်ဆူလင် အလုပ်လုပ်နှုန်းကျဆင်းလာပြီး အဆီတွေ သိုလှောင်လာစေပါတယ်။
■ ညစာကို အိပ်ချိန်နဲ့ အနည်းဆုံး ၃ နာရီခွာပြီး စားသင့်တဲ့အချိန်မှာ စားခြင်းမျိုး ကျင့်ကြံသင့်သလို ဖုန်း ကွန်ပျူတာကြည့်ချိန် လျှော့ချခြင်း၊ အလင်းရောင်လျှော့ခြင်း၊ အိပ်ချိန်နီးတဲ့အခါ အစားများများ မစားခြင်းတို့ဖြင့် အကူအညီဖြစ်နိုင်ပါတယ်။
■ ကျန်းမာရေးညီညွတ်စွာ စားသုံးခြင်းနဲ့တော့ ကောင်းစွာမအိပ်ရခြင်းကို မကုစားပေးနိုင်ပါဘူး။
■ ည ၁၁ နာရီမတိုင်ခင် အိပ်စက်ခြင်းဟာ ဇီဝဖြစ်စဉ်များ အားကောင်းစေကာ ဆာလောင်မှုကို ထိန်းချုပ်စေပြီး ဝိတ်ကျဖို့ လွယ်ကူစေကြောင်း ရှင်းပြသွားပါတယ်။
Source: Indian Express.
ကြာသပတေးနေ့မှာ ပေကျင်းသို့ ခရီးလာရောက်လည်ပတ်တဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာကို သမ္မတရှီကျင့်ဖျင်တွေ့ဆုံခဲ့ပြီး ရေရှည်တည်တံ့တဲ့ ဘက်ပေါင်းစုံဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ဖော်ဆောင်ဖို့ နှစ်ဖက်စလုံး သဘောတူညီခဲ့ကြပါတယ်။
#Local_News
Published 30 January 2026
#တရုတ်သမ္မတ #ဗြိတိန်ဝန်ကြီးချုပ်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 29 January 2026
■ ပြင်သစ် အမျိုးသားလွှတ်တော်က ဆိုရှယ်မီဒီယာမှာ အသက် ၁၅ နှစ်အောက် ကလေးတွေကို ပိတ်ပင်မယ့် တရားဥပဒေကို တနင်္လာနေ့က ထောက်ခံပြုလိုက်ပြီဖြစ်ပါတယ်။
■ အွန်လိုင်းအနိုင်ကျင့်ခြင်းနဲ့ စိတ်ကျန်းမာရေးအန္တရာယ်တို့ကို စိုးရိမ်ပူပန်လာကြတဲ့အတွက် ဒီလိုပိတ်ပင်ရတာ ဖြစ်ပါတယ်။
■ အသက် ၁၅ နှစ်အောက် ကလေးတွေကို လူမှုကွန်ရက် ကိစ္စအများအပြားကနေ ပိတ်ပင်သွားဖို့ ဥပဒေကြမ်း တင်သွင်းခဲ့ကြတာဖြစ်ပြီး လူနည်းစုအပေါ် ဆိုရှယ်မီဒီယာသက်ရောက်မှုကို အများပြည်သူ အမျက်ထွက်နေတာကိုလည်း မြင်တွေ့ရပါတယ်။
■ လွှတ်တော်အမတ်တွေက မဲဆန္ဒ ၁၁၆ မဲ ၂၃ မဲဖြင့် ထောက်ခံခဲ့ကြကာ အောက်လွှတ်တော်မှာ နောက်ဆုံးမဲဆန္ဒမပြုခင် အထက်လွှတ်တော်သို့ ရောက်ရှိနေပါပြီ။
■ သမ္မတ အီမန်နျူယယ်မက်ခရွန်က လူငယ်တွေကြား အကြမ်းဖက်ဖြစ်ရပ်တွေအတွက် ဆိုရှယ်မီဒီယာကိုလည်း အပြစ်တင်ထောက်ပြထားပါတယ်။
■ အသက် ၁၆ နှစ်အောက်ကလေးတွေကို ဆိုရှယ်မီဒီယာကနေ ပထမဆုံးပိတ်ပင်လိုက်တဲ့ ဩစတြေးလျလမ်းစဉ်ကို လိုက်ဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။
■ ယခုပိတ်ပင်မှုကို လာမယ့်စာသင်နှစ် စက်တင်ဘာမှစပြီး အချိန်မီအသက်သွင်းဖို့ မက်ခရွန်က အလိုရှိနေပါတယ်။
■ ဆိုရှယ်မီဒီယာအသုံးပြုကြတဲ့အတွက် ကလေးတွေ စာဖတ်ချိန် အိပ်ချိန်လျော့နည်းလာပြီး သူတို့ကိုယ်သူတို့ အခြားသူတွေနဲ့ နှိုင်းယှဉ်လာကြကြောင်း လွှတ်တော်အမတ် လော်ရီမီလာက ပြောပါတယ်။
■ ဩစတြေးလျရဲ့ ဆိုရှယ်မီဒီယာပိတ်ပင်ခြင်းကို ဗြိတိန်၊ ဒိန်းမတ်၊ စပိန်၊ ဂရိတို့ကလည်း လေ့လာနေကြပါတယ်။
■ ပြင်သစ်ဟာ ဥရောပသမဂ္ဂဥပဒေနဲ့အညီ အသက်စစ်ဆေးခြင်းလုပ်ငန်းစဉ်များဖြင့် ဆယ်ကျော်သက်တွေကို ပိတ်ပင်သွားရမှာ ဖြစ်ပါတယ်။
■ ဆယ်ကျော်သက်တွေကတော့ အမြင်ကွဲပြားနေကြပြီး အချို့က ဆိုရှယ်မီဒီယာရဲ့ အန္တရာယ်ကို နားလည်ကြသလို အချို့ကျတော့ ပိတ်ပင်တာဟာ လွန်လွန်းတယ်လို့ မြင်နေကြပါတယ်။
Source: Reuters.
#World_News
Published 30 January 2026
■ ရုရှားတို့က ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီကို ရုရှားသို့လာရောက်ရန် ထပ်မံဖိတ်ခေါ်ထားကြောင်း ကြာသပတေးနေ့က ပြောပါတယ်။
■ အမေရိကန်တို့ဦးဆောင်ပြီး ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေး သဘောတူညီချက် ရရှိရန် ကြိုးပမ်းနေကြချိန် ဖြစ်ပါတယ်။
■ ထိုနှစ်နိုင်ငံ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီလိုက်ပြီဆိုတဲ့ ကောလာဟလတွေကို ရုရှားက ငြင်းဆန်လိုက်ကာ ယခုနောက်ဆုံးအထိ အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
■ အမေရိကန် ကြားဝင်စေ့စပ်တဲ့ အဘူဒါဘီငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ငြိမ်းချမ်းရေးရရှိဖို့ အရှိန်အဟုန်ကောင်းတွေ မြင်တွေ့ခဲ့ရပေမယ့် ရုရှားနဲ့ ယူကရိန်းညှိနှိုင်းမှုတွေမှာ ကွဲပြားမှုတွေ ရှိနေတုန်းပါပဲ။
■ တိုက်ခိုက်မှုတွေ ပြင်းထန်နေဆဲဖြစ်ကာ ယူကရိန်းမှာ ဓာတ်အားပြတ်တောက်မှုတွေ ကြုံတွေ့နေရပါတယ်။
■ အမေရိကန် ကြားဝင်ညှိနှိုင်းအပြီး ရုရှားနဲ့ ယူကရိန်းသမ္မတို့ကြား ဆွေးနွေးပွဲပြုလုပ်နိုင်ရန် အလွန်နီးစပ်နေပြီလို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။
■ နယ်မြေပိုင်စိုးရေး၊ နိုင်ငံတကာမှ ငြိမ်းချမ်းရေးထိန်းသိမ်းမှုများ၊ ရုရှားထိန်းချုပ်ထားတဲ့ ယူကရိန်းနယ်မြေများအကြောင်း သဘောမတူညီတာတွေ ဆက်ရှိနေပါတယ်။
■ ယခင်က ဖိတ်ကြားချက်ကို ငြင်းပယ်ထားဖူးတဲ့ ဇယ်လန်စကီဆီမှ တုံ့ပြန်ဖြေကြားမှု ရုရှားမရသေးပါဘူး။
■ ဇယ်လန်စကီကတော့ ပူတင်ကသာ ယူကရိန်းကို လာရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။
■ ရုရှားတောင်ပိုင်းမှ အစိုးရထောက်ခံပြု ချက်ညာခေါင်းဆောင် ရမ်ဇမ်ကာဒီရော့ဗ်က ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆန့်ကျင်နေပြီး စစ်ပွဲဆက်လက်ဆင်နွှဲဖို့ ထောက်ခံနေပါတယ်။
Source: Reuters
Page 39 of 1145