#World_Health
Published 06 February 2026
▪️ ဗိုက်တာမင်-ဒီက ခန္ဓာကိုယ်ထဲမှာ လုပ်ဆောင်ချက်ပေါင်း ၂၀၀ ကျော် ပြုလုပ်နေကာ အရိုးကြံ့ခိုင်မှုအတွက်လည်း အရေးကြီးကြောင်း အရိုးအထူးကု ရိုင်ယန်ဂရင်းက ပြောပါတယ်။
▪️ ဗိုက်တာမင်-ဒီဆိုတာက အဆီပျော်ဝင် ဗိုက်တာမင်နဲ့ ဟော်မုန်းဖြစ်ပြီး ဗိုက်တာမင် ဒီဝမ်း၊ ဒီတူး၊ ဒီသရီးတို့ ပါဝင်ပါတယ်။
▪️ ခန္ဓာကိုယ်ခုခံအားစနစ်ကို ကူညီပေးပြီး ဟော်မုန်းတွေကို ထိန်းညှိပေးကာ အရိုးတွေကို ထောက်ပံ့ပေးသလို ကိုလက်စထရောဖြစ်ပေါ်မှုကို ထိန်းချုပ်ပေးပါတယ်။
▪️ ဆေးခန်းကိုသွားပြီး ဗိုက်တာမင်-ဒီ ချို့တဲ့မှုရှိမရှိ သွားရောက်စစ်ဆေးနိုင်ပါတယ်။
▪️ ဗိုက်တာမင်-ဒီက တစ်ဒက်ဆီလီတာမှာ ၅၀ မှ ၇၅ နာနိုဂရမ်ကြား ရှိနေသင့်ပါတယ်။
▪️ ဗိုက်တာမင်-ဒီချို့တဲ့ခြင်း လက္ခဏာတွေကတော့ ဦးနှောက်ထိုင်းမှိုင်းခြင်း၊ အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်း၊ ကိုယ်ခံအားလုပ်ဆောင်ချက် ကျဆင်းခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ ဗိုက်တာမင်-ဒီ ချို့တဲ့ပါက ကျန်းမာရေး ဆိုးရွားစွာထိခိုက်နိုင်ပြီး အရိုး၊ ကြွက်သားကြံ့ခိုင်မှု၊ ခံတွင်းကျန်းမာရေး၊ နှလုံးကျန်းမာရေးတို့ကိုပါ ထိခိုက်လာနိုင်ပါတယ်။
▪️ ဗိုက်တာမင်-ဒီချို့တဲ့ခြင်းကို ကာကွယ်ဖို့အတွက်ဆိုရင် အကောင်းဆုံးနည်းလမ်းတစ်ခုက နေရောင်ခြည်ထိတွေ့ဖို့ဖြစ်ပြီး တိုက်ရိုက်ထိတွေ့ခြင်းကိုတော့ ကာကွယ်သင့်ပါတယ်။
▪️ ဒါ့အပြင် ပဲပိစပ်၊ ဗာဒံစေ့၊ အုတ်ဂျုံ၊ ငှက်ပျောသီး၊ ပဲကြီး၊ ပန်းဂေါ်ဖီစိမ်း၊ အခွံမာသီးများ၊ ငါးသေတ္တာ၊ ဆယ်လ်မွန်တို့ဟာ ဗိုက်တာမင်-ဒီ များစွာပါဝင်ပါတယ်။
▪️ နောက်တစ်မျိုးက ဗိုက်တာမင်-ဒီ ဖြည့်စွက်အားဆေးတွေ သုံးစွဲဖို့ပါပဲ။
▪️ ဒီထဲမှာမှ ခန္ဓာကိုယ်က ပိုပြီးအသုံးပြုတဲ့ ဒီသရီးအမျိုးအစားကို ရွေးချယ်ဖို့ အသင့်ဆုံးဖြစ်ပါတယ်။
Source: GQ
တရုတ်နိုင်ငံခြားရေးလက်ထောက်ဝန်ကြီး လျူဘင်နဲ့ ရုရှားနိုင်ငံခြားရေးလက်ထောက်ဝန်ကြီး ဆာဂေးရက်ကော့ဗ်တို့ ပူးတွဲဦးစီးကာ နှစ်နိုင်ငံဗျူဟာမြောက်လုံခြုံရေးဆွေးနွေးညှိနှိုင်းပွဲကို အင်္ဂါနေ့က ပေကျင်းမှာ နောက်တစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။
#World_Politics
Published 05 February 2026
#တရုတ် #ရုရှား
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 05 February 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နာမည်ကျော် စူးစမ်းလေ့လာရေးသမား ခရစ္စတိုဖာကိုလံဘတ်စ်ရဲ့ ရုပ်တုကို အိမ်ဖြူတော်အနီး ထားရှိဖို့ လုပ်ဆောင်နေပါတယ်။
■ အီတလီအမေရိကန် အဖွဲ့အစည်းယူနိုက်တက်ရဲ့ ဥက္ကဌ၊ မယ်ရီလန်းလော်ဘီ ဂျွန်ပီကာက သူတို့အဖွဲ့ဟာ ရုပ်တုကို ပိုင်ဆိုင်ပြီး အိမ်ဖြူတော်အနီး ရုပ်တုထားရှိဖို့ ဖက်ဒရယ်အစိုးရထံ ငှားသွားဖို့ သဘောတူထားကြောင်း ပြောပါတယ်။
■ အိမ်ဖြူတော်က ကိုလံဘတ်စ်ရုပ်တုတစ်ခု ရှာဖွေနေတာကို ကြားသိပြီးနောက် ယင်းတို့ဟာ မဲခွဲဆုံးဖြတ်ပြီး အိမ်ဖြူတော်ထံ ရုပ်တုပေးပို့ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြကြောင်း ပီကာက အင်တာဗျူးမှာ ပြောထားကာ ဗုဒ္ဓဟူးနေ့မှာ ငှားရမ်းသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါတယ်။
■ ရုပ်တုတပ်ဆင်မယ့် အချိန်အတိအကျကို သေချာမသိပေမယ့် နှစ်ပတ်အတွင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
■ ရုပ်တုကို ဆိပ်ကမ်းကနေ သယ်ယူပြီးနောက် နေရာအသစ်မှာ ထားရှိဖို့ အီတလီအမေရိကန်အဖွဲ့နဲ့ လုပ်ဆောင်နေကြောင်း မယ်ရီလန်းပြည်နယ်မှ ရီပတ်ဘလစ်ကန် ဒယ်နီနိုမန်ဂီယွန်က ပြောပါတယ်။
■ ထရမ့်က အမေရိကန်သမိုင်းရဲ့ ယဉ်ကျေးမှုတစ်ရပ်ကို ထိန်းသိမ်းရန် အားထုတ်နေတဲ့ အစီအစဉ်တွေထဲက တစ်ခုဖြစ်ပြီး ကိုလံဘတ်စ်ကို သူရဲကောင်းပုဂ္ဂိုလ်အဖြစ် သတ်မှတ်ချင်နေတာပါ။
■ ဒါဟာ နှစ်ပေါင်း ၂၅၀ ပြည့် လွတ်လပ်ရေးကြေညာချက်နဲ့ တိုက်ဆိုင်နေပြီး တိုင်းရင်းလူမျိုးခြားများနေ့ အသိအမှတ်ပြု ပြောင်းလဲလာရေးကို ဆန့်ကျင်သလို ဖြစ်နေပါတယ်။
■ ကိုလံဘတ်စ်ဟာ တိုင်းရင်းပြည်သူများ လူမျိုးသုဉ်းသတ်ဖြတ်ရေးနဲ့ စူးစမ်းစွန့်စားမှုကို ကိုယ်စားပြုတယ်လို့ ဝေဖန်သူတွေ ပြောနေကာ အငြင်းအခုံ ဖြစ်နေကြပါတယ်။
Source: AP News
#World_Health
Published 05 February 2026
■ နေထိုင်မှုစားသောက်မှုပုံစံထဲက အိပ်စက်ခြင်း၊ အစားအစာ၊ လေ့ကျင့်ခန်းဆိုတဲ့ ကဏ္ဍသုံးမျိုးကို အနည်းဆုံးပြောင်းလဲရုံဖြင့် ကျန်းမာရေးတစ်ခုလုံး အပြောင်းအလဲကြီး ဖြစ်နိုင်တယ်လို့ သုတေသနဦးဆောင်သူ နီကိုလတ်စ်ကိုမဲလ်က ပြောပါတယ်။
■ အပြုအမူ အနည်းငယ်ဆုံး ပြောင်းလဲမှုတွေက သက်ရှည်ကျန်းမာဖို့ များစွာသက်ရောက်နိုင်ပါတယ်။
■ (၁) အိပ်စက်ခြင်း
ကျန်းမာရေးအညံ့ဆုံးသူတွေဟာ တစ်နေ့ကို ၅ နာရီခွဲခန့်သာ အိပ်ကြပြီး နောက်ထပ် ၃ နာရီထပ်အိပ်ရုံဖြင့် တိုးတက်စေနိုင်ပါတယ်။
နီကိုလတ်စ်ကလည်း အိပ်ချိန်ပိုလိုအပ်ပေမယ့် ပုံမှန်အိပ်ချိန်နှောင့်ယှက်ဖြစ်မှာကို စိုးရိမ်နေပါတယ်။
မနက်ပိုင်းမှာ ပိုအိပ်ဖို့ကြိုးစားပေမယ့် နဂိုနိုးနေကျအချိန်မှာပဲ နိုးလာတယ်လို့ ဆိုပါတယ်။
■ (၂) စားသောက်ပုံစံ
လေ့လာချက်အရ စားသောက်ပုံ အညံ့ဆုံးသူတွေဟာ တစ်နေ့ကို ဟင်းသီးဟင်းရွက်တွေ ထပ်ထည့်စားပေးပါက ၁ နှစ်လောက်ပိုပြီး အသက်ရှည်စေနိုင်ပါတယ်။
ဒါဟာ ပန်းသီးတစ်လုံးစာနဲ့ ညီမျှကာ နေ့လယ်စာစားပြီးနောက် မွန်းလွဲအချိန်မှာ စားသုံးဖို့ အသင့်ဆုံးဖြစ်ပါတယ်။
■ (၃) လေ့ကျင့်ခန်း
လေ့ကျင့်ခန်းမလုပ်တဲ့သူတွေမှာ တစ်နေ့ကို ၂ မိနစ်လောက် လေ့ကျင့်ခန်းလုပ်နိုင်ဖို့ ဘယ်လိုလုပ်ရမလဲ။
နီကိုလတ်စ်ကတော့ ကြိုးခုန်တတ်သလို မွန်းလွဲပိုင်းမှာ ခွေးနဲ့အတူ လမ်းလျှောက်ပြေးလွှားပါတယ်။
Source: The Guardian.
တရုတ်ထိပ်သီးသံတမန် ဝမ်ယိက တနင်္ဂနွေနေ့က ပေကျင်းမှာ ရုရှားဖက်ဒရေးရှင်းလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိဂူနဲ့ တွေ့ဆုံခဲ့ပါတယ်။
#World_Politics
Published 04 February 2026
#တရုတ် #ရုရှား
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 04 February 2026
■ အမေရိကန်တပ်က အာရေဗျပင်လယ်ရှိ သူတို့ရဲ့ အေဘရာဟမ်လင်ကွန်း လေယာဉ်တင်သင်္ဘောအနား ချဉ်းကပ်လာတဲ့ အီရန်ဒရုန်းတစ်ခုကို ပစ်ချခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
■ အီရန်နဲ့ အမေရိကန်တို့ နျူကလီးယားဆွေးနွေးမှုများ စီစဉ်နေကြချိန်မှာ အခုလိုဖြစ်ခဲ့တာဖြစ်ပြီး အမေရိကန်စစ်သင်္ဘောတွေ အီရန်ဘက်သို့ ဦးတည်နေတာကြောင့် သဘောတူညီချက် မရပါက ဆိုးဆိုးရွားရွားတွေ ဖြစ်နိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သတိပေးထားပါတယ်။
■ ဒရုန်းပစ်ချအပြီး လာမယ့်ရေနံဈေးနှုန်းတွေ တစ်စည်ကို တစ်ဒေါ်လာကျော် မြင့်တက်လာနိုင်ပါတယ်။
■ အီရန်တို့ရဲ့ Shahed-139 ဒရုန်းဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ သင်္ဘောဆီ ပျံသန်းလာလဲမသိရတဲ့အတွက် ကိုယ်ပိုင်ကာကွယ်ရေးအနေနဲ့ အမေရိကန်တိုက်လေယာဉ် F-35 က ပစ်ချခဲ့တယ်လို့ အမေရိကန်ဗဟိုစစ်ဌာနချုပ်မှ ရေတပ်ကပ္ပတိန် တင်မ်ဟော့ကင်းစ်က ပြောပါတယ်။
■ အီရန်မှ Tasnim သတင်းဌာနက ဒရုန်းတစ်စင်းဟာ နိုင်ငံတကာရေပြင်မှာ အဆက်အသွယ်ပြတ်သွားခဲ့ပြီး အကြောင်းအရင်း မသိရဘူးလို့ ဖော်ပြထားပါတယ်။
■ ဒီဖြစ်ရပ်ကြောင့် အမေရိကန် စစ်မှုထမ်းတွေနဲ့ စစ်ရေးပစ္စည်းတွေ ထိခိုက်ခြင်းမရှိခဲ့ပါဘူး။
■ Hormuz ရေလက်ကြားမှာ အမေရိကန်အလံထူထားတဲ့ ရေနံတင်သင်္ဘောကို အီရန်လှေများ နှောင့်ယှက်ခဲ့သဖြင့် အမေရိကန်ရေတပ်က ဝင်ရောက်ထိန်းသိမ်းခဲ့ရပါတယ်။
■ အီရန်မှာ မငြိမ်မသက်ဖြစ်မှုတွေနဲ့ နျူကလီးယားရုပ်သိမ်းရေး အမေရိကန်လိုလားမှုတွေ အပြီးမှာ USS Abraham Lincoln သင်္ဘောကြီးက အရှေ့အလယ်ပိုင်းအတွင်း အမေရိကန်တို့ရဲ့ စစ်ရေးပြင်ဆင်မှုကြီးထဲက တစ်ခုဖြစ်လာပါတယ်။
Source: Reuters
#World_Health
Published 04 February 2026
■ အမျှင်ဓာတ်ဟာ အစာခြေခြင်းအတွက် ကောင်းတယ်လို့ လူတွေ ယူဆထားပေမယ့် အစာအိမ်အူရောင်သူတွေအတွက်တော့ သွေးထွက်ဒဏ်ရာကို ကော်ဖတ်တိုက်သလို ဖြစ်နေလိမ့်မယ်လို့ အူလမ်းကြောင်းနဲ့ ဟော်မုန်းဆရာ ဒေဗီတာဆိုင်းက အင်စတာဂရမ်မှာ ဖော်ပြထားပါတယ်။
■ အရင်ဆုံး အူကို တည်ငြိမ်အောင် ပြုလုပ်ပြီးမှ နောက်ပိုင်းမှာ အမျှင်ဓာတ်ကို ခံနိုင်ရည်ရှိလာမယ်လို့ ဆိုပါတယ်။
■ အူနံရံတွေ ရောင်ချင်တဲ့အခါ လှုပ်ရှားမှုနှေးသွားပြီး အမျှင်တွေက အနည်ထိုင်အချဉ်ပေါက်ကာ လေပွတာတွေ ဖြစ်စေတယ်လို့ ဝေါ့ခ်ဟတ်ဒ်ဆေးရုံမှ အစာအိမ်အူလမ်းကြောင်းအထူးကု စိုင်ပရာဆက်ဂီရစ်ရှ်လက်ဒ်ကလည်း ပြောပါတယ်။
■ ဒါကြောင့် အချို့လူတွေ အရွက်သုပ်၊ ပဲနီလေး၊ အမျှင်များတဲ့ စားစရာတွေ စားတဲ့အခါ ပိုဆိုးစေတာဖြစ်တယ်လို့ ဆိုပါတယ်။
■ အမျှင်ဓာတ်ကို ခန္ဓာကိုယ်က မဖြိုခွဲနိုင်ဘဲ အူလမ်းကြောင်း ကောင်းမွန်မှသာ အူလှုပ်ရှားမှုကို ကူညီပေးတာ ဖြစ်ပါတယ်။
■ ဒီလိုမျိုးအမျှင်ဓာတ်တွေ ထပ်မစားတဲ့အခါ အူနံရံက အနားရသွားပြီး ရောင်ရမ်းတာတွေ လျော့ကျလာပါမယ်။
■ ထောပတ်၊ သံလွင်ဆီ၊ အခွံမာသီးတို့မှ အဆီတွေက အူတွေကို ချောမွေ့စေကာ လှုပ်ရှားမှု ကောင်းစေပါတယ်။
■ အစိမ်းစားခြင်း၊ အမျှင်ဓာတ်များလွန်းခြင်း၊ အစားများလွန်းခြင်းတို့က အစာအိမ်မအီမသာ ဖြစ်စေတာကို အရင်ဆုံးသတိပြုသင့်ပါတယ်။
■ ချောမွေ့စွာ အစာခြေနိုင်ဖို့အတွက် မျှတတဲ့အစားအစာစားခြင်း၊ အချိန်မှန်စားခြင်း၊ ဖိစီးမှုလျှော့ချခြင်း စတာတွေကို ဦးစားပေးဖန်တီးရပါမယ်။
Source: Indian Express.
Page 36 of 1145