ကြာသပတေးနေ့က ကနေဒါနိုင်ငံ တိုရွန်တိုမြို့နဲ့ အနီးတဝိုက်မှာ အင်အားကြီး ဆောင်မုန်တိုင်းတိုက်ခတ်ပြီး ဆီးနှင်းသည်းထန်တာကြောင့် မြင်ကွင်းကျဆင်းပြီး သွားလာပို့ဆောင်ရေးတွေထိခိုက်ကာ ကျောင်းတွေပိတ်ထားရသလို ခရီးသွားလာမှုတွေနှောင့်နှေးရပါတယ်။
#World_Climate
Published 19 January 2025
#တိုရွန်တိုမြို့ #ကနေဒါနိုင်ငံ
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 19 January 2026
■ တနင်္လာနေ့မှာ အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာပြီး သမ္မတဒေါ်နယ်ထရမ့်က ဂရင်းလန်းကိစ္စနဲ့ ပတ်သက်လို့ ဥရောပအပေါ် အခွန်စည်းကြပ်ရန် ခြိမ်းခြောက်တာတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်မှုနည်းသွားကာ ခိုင်မာစိတ်ချရတဲ့ ဂျပန်ယန်းငွေနဲ့ ဆွစ်ဖရန့်ငွေတို့ကို မြှုပ်နှံလာကြပါတယ်။
■ အမေရိကန်သာ ဂရင်းလန်းကို ဝယ်ခွင့်မရပါက ဖေဖော်ဝါရီ ၁ ရက်နေ့မှစပြီး ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဖင်လန်တို့မှ ကုန်ပစ္စည်းများအပေါ် တင်သွင်းခွန် နောက်ထပ် ၁၀ ရာခိုင်နှုန်း စည်းကြပ်သွားမယ်လို့ ထရမ့်က ပြောထားပါတယ်။
■ ဥရောပသမဂ္ဂနိုင်ငံကြီးတွေက အဆိုပါ အခွန်စည်းကြပ်မှုတွေကို ရှုတ်ချလိုက်ကာ ပြင်သစ်ဆိုရင် ယခင်က မကျင့်သုံးဖူးတဲ့ တန်ပြန်ဆောင်ရွက်ချက်များ ပြုလုပ်ဖို့ အကြံပြုနေပါတယ်။
■ နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်မှာ အာရှကုန်သွယ်ရေးအတွင်း ယူရိုငွေနဲ့ စတာလင် ရောင်းချဖို့ ဖြစ်ပါတယ်။
■ ရင်းနှီးမြှုပ်နှံသူတွေက ရေရှည်အကျိုးကို အကဲဖြတ်နေကြကာ ဒေါ်လာလည်း ဖိအားအောက် ရောက်ရှိလာပါတယ်။
■ ဒါကြောင့် ယူရိုနဲ့ စတာလင်ပေါင်တို့ ဆုံးရှုံးခဲ့တာတွေ ပြန်လည်သက်သာလာခဲ့ပါတယ်။
■ ကမ္ဘာတဝှမ်းကို ထရမ့်က အခွန်စည်းကြပ်မယ့် အစီအစဉ်ပြောလာပြီးနောက် အမေရိကန် ပိုင်ဆိုင်မှု တန်ဖိုးတွေအပေါ် ယုံကြည်မှုလျော့နည်းလာပါတယ်။
■ ဥရောပကို အခွန်စည်းကြပ်ဖို့ ခြိမ်းခြောက်နေပေမယ့် ဒေါ်လာကသာ ထိပါးနေတယ်လို့ ANZ မှ အာရှသုတေသနအကြီးအကဲ ခွန်ဂိုက ပြောသွားပါတယ်။
Source: Reuters
#World_Health
Published 19 January 2026
■ ဆေးဝါးတွေမတိုးတော့တဲ့ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားနိုင်မယ့်နည်းလမ်းကို နိုင်ငံတကာသုတေသီအဖွဲ့ တွေ့ရှိထားပါတယ်။
■ ဒီတွေ့ရှိချက်တွေကို အစ္စရေးလ် ဝစ်ဇ်မန်းသိပ္ပံတက္ကသိုလ်က ကြေညာခဲ့တာ ဖြစ်ပါတယ်။
■ ကင်ဆာအများအပြားမှာ ယခင်က ကုထုံးအမျိုးမျိုးနဲ့ အလုပ်ဖြစ်ခဲ့တာတွေက ကုထုံးမတိုးတော့တဲ့ပြဿနာက အလွန်ကြီးမားနေပါတယ်။
■ ကြာလာတာနဲ့အမျှ ကင်ဆာဆဲလ်တွေ ဆင့်ကဲပြောင်းလဲလာပြီး ဒီကုသမှုတွေကို ရှောင်ရှားတတ်လာတာကြောင့် ဆေးဝါးတွေ အလုပ်မဖြစ်တော့တာ ဖြစ်ပါတယ်။
■ သိပ္ပံပညာရှင်တွေက ကင်ဆာအကျိတ်တွေ ကုသမှုယဉ်ပါးလာတဲ့အခါ ဖြစ်လာတဲ့ မျိုးဗီဇဆင့်ကဲပြောင်းလဲခြင်းကို လေ့လာထားကြပါတယ်။
■ ဒီပြောင်းလဲမှုတွေကနေ ကင်ဆာဆဲလ်တွေမှာ မော်လီကျူးအရာတွေ ကျန်ခဲ့ပါတယ်။
■ ဒီအရာတွေကို SpotNeoMet လို့ခေါ်တဲ့ စွမ်းအားမြင့်ကွန်ပျူတာကိရိယာဖြင့် ရှာဖွေပါတယ်။
■ ဒီနောက် ကုသမှုယဉ်ပါးတဲ့ ဆင့်ကဲပြောင်းလဲမှုတွေကို ရှာတွေ့နိုင်မယ့် အချက်အလက်တွေ ရှာဖွေပါတယ်။
■ ထိုအခါမှာ နီယိုအန်တီဂျင်လို့ခေါ်တဲ့ ပရိုတိန်း အပိုင်းအစတွေကို ထုတ်လုပ်ပေးကာ ဒီပစ္စည်းတွေက ကင်ဆာဆဲလ်တွေမှာပါ တွေ့ရပါတယ်။
■ ထိုနီယိုအန်တီဂျင်တွေကို ကိုယ်ခံအားကုသမှုအသစ်ပုံစံတွေ ဖြစ်လာအောင် လေ့ကျင့်ပေးပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်စေပါတယ်။
■ နောက်ထပ်လေ့လာစမ်းသပ်ချက်တွေ ပြုလုပ်ဖို့ လိုအပ်နေသေးကာ အခြားသော ကုထုံးယဉ်ပါးကင်ဆာတွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
Source: India Today
#World_Health
Published 19 January 2026
■ သစ်သီးဝလံတိုင်း သွေးတွင်းသကြားဓာတ် တက်စေနိုင်တာ မဟုတ်ဘဲ သဘာဝအချိုဓာတ်၊ အမျှင်ဓာတ်၊ ဗိုက်တာမင်များ၊ သတ္တုဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မျှတစွာ ပါဝင်ကြတယ်လို့ မွမ်ဘိုင်း ဝေါ့ခ်ဟဒ်ဆေးရုံမှ ဒေါက်တာ ပရာနက်ဗ်ဂိုဒီက ပြောပါတယ်။
■ စားသုံးတဲ့ပမာဏနဲ့ မှန်ကန်တဲ့အသီးမျိုး စားသုံးခြင်းဖြင့် သွေးတွင်းသကြားဓာတ် ထိန်းချုပ်နိုင်ပြီး အင်ဆူလင်ယဉ်ပါးခြင်းကို ထိန်းချုပ်နိုင်မယ့် အသီးတွေကို ဖော်ပြထားပါတယ်။
■ ပန်းသီး - အထူးသဖြင့် အခွံက အမျှင်ဓာတ်နဲ့ ပိုလီဖီနောကြွယ်ဝကာ သွေးတွင်းသကြားဓာတ် ထိန်းသိမ်းစေပါတယ်။
■ ထောပတ်သီး - ကောင်းကျိုးပြုအဆီနဲ့ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ဂလူးကို့စ်ကို ထိန်းသိမ်းပေးပါတယ်။
■ ဘလူးဘယ်ရီ - ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး ဆဲလ်တွေက အင်ဆူလင်ကို တုံ့ပြန်စေပါတယ်။
■ ဂရိတ်ဖရုသီး - နာရင်ဂျီနင် သဘာဝဒြပ်ပေါင်းက အင်ဆူလင်အလုပ်လုပ်စေပါတယ်။
■ လိမ္မော်သီး - အမျှင်ဓာတ်နဲ့ ဗိုက်တာမင်-စီ ပါဝင်ကာ သွေးတွင်းသကြားဓာတ်ပမာဏ နည်းစေပါတယ်။
■ ပန်းသီးစိမ်း - အချိုနည်းပြီး ဆာလောင်စိတ်ကို လျှော့ချပေးပါတယ်။
■ ဆီးချိုသမားတွေကတော့ အသီးဖျော်ရည်တွေ အသီးခြောက်တွေကို ရှောင်ရှားသင့်ပါတယ်။
အလုံးလိုက်ဆိုရင်တော့ သင့်တင့်တဲ့ပမာဏ စားခြင်းဖြင့် အမျှင်ဓာတ်ရရှိစေပြီး သွေးတွင်းသကြားဓာတ်ပမာဏ ကျဆင်းစေပါတယ်။
■ ဒါကြောင့် အသီးတွေကို ဂရုတစိုက်ရွေးချယ် စားသုံးပါက အာဟာရဓာတ်ကို အထောက်အကူ ဖြစ်စေပါတယ်။
Source: Indian Express
#World_Health
Published 18 January 2026
■ လူတွေရဲ့ စားပုံ၊ သွားလာပုံ၊ အိပ်စက်ပုံ၊ အနားယူပုံတို့နဲ့ ပတ်သက်ပြီး ဆရာဝန်တွေ စိုးရိမ်နေကြပါတယ်။
■ ဒီအတွက် ၂၀၂၅ ခုနှစ်မှာ ဆရာဝန်တွေ သတိပေးထားတဲ့ အလေ့အကျင့် ၅ မျိုးကို ဖော်ပြထားပါတယ်။
■ (၁) ညမအိပ်ခင် ဖုန်းသုံးခြင်း
ညဘက် နောက်ကျမှ အစားစားခြင်း၊ ဖုန်းအသုံးပြုခြင်းတို့ကြောင့် ဦးနှောက်ဟာ နေ့ခင်းဘက်ပဲရှိသေးတယ်လို့ သိမြင်သွားပြီး အိပ်စက်မှုဟော်မုန်း ထုတ်လွှတ်မှုကို နှောင့်ယှက်စေကာ ကောင်းစွာမအိပ်နိုင်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
■ (၂) ညစာနောက်ကျလွန်းမှစားခြင်း
ညအချိန်နောက်ကျမှ များများစားမိခြင်းဟာ အစာအိမ်ကောင်းစွာ မရှင်းလင်းနိုင်ခြင်း၊ အက်ဆစ်လျှံတက်ခြင်း၊ ခန္ဓာကိုယ်တွင်း ပြုပြင်ဖြစ်စဉ်များနှောင့်ယှက်ခြင်းတို့ ဖြစ်နိုင်ကာ အစာခြေခြင်းကို ထိခိုက်တာကြောင့် အဝလွန်ခြင်းလည်း ဖြစ်လာနိုင်ပါတယ်။
■ (၃) အထိုင်များလွန်းခြင်းနှင့် လှုပ်ရှားမှုမရှိခြင်း
အထိုင်များခြင်းကြောင့် ဇီဝကမ္မဖြစ်စဉ် နှောင့်နှေးခြင်း၊ သွေးလှည့်ပတ်မှုနည်းခြင်း၊ အဆစ်တောင့်တင်းခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြင်းတို့ ဖြစ်စေနိုင်ကာ သွေးကြောတွေထဲ အဆီတွေအနည်ထိုင်ပြီး သွေးကြောကျဉ်းစေနိုင်ပါတယ်။
■ (၄) အိပ်ချိန်မမှန်ခြင်း
ဘယ်လောက်ကြာအောင် အိပ်တယ်ဆိုတာထက် ဘယ်အချိန်အိပ်လဲဆိုတာက ပိုအရေးကြီးပြီး အိပ်ချိန်မှာ မအိပ်ပါက ကိုယ်ခံအားနည်းခြင်း၊ တုံ့ပြန်မှုနှုန်းနှေးခြင်းတို့ ဖြစ်တတ်ပါတယ်။
■ (၅) အဆင့်ဆင့်ထုပ်ပိုးစားစရာများ စားလွန်းခြင်း
အသင့်စား စားစရာများနဲ့ အဆင့်ဆင့်ထုတ်လုပ်စားစရာများ စားလွန်းခြင်းကိုလည်း ဆရာဝန်တွေ စိုးရိမ်နေကြကာ အဆိပ်အတောက်များ ဝင်ရောက်ခြင်း၊ ရောင်ရမ်းခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြင်းတို့ မြင့်မားစေပါတယ်။
Source: Indian Express.
#World_Science
Published 18 January 2026
■ သမိုင်းဝင် Lake Otero ရေကန်ရဲ့ ခမ်းခြောက်နေတဲ့ကြမ်းပြင်ကို သုတေသီများ လေ့လာခဲ့ရာမှာ ရှေးခေတ်ခြေရာတွေ ဒါဇင်ခန့်နစ်မြုပ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။
■ ရေဒီယိုကာဗွန်အစေ့တွေကိုကြည့်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆,၅၀၀ မှ ၁၉,၀၀၀ အတွင်း ကာလအချိန်က ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။
■ ယခင်ယူဆချက်တွေမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၆,၀၀၀ ထက်စောပြီး မြောက်အမေရိကမှာ လူတွေမရှိခဲ့တာကြောင့် ယခုလေ့လာချက်က ဒီထက် နှစ်ပေါင်း ၇,၀၀၀ စောပြီး နယူးမက္ကဆီဒေသမှာ နေထိုင်ခဲ့ကြတယ်လို့ ဘုန်းမောက်တက္ကသိုလ်မှ ပရော်ဖက်ဆာ မက်သရူးဘန်းနက်ဦးဆောင်တဲ့ အဖွဲ့က တွေ့ရှိခဲ့ပါတယ်။
■ ခြေရာအလွှာတွေ အောက်နဲ့အပေါ်တို့မှာ တွေ့ရတဲ့ Ruppia cirrhosa အစေ့တွေရဲ့ သက်တမ်းကို ခန့်မှန်းကြည့်ရင် နှစ်ပေါင်း ၂၃,၀၀၀ နဲ့ ၂၁,၀၀၀ ကြားဖြစ်နိုင်ပါတယ်။
■ ခြေရာအများစုက ဆယ်ကျော်သက်တွေနဲ့ ကလေးတွေ ဖြစ်တာကြောင့် ထိုနေရာဟာ လူတွေနေထိုင်ခဲ့တဲ့ ပတ်ဝန်းကျင် ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
■ အမွှေးရှည်ဆင်၊ ဒိုင်းယားဝံပလွေတို့လို မျိုးသုဉ်းတိရိစ္ဆာန်တွေရဲ့ ခြေရာတွေလည်း တွေ့ရှိရပါတယ်။
■ ခြေရာတွေကိုကြည့်ပြီး ယခင်အကြောင်းအရာတွေကို ပြန်လည်သိရှိနိုင်မယ့် အခွင့်အရေးဖြစ်ပေမယ့် ထိုဒေသရဲ့ မျက်နှာပြင်က တိုက်စားမှုခံရပြီး ခြေရာတွေ ပျက်စီးကုန်ရပါတယ်။
Source: Daily Galaxy
#World_News
Published 17 January 2026
■ သောကြာနေ့က ဟာဗားနားမှာရှိတဲ့ အမေရိကန်သံရုံးရှေ့မှာ ကျူးဘားလူမျိုး ထောင်နဲ့ချီပြီး အမေရိကန်လုပ်ရပ်ကို ရှုတ်ချခဲ့ကြပါတယ်။
■ ကျူးဘားတို့ရဲ့ မိတ်ဆွေ ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မဒူရိုကို အမေရိကန်တို့ တိုက်ခိုက်ဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်ကို ရည်ညွှန်းပါတယ်။
■ ဗင်နီဇွဲလားကို အမေရိကန်တိုက်ခိုက်ပြီးနောက် နှစ်နိုင်ငံတင်းမာမှု မြင့်တက်နေကာ ကျူးဘားတပ်သား ၃၂ ဦးနဲ့ မဒူရိုကို ကာကွယ်ပေးနေတယ်လို့ ယူဆရတဲ့ ထောက်လှမ်းရေးအရာရှိတွေ သေဆုံးခဲ့ကာ ဆယ်စုနှစ်များအတွင်း အမေရိကန်နဲ့ ကျူးဘားတပ်များ ပထမဆုံးအနေနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။
■ ကျူးဘားမြို့တော်မှာ လူတွေက ဗင်နီဇွဲလားနဲ့ ကျူးဘားအလံတို့ ကိုင်ဆောင်ကာ စုဝေးခဲ့ကြတာ ဖြစ်ပါတယ်။
■ ကျူးဘားသမ္မတ မီဂွယ်ဒီယက်ဇ်ကနယ်ကလည်း အမေရိကန်ဖိအားတွေအောက် စည်းလုံးညီညွတ်ကြဖို့ ကျူးဘားတွေကို တိုက်တွန်းလိုက်ပါတယ်။
■ နယ်ချဲ့သမားတွေကို လုံးဝကြောက်ရွံ့ခြင်းမရှိဘူးလို့ သံရုံးဘက်ကို ညွန်ပြကြွေးကြော်ခဲ့ပါတယ်။
■ ဖလော်ရီဒါကမ်းခြေကနေ မိုင် ၉၀ အကွာလောက်မှာရှိတဲ့ ကျူးဘားနဲ့ အမေရိကန်တို့ကြား နိုင်ငံရေးဂယက်တွေ မြင့်တက်နေပါတယ်။
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားရေနံတွေ ငွေတွေ ကျူးဘားဆီ ထပ်မရောက်စေဖို့ သတိပေးထားပါတယ်။
Source: Reuters
Page 46 of 1145