Published 14 May 2022
တရုတ်နိုင်ငံရဲ့ကြီးထွားလာမှုကိုရင်ဆိုင်နေရချိန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဆီယံခေါင်းဆောင်တွေနှင့် ဝါရှင်တန်မှာကျင်းပတဲ့ ပထမဆုံးထိပ်သီးအစည်းအဝေးမှာ အရှေ့တောင်အာရှနိုင်ငံတွေအတွက် ရေရှည်ကတိကဝတ်ပြုလိုက်ပါတယ်။
ဘိုင်ဒင်က ကနဦးဦးစီးဦးရွက်ပြုမှုအဖြစ် ဒေါ်လာသန်း၁၅၀အစီအစဉ်နှင့် အာဆီယံအတွက် ပထမဆုံး အချိန်ပြည့် အမေရိကန် သံအမတ်ကြီးကိုခန့်အပ်မှာကို ကြေညာခဲ့ပါတယ်။
ဒါဟာ အမေရိကန်-အာဆီယံဆက်ဆံရေးရဲ့ ခေတ်သစ်တစ်ခုလို့သူကကြိုဆိုလိုက်ပြီး အမေရိကန်အစိုးရရဲ့ မဟာဗျူဟာအချက်အခြာထဲမှာ အာဆီယံရဲ့ဗဟိုပြုမှုပါဝင်တယ်လို့ပြောဆိုလိုက်ပါတယ်။
လွတ်လပ်ပွင့်လင်း၊တည်ငြိမ်ကြွယ်ဝပြီးဒူပေနာပေခံနိုင်မှုနှင့် လုံခြုံမှုရှိတဲ့ ဒေသတစ်ခုကို ကျွန်တော်တို့ရှာဖွေနေတာဖြစ်တယ် လို့ ဘိုင်ဒင်က အာဆီယံခေါင်းဆောင်တွေကိုပြောကြားလိုက်ပါတယ်။
Source AFP
#DailyNews
Published - 14 May 2022
၁။မိုးရာသီအဝင်တွင် သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော၊ အစာအဆိပ်သင့်နှင့် အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါအမျိုးမျိုးဖြစ်ပွားနိုင်
၂။ ရန်ကုန်ပရဟိတအဖွဲ့များအနေနဲ့ စရိတ်မျှပေးစနစ်ဖြင့်သာ လူနာလမ်းကြောင်းများကို ကူညီပို့ ဆောင်ပေးနေရ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ လေလံတင်ပွဲသမိုင်းတလျှောက် အကြီးဆုံးစိန်ဖြူကြီး ဒေါ်လာ (၁၈.၈)သန်းဖြင့် လေလံအောင်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
#Yangon_Media_Group
#WorldArchitect
Published 13 May 2022
စိတ်ကူးဉာဏ်နှံနှံစပ်စပ်နဲ့ ဇာတ်ကားရသမျိုးစုံကို တင်ဆက်ပေးခဲ့တဲ့ ဂျာမန်ဒါရိုက်တာ’ဝင်မ်ဝမ်းဒါးစ်’က တိုကျိုမှ အများသုံးသန့်စင်ခန်းတွေကိုကြည့်ပြီး အကြံဉာဏ်ရရှိသွားပါတယ်။
#Yangon_Media_Group
#LocalNews
Published_13 May 2022
အခု မေလထဲမှာ ကျင်းပဖို့ ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နစကတို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ တက်ရောက်မယ့် တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ တစ်ဖွဲ့ချင်း တင်ပြစရာတွေလည်း ရှိမယ်ဆိုပေမယ့် တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ဆွေးနွေးစရာအကြောင်းအရာတွေကတော့ ရည်မှန်းချက်တူကြမှာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ (PPST) ရဲ့ အဖွဲ့ဝင်လည်းဖြစ်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရဲ့ နာယကလည်း ဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published - 13 May 2022
မန္တလေးမြို့တွင် အုပ်စုဖွဲ့လုယက်သူများကြောင့် မြို့နေဒေသခံများ အနေနဲ့ စိုးရိမ်နေရတယ်
လို့ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published -13 May 2022
မေလ(၁၄)ရက်၊ ကဆုန်လပြည့်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ၊တိုက်ကြီးမြို့နယ်ရှိ ပန်းတစ်ပွင့်တောင်တော်မြတ်ကြီးမှာ ကန်တော်မင်္ဂလာနဂါးရုံဘုရားထီးတော်တင်တာ၊ အမျိုးခေါ်အိုးပေါ်စေတီတော်အတွက် ပန္နက်ရိုက်အုတ်မြစ်ချမင်္ဂလာတွေ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ ပန်းတစ်ပွင့်တောင်ဆရာတော်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 13 May 2022
၁။ ကဆုန်လပြည့်နေ့တွင် ပန်းတစ်ပွင့်တောင်၌ ဘုရားထီးတင်ခြင်း၊ စေတီတော်ပန္နက်ရိုက်ခြင်းနှင့် ညောင်ရေသွန်းလောင်းပူဇော်ခြင်းများ ကျင်းပပြုလုပ်မည်။
၂။ မန္တလေးမြို့တွင် သံအုပ်စုဖွဲ့လုယက်သူများကြောင့် မြို့နေဒေသခံများ စိုးရိမ်နေရ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ တိုကျိုမှ ခေတ်မီသန့်စင်ခန်းများအကြောင်း ဂျာမန်ဒါရိုက်တာကြီးတစ်ဦးက ဇာတ်ကားရိုက်ကူးသွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1247 of 1339