#DailyNews
Published - 11 May 2022
၁။ မေလ(၁၄)ရက် ကဆုန်လပြည့်နေ့တွင် ရွှေတိဂုံစေတီတော်၌ အများပြည်သူညောင်ရေသွန်းလောင်းလှူပူဇော်နိုင်။
၂။ တမူးဒေသထိတွေ့တိုက်ပွဲများကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးနေပြီး ခရီးသွားလာရန် ခက်ခဲနေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ မက္ကဆီကိုတွင် ကျားဝတ်စုံများဖြင့် ကြာပွတ်ရိုက်ပွဲကျင်းပ၍ မိုးဖိတ်ခေါ်...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#ဂျပန်တပ်များကလေးဝကို သိမ်းပိုက် မေ ၁၁ ၊ ၁၉၄၂ ခုနှစ် ဂျပန်တပ်များက ဒုတိယကမ္ဘာစစ်အတွင်း ချင်းတွင်းမြစ်အနောက်ဘက်ကမ်းခြေကို ဖြတ်ကျော်ခဲ့ပြီးနောက် ၁၉၄၂ခုနှစ် မေလ ၁၁ရက်နေ့တွင် ကလေးဝကိုသိမ်းပိုက်ခဲ့ပါတယ်။ ရက်ပေါင်း ၁၂၇ ရက်အတွင်း မိုင်ပေါင်း ၁၅၀၀ ခရီးကို တိုက်ပွဲပေါင်း ၃၄ ပွဲ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပါတယ်။ ၁၈၉၃ ဟင်နရီ ဒက်ဂရန့်ချ်ဟာ တစ်နာရီ ၂၁.၉၅ မိုင်နှုန်းဖြင့် စက်ဘီးစီးနင်းပြီး စက်ဘီးအမြန်နှုန်း ကမ္ဘာ့ပထမဆုံးစံချိန်တင် ၁၉၄၆ ညီညွတ်သော မလေးအမျိုးသားအဖွဲ့ United Malays National Organisation ဖွဲ့စည်း ၁၉၄၇ လာအိုက ပါလီမန်ဒီမိုကရေစီအတွက် အခြေခံဥပဒေကိုလက်ခံ ၁၉၄၉ ဆီရမ်ကို ထိုင်းဟု နိုင်ငံအမည်ပြန်ပြောင်း ၁၉၈၉ အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်က ပနားမားသို့ အမေရိကန်တပ်သား ၂၀၀၀စေလွှတ်ရန်အမိန့်ပေး
Published 10 May 2022
ရုတ်တရက်ရေကြီးလာမှုကြောင့် ပါကစ္စတန်မြောက်ပိုင်းမှာရှိတဲ့ အဓိက တံတားတစ်စင်း ကျိုးကျပျက်စီးသွားတာကို အမိအရ မှတ်တမ်းတင်ခဲ့ပါတယ်။ အခုလိုရေလွှမ်းမိုးမှုတွေဖြစ်ရတာဟာ နိုင်ငံအတွင်းအပူချိန်မြင့်တက်လာမှုတွေကြောင့် ရေခဲကန်တွေကနေ ရေခဲတွေပျော်ကုန်တာကို သတိပေးနေပါတယ်။ စနေနေ့က အဲဒီဖြစ်ရပ်ဟာ ရေခဲမြစ်တွေအရည်ပျော်ပြီး ရေကြီးရေလျှံမှုကြောင့် ကာရာကိုရမ်အမြန်လမ်းမကြီးပေါ်က အဓိက တံတားကြီးတစ်စင်းကို အရှိန်နှင့်ရိုက်ချိုုးသွားတာ ဖြစ်ပါတယ်။
Source AFP
#WorldBusiness
Published 10 May 2022
ကိုဗစ်ကပ်ရောဂါ ၂ နှစ်အတွင်း ထိုင်းနိုင်ငံမှသစ်ခွပန်းစိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်ခဲ့တဲ့အပြင် ယူကရိန်း-ရုရှားစစ်ပွဲနဲ့ ရာသီဥတုပြောင်းလဲလာမှုတိုကြောင့်လည်း ပိုပြီးစိုးရိမ်စရာဖြစ်လာပါတယ်။
#Yangon_Media_Group
Published 10 May 2022
ဒိုဟာ လက်ဝတ်ရတနာနှင့်လက်ပတ်နာရီများပြပွဲကို ကာတာနိုင်ငံ ဒိုဟာမြို့တော်မှာ ကျင်းပလျက်ရှိနေရာမှာ တန်ဖိုးကြီးမားလှတဲ့ လက်ဝတ်ရတနာတွေနှင့် လက်ပတ်နာရီမျိုးစုံကို ခင်းကျင်းပြသနေပါတယ်။
အဲဒီအထဲမှာ ဒေါ်လာငါးသန်းတန်တဲ့ မူဝါဝတ်ဒ် မယ်စကြဝဠာသရဖူမှသည် ၁၀၂.၆ကာရက်ရှိတဲ့ စိန်ပွင့်ကြီးနှင့် ပြင်သစ် ဇိမ်ခံအမှတ်တံဆိပ် ခရိုကို အိတ်တွေအထိပါဝင်ပါတယ်။
Source AFP
#LocalNews
Published_10 May 2022
MoU အလုပ်သမားတွေကို ထိုင်းနိုင်ငံဘက်က စတင်လက်ခံခဲ့ပါပြီ။ဒီနေ့ မေလ ၁၀ ရက်နေ့ မနက်က မြန်မာအလုပ်သမား ၂၈၈ ယောက်ကို မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၂)ကနေ လက်ခံခဲ့တာပါ။
#Yangon_Media_Group
#LocalNews
Published - 10 May 2022
တားမြစ်အသင့်စားကြက်အူ ချောင်းစားမိရာမှ လူ ၅၀ ဝန်းကျင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခု မေလ ၉ ရက်၊ ညပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့မြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ ရွာသာကြီးဘူတာအနီးတွင် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 1250 of 1339