Published 16 May 2022
နိုင်ငံမှာ ကိုဗစ်လှိုင်းနှင့်ရင်ဆိုင်နေရတဲ့ အလျောက် မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်အန်ဟာ အခြားအရာရှိတွေနှင့် အတူ မေလ(၁၆)ရက်က ဆေးဆိုင်တွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။
ပြည်သူတွေကြားထဲ ရောဂါကူးစက်မှု အရှိန်ကိုလျှော့ချဖို့အတွက် ခေါင်းဆောင်ကင်မ်က နိုင်ငံတစ်ဝှမ်း လော့ခ်ဒေါင်းလုပ်ဖို့ အမိန့်ပေးထားပေမယ့် မြောက်ကိုးရီးယားနိုင်ငံမှာ လူပေါင်းတစ်သန်းကျော်ဟာ အစိုးရကပြောတဲ့ “အဖျား”ရောဂါနှင့်နေမကောင်းဖြစ်နေကြပါတယ်။
ကပ်ရောဂါတားဆီးကာကွယ်ရေးမှာ ဖြစ်ကတတ်ဆန်း တုန့်ပြန်တယ်ဆိုပြီး ကင်မ်က ကျန်းမာရေးအရာရှိတွေကို ပြင်းထန်စွာ ဝေဖန်ထားပါတယ်။ အထူးသဖြင့်ဆေးဆိုင်တွေဟာ ၂၄နာရီဖွင့်ပြီးဆေးတွေရောင်းချဖို့ပျက်ကွက်ခဲ့တာကိုဖြစ်ပါတယ်။
မြောက်ကိုးရီးယားမှာ ယခုအထိလူ(၅၀)အထိသေဆုံးခဲ့ရပြီးနောက် သူဟာ မြို့တော်ပြုံယမ်းမှာ ဆေးဝါးတွေဖြန့်ချိမှု တည်ငြိမ်ရေးဆောင်ရွက်ဖို့ စစ်တပ်ကိုအမိန့်ပေးလိုက်ပါတယ်။
Source AFP
#LocalNews
Published - 16 May 2022
ကချင်ပြည်နယ်၊ ခါကာဘိုရာဇီဒေသရှိ ဝေးလံခေါင်ဖျား ကျေးရွာများသို့ ဆက်သွယ်ထားသည့် ဟောင်းနွမ်းကြိုးတံတား (၆)စင်းအားပြုပြင်ဖို့ လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 16 May 2022
မွန်ပြည်နယ်၊ဘီလင်းမြို့မှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁၆)ကျောင်းရှိတဲ့အနက်(၂) ကျောင်းပိတ်လိုက်ရပြီး(၁၄)ကျောင်းသာကျန်ရှိတော့တယ်လို့ မြို့ဦးပရဟိတဘုန်းတော်ကြီးသင်ပညာရေး ကျောင်းဆရာတော်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_16 May 2022
မန္တလေးတိုင်းအတွင်းမှာ အမေရိကန်နိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ ဆိုလာစီမံကိန်း နှစ်ခုကို လာမယ့် ၂၀၂၃ ခုနှစ်အတွင်းမှာ ပြီးစီးနိုင်အောင် လုပ်ဆောင်နေပါတယ်။
#Yangon_Media_Group
#DailyNews
Published - 16 May 2022
၁။ မန္တလေးတိုင်းအတွင်း အမေရိကန်ရင်းနှီးမြှုပ်နှံထားသည့် ဆိုလာစီမံကိန်းများ ၂၀၂၃ ခုနှစ်အတွင်း ပြီးစီးနိုင်မည်ဟုခန့်မှန်း
၂။အလှူရှင်နည်းပါး၍ ဘီလင်းမြို့ရှိဘုန်းတော်ကြီးသင် ပညာရေးကျောင်းအချို့ပိတ်လိုက်ရ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပြင်သစ်ကျွန်းတွင် အသုံးပြုပြီးသားဟင်းချက်ဆီများကို ဇီဝလောင်စာအတွက် ဈေးကောင်းပေးဝယ်နေ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
#Yangon_Media_Group
#TV Yangon Times Mattersအစီအစဉ်
Published - 14 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်က စာရေးဆရာအကြီးကိုကို (ကသာ) နှင့်အတူ
_ ဆရာအကြီးကိုကို (ကသာ) ရဲ့ ထွက်ရှိထားတဲ့ စာအုပ်များအကြောင်းနဲ့ စာရေးဆရာဖြစ်လာပုံများ။
_ ဆရာရဲ့ အကြီးကိုကို(ကသာ)စာကြည့်တိုက် များတည်ထောင်ဖြစ်ဖို့ပုံအကြောင်းများ။
_ ဆရာအကြီးကိုကို(ကသာ) ရဲ့ လစဉ် အမေကိုကန်တော့ဖြစ်တဲ့အကြောင်းများ" စတဲ့ စိတ်၀င်စားဖွယ် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 15 May 2022
မေ ၁၄ရက်က ရုရှားနိုင်ငံ မော်စကိုမှာ ပြုလုပ်တဲ့ သံတမန်ရေးရာနှင့်ကာကွယ်ရေးရာကောင်စီအစည်းအဝေးမှာ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂီလက်ဗရော့က “ အနောက်နှင့်ဖြစ်နေတဲ့ ရုရှားစစ်ဟာ ဘယ်လောက်ကြာမယ်ဆိုတာခန့်မှန်းရခက် တယ်” လို့ပြောလိုက်ပါတယ်။
Source AFP
Page 1245 of 1339