#LocalNews
Published_17 May 2022
ပြည်တွင်းရွှေဈေးကွက်မှာ ရွှေမှောင်ခိုလုပ်ငန်းတွေ ရှိနေတာကြောင့် ရွှေအရောင်းအဝယ်လုပ်တဲ့ ဆိုင်တွေ၊ လူပုဂ္ဂိုလ်တစ်ယောက်ချင်းဖြစ်စေ လုပ်ငန်းလိုင်စင်မရှိဘဲ အရောင်းအဝယ်မလုပ်ရဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_17 May 2022
မြန်မာနိုင်ငံနေရာအနှံက ထွက်ကုန်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အမြန်ဆုံးကုန်သွယ်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး ဦးဆောင်တဲ့ အဖွဲ့နဲ့ ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းက တာဝန်ရှိသူတွေ ဆွေးနွေးနေပါတယ်။
#Yangon_Media_Group
Published 17 May 2022
ဒဏ်ရာရထားသူဒါဇင်များစွာအပါအဝင် ယူကရိန်းစစ်သား ၂၆၅ ဦးဟာ ပိတ်ဆို့ခံထားၕတဲ့ အက်ဇော့စတယ်သံမဏိစက်ရုံမှာ လက်နက်ချကြတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ အဲဒီစက်ရုံဟာ ယူကရိန်းရဲ့ ဆိပ်ကမ်းမြို့တော် မာရီယူပိုးလ်မှာ တည်ရှိပါတယ်။
Source AFP
#LocalNews
Published - 17 May 2022
မုတ်သုန်အဝင်နဲ့ မိုးရာသီကာလတွေမှာ ကြုံတွေ့လာနိုင်တဲ့သဘာဝဘေးတွေအတွက်မုန်တိုင်းshutter တွေကြိုတင်ပြင်ဆင်ထားပြီး ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ရှာဖွေကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့လည်း ကြိုတင်ပြင်ဆင်ထားတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်ဖြူလဲ့လဲ့ထွန်းက YMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_17 May 2022
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှာရှိတဲ့ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာမှာ သင်္ဘောဆိုက်ကပ်နိုင်မယ့် ဆိပ်ခံဗောတံတားအတွက် ဇွန်လထဲမှာ တင်ဒါခေါ်ယူဖို့ လုပ်နေပါတယ်။
#Yangon_Media_Group
#DailyNews
Published - 16 May 2022
၁။ တိုင်းရင်းသားကျေးရွာကို အပန်းဖြေသင်္ဘောများ ဆိုက်ကပ်နိုင်ရေး ဆိပ်ခံဗောတံတားတည်ဆောက်ရန် တင်ဒါခေါ်ယူမည်။
၂။ မုတ်သုန်အဝင်မိုးရာသီမှာ ဖြစ်ပွားနိုင်သည့်သဘာဝဘေးများအတွက် ကြိုတင်ပြင်ဆင်ထား။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အမေရိကန်မှ ယူကရိန်းသို့ပေးပို့သည့်လက်နက်များ မှောင်ခိုဈေးကွက်သို့ ရောက်ရှိလာနိုင်ဟု စုံစမ်းရေးမှူးသတိပေး။... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldRecycle
Published 16 May 2022
ပြင်သစ်နိုင်ငံ အိုလေရွန်ကျွန်းမှာ ရူလ်မာဖရစ်-၁၇ ဆိုတဲ့ စွန့်ပစ်ပစ္စည်းဝန်ဆောင်မှုအဖွဲ့အစည်းက နေရာအနှံမှ အသုံးပြုပြီးသား ဟင်းချက်ဆီများကို ၁၅ နှစ်တိုင်အောင် စုဆောင်းလာခဲ့ပါတယ်။
#Yangon_Media_Group
Page 1244 of 1339