၁၈ ဖေဖော်ဝါရီ ၂၀၂၄
အကျဉ်းချခံထားရပြီး ရဲဆေးရုံမှာ တက်ရောက်နေတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာဟာ ယနေ့ တနင်္ဂနွေနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပြန်လည်လွတ်မြောက်လာပါတယ်။
အသက် ၇၄နှစ်ရှိပြီဖြစ်တဲ့ ဘီလျံကြွယ်သူဋ္ဌေးကြီးလည်းဖြစ်တဲ့သက်ဆင်ဟာ တနင်္ဂနွေမနက်စောစောမှာ မာစီဒီးအနက်ရောင်ကို စီးနင်းကာ ဆေးရုံမှထွက်ခွာသွားပါတယ်။ သူဟာ ရှပ်အင်္ကျီ အစိမ်းရောင်ဝတ်ဆင်ထားပြီး လက်မှာပတ်တီးစည်းနှောင်ထားပါတယ်။ သူ့ဘေးမှာ သူ့သမီးအငယ်ဆုံး ဖွေထိုင်းပါတီခေါင်းဆောင် ပေတောင်တန် ရှင်နာဝါထရာလိုက်ပါသွားတယ်လို့ မျက်မြင်ရိုက်တာသတင်းထောက်က ပြောပါတယ်။
သူဟာ သူ့ရဲ့အသက်၊ကျန်းမာရေးအခြေအနေတွေကြောင့် လွတ်ငြိမ်းချမ်းသာခွင့်အတွက် ကိုက်ညီလို့ခွင့်ပြုခဲ့တာလို့ ထိုင်းအစိုးရကပြောထားပါတယ်။
သက်ဆင်စီးလာတဲ့ကားဟာ ၂၅မိနစ်အကြာမှာ ဘန်ကောက်မှာရှိတဲ့ မိသားစုနေအိမ်ကို ဆိုက်ရောက်လာခဲ့ပါတယ်။
“ သက်ဆင်အိမ်ပြန်ရောက်ပြီ။ သူကျန်းမာနေတယ်လို့မျှော်လင့်ပါတယ်” လို့ အင်စတာဂရမ်က သူ့ရဲ့ ထောက်ခံသူတစ်ဦးရဲ့ ပို့စ်ကို သမီးပေတောင်တန်က ပြန်ဝေမျှထားတာတွေ့ရပါတယ်။
သက်ဆင်ဟာ လွတ်ငြိမ်းချမ်းသာခွင့် လုပ်ငန်းစဉ်တွေအားလုံးပြီးဆုံးလို့ လွတ်မြောက်လာပါပြီ လို့ သူ့ရှေ့နေ ဝင်ယတ် ချန်မွန်ထရီက ရိုက်တာသတင်းဌာနကိုပြောပါတယ်။
သက်ဆင်ဟာ ထောင်ကျမှာကိုရှောင်ရှားတဲ့အနေနှင့် နိုင်ငံပြင်ပမှာ ပြည်ပြေးဘဝနှင့် ၁၅နှစ်နေထိုင်ခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ထောင်အကျခံဖို့အတွက် ထိုင်းကိုပြန်လာခဲ့တာဖြစ်ပါတယ်။ထောင်ကျပြီးပြီးချင်းပဲ ကျန်းမာရေးကြောင့်ဆိုပြီး သူ့ကို ရဲဆေးရုံကိုချက်ခြင်းပို့ဆောင်ပေးခဲ့ပြီး ယခုလွတ်မြောက်တဲ့အချိန်ထိ အဲဒီဆေးရုံမှာပဲ ရှိနေခဲ့တာဖြစ်ပါတယ်။
Source Reuters
@ymg/knl
၁၇ ဖေဖော်ဝါရီ ၂၀၂၄
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူငယ်၊ လူရွယ်များအပေါ် မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ပတ်သက်ပြီး ပြောကြားခဲ့မှုနှင့်
ပြည်သူ့စစ်မှုထမ်းစနစ်ကိစ္စများကို သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ထပ်မံရှင်းလင်းပြောကြားခဲ့ပါတယ်။
ပြောကြားချက်အပြည့်အစုံကိုဖော်ပြပေးပါတယ်။
@ymg/knl
၁၅ ဖေဖော်ဝါရီ ၂၀၂၄
ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း ထွက်ပေါ်နေသည့် ကောလာဟလ သတင်းများ၊ စိုးရိမ်ထိတ်လန့်မှု များဖြစ်ပေါ်နေရာ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ ဖေဖော်ဝါရီ ၁၅ရက်နေ့တွင် ထပ်မံရှင်းလင်းပြောကြား ခဲ့ပါတယ်။ အဆိုပါပြောကြားချက်အပြည့်အစုံကို ဖော်ပြပေးအပ်ပါတယ်။
@ymg/knl
၁၅ ဖေဖော်ဝါရီ ၂၀၂၄
ဂျပန်ဟာ မမျှော်လင့်ဘဲ ပြီးခဲ့သည့်နှစ်အကုန်မှာ စီးပွားရေးကျဆင်းမှု recession ထဲ ရောက်ရှိသွားရပြီး ကမ္ဘာ့တတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ဂျာမနီနိုင်ငံထံ လွှဲပေးလိုက်ရပါတယ်။ ဆယ်စုနှစ်ကြာညောင်းခဲ့တဲ့ ယင်းရဲ့အလွန်လျော့တိလျော့လျဲနိုင်လှတဲ့ ငွေကြေးမူဝါဒကနေ ဂျပန်ဗဟိုဘဏ်က ရုန်းထွက်နိုင်မှာလားဆိုတဲ့အပေါ်လည်း သံသယဖြစ်နေကြပါတယ်။
တရုတ်ရဲ့လိုအပ်မှု ကျဆင်းခြင်း၊ဝယ်လိုအားခြောက်ကပ်နေခြင်းနှင့် တိုယိုတာကား စက်ရုံတစ်ခု ထုတ်လုပ်မှုရပ်ဆိုင်းထား ရခြင်းတွေကြောင့် လက်ရှိသုံးလတ်ပတ်မှာ ဂျပန်စီးပွားရေးဟာ နောက်ထပ်ကျုုံလာနိုင်တယ်လို့ ပညာရှင်တွေက သတိပေး လိုက်ပါတယ်။
“ ဂျပန်စီးပွားရေးဟာ အရှိန်ဆက်ပြီးလျော့ကျနေဦးမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု အဓိကမောင်းနှင်အားတွေ မရှိဖြစ်နေ တယ်” လို့ ဒိုင်အီချီလိုက်ဖ် သုတေသနအဖွဲ့မှ အကြီးတန်းအမှုဆောင်စီးပွားရေးပညာရှင် ယိုရှီကီ ရှင်ကေးကပြောပါတယ်။
ဂျပန်ရဲ့ ဂျီဒီပီဟာ ပြီးခဲ့တဲ့သုံးလပတ်မှာ ၃.၃ ရာခိုင်နှုန်းကျဆင်းပြီးနောက် အောက်တိုဘာမှ ဒီဇင်ဘာ တစ်နှစ်တာကာလ အတွင်းမှာ စုစုပေါင်း၀.၄ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ အစိုးရရဲ့ ကြာသပတေးနေ့က ထုတ်ပြန်ချက်အရသိရပါတယ်။
သုံးလပတ်နှစ်ခု ဆက်တိုက် စီးပွားရေးကျုံ့သွာတဲ့အတွက် ပညာရပ်ပိုင်းဆိုင်ရာ အနက်အဓိပ္ပါယ်ဖွင့်ဆိုရလျှင် ဂျပန်ဟာ စီးပွးရေးကျဆင်းမှု recession ထဲရောက်ရှိသွားတာဖြစ်ပါတယ်။
“ သုံးလတ်ပတ်နှစ်ခုဆက်တိုက် ဂျီဒီပီျကဆင်းကြီး သုံးလပတ်သုံးခု ဆက်တိုက် ပြည်တွင်းဝယ်အားကျဆင်းရတာဟာ သတင်းဆိုးတစ်ခုဖြစ်တယ်” လို့ Moody's Analytics အဖွဲ့အစည်းရဲ့ အကြီးတန်းစီးပွားရေးပညာရှင် စတီဖန် အင်ဂရစ်က ပြောပါတယ်။
Source Reuters
@ymg/knl
၁၄ ဖေဖော်ဝါရီ ၂၀၂၄
ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အရန်တပ်ဖွဲ့ဥပဒေနှင့်ပတ်သက်၍ အမျိုးမျိုးထွက်ပေါ်နေသည့် ကောလာဟလ သတင်း များနှင့် ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ ဖေဖော်ဝါရီ ၁၄ရက်တွင် ပြန်လည်တုန့်ပြန်ပြောကြားခဲ့ပါတယ်။
အဆိုပါတုန့်ပြန်ပြောကြားချက်အပြည့်အစုံကိုဖော်ပြပေးအပ်ပါတယ်။
@ymg/knl
၁၃ ဖေဖော်ဝါရီ ၂၀၂၄
ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရခြင်းသည် ပြည်တွင်းပြည်ပဘေးအန္တရာယ်ဆိုတာထက် တို့တာဝန်အရေး(၃)ပါးကို စောင့်ထိန်းရတာဝန်ရှိတဲ့အတွက် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားဖို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ဖို့ ရည်ရွယ်ခြင်းဖြစ်တယ် လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ယင်းဥပဒေနှင့်ပတ်သက်၍ ပြောဆိုဝေဖန်မှုများရှိနေသည့်အတွက် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်တွင် ထပ်မံရှင်းလင်းပြောဆိုရာတွင် ယင်းကဲ့သို့အသိပေးခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ရှင်းလင်းတင်ပြချက်အပြည့်အစုံကို ဖော်ပြပေးအပ်ပါတယ်။
@ymg/knl
၁၃ ဖေဖော်ဝါရီ ၂၀၂၄
စစ်မှုထမ်းဟောင်းတစ်ဦးအား စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်တဲ့ အရန်တပ်ဖွဲ့ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှ စတင် အာဏာတည်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဖေဖော်ဝါရီ၁၃)ရက်တွင် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ဥပဒေကို ၂၀၁၀ပြည့်နှစ် နိုဝင်ဘာ (၄)ရက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ် မှုးကြီးသန်းရွှေ လက်မှတ်ရေးထိုးအတည်ပြုခဲ့တာဖြစ်ပါတယ်။
သို့သော် အဆိုပါဥပဒေ ပုဒ်မ(၁)၊ ပုဒ်မခွဲ(ခ)တွင် ဥပဒေအာဏာတည်သည့်ရက်ကို အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ် ရမည် ဟုပါရှိသော်လည်း ယခင်အစိုးရအဆက်ဆက်တွင် အာဏာတည်သည့်အမိန့်ထုတ်ပြန်ခဲ့ခြင်းမရှိခဲဘဲ ယခု နစကလက်ထက် တွင် အာဏာတည်သည့်အမိန့်ကို ယခုကဲ့သို့ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
အရန်တပ်ဖွဲ့ဥပဒေအရ စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းခြင်းမှနုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူခွင့်ရရှိသည့် နေ့ရက်မှ စ၍ ငါးနှစ်အထိ အရန်တပ်ဖွဲ့တွင် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိပါတယ်။
ယင်းအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်မှုထမ်းခြင်းမှ မိမိဆန္ဒအလျောက်နုတ်ထွက်သော သို့မဟုတ် အငြိမ်းစားယူသော စစ်မှုထမ်းတစ်ဦးအား အရန်တပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်နိုင်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လေ့ကျင့်ရေးအတွက်ဖြစ်စေ၊ အရေးပေါ်အခြေအနေများအတွက် ဖြစ်စေ၊ စစ်မှု ထမ်းဆောင်ရန် ဆင့်ခေါ်ခြင်းခံရသူအား တပ်မတော်၌ တာဝန်ထမ်းဆောင်စဉ်က ခွင့်ပြုခဲ့သောနောက်ဆုံးအဆင့်နှင့် စစ်ဝတ်စုံ တို့ကို သုံးစွဲ ခွင့်ပြုနိုင်ကြောင်းသိရပါတယ်။
ဥပဒေအရ အရန်တပ်ဖွဲ့ဝင်တစ်ဦးသည် တပ်မတော်မှရရှိသော အငြိမ်းစားလစာအပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သတ်မှတ် သော အကျိုးခံစားခွင့်များကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်။
(မူရင်းဥပဒေအပြည့်အစုံကို လေ့လာနိုင်ရန် သီးခြားဖော်ပြပေးထားပါတယ်)
@ymg/knl
Page 60 of 221