၆ ဩဂုတ် ၂၀၂၅

ကုန်းတွင်းလုပ်ကွက်တွေဖြစ်တဲ့ “ပြည်” အနည်ကျချိုင့်ဝှမ်းကြီး ဒေသ(၃)ခုတွင် ရေနံနှင့်  သဘာဝဓာတ်ငွေ့များထုတ်လုပ်နိုင်ရန် ပုဂ္ဂလိက ကုမ္ပဏီ(၂)ခုက စတင်ဆောင်ရွက်တော့မယ်လို့သိရ   ပါတယ်။

အဆိုပါ ပုဂ္ဂလိက ကုမ္ပဏီ (၂)ခုကတော့ HNA Myanmar Oil & Gas  Ltd နှင့် Future Engineering & Gold, Mining Co., ltd တို့ဖြစ်ကြပြီး စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် ယင်းကုမ္ပဏီများ ဩဂုတ် ၆ ရက်က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနတွင် စာချုပ်များလက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပါတယ်။

HNA Myanmar Oil & Gas  Ltd ကုမ္ပဏီသည် ကုန်းတွင်းလုပ်ကွက် IOR-4 (ပြည်ဒေသ) ဧရိယာ - ၁ နှင့် IOR-6 (မြန်အောင်ဒေသ) ဧရိယာ - ၃ တို့တွင်လည်း   ကောင်း၊Future Engineering & Gold, Mining Co., ltd. သည် IOR-7 (ရွှေပြည်သာဒေသ) ဧရိယာ - ၂ တွင်လည်းကောင်း  ရေနံ  အထွက်တိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံနှင့် သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်များ  လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ကြောင်း စွမ်း  အင်ဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“ယနေ့စာချုပ်ချုပ်ဆိုမည့် ပြည်ရေနံမြေ၊ မြန်အောင်ရေနံမြေနှင့် ရွှေပြည်သာရေနံမြေ တို့သည် ပြည်အနည်ကျချိုင့်ဝှမ်းကြီးအတွင်း တည်ရှိသည်ဖြစ်ရာ အစဉ်အလာကောင်းများနှင့် အလား အလာ   ကောင်းများရှိသည့်  ရေနံမြေများဖြစ်သဖြင့် ခေတ်မီနည်းပညာများ၊ ခေတ်မီစက်ကိရိယာများ အသုံး   ပြု၍ ရှာဖွေခြင်း၊ အကဲဖြတ်ခြင်း၊ တူးဖော်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော် အတွက် များစွာအထောက်အကူပြုမည်ဖြစ်ပြီး အောင်မြင်မည်ဟုလည်းယုံကြည်တယ်”လို့ အဆိုပါ စာချုပ်ချုပ်  ဆိုပွဲကို ဦးဆောင်တက်ရောက်တဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အခမ်း အနားမှာပြောကြားခဲ့ပါတယ်။

စာချုပ်ချုပ်ဆိုပွဲတွင် စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်အတူ အဆိုပါပုဂ္ဂလိကုမ္ပဏီ  များမှ တာဝန်ရှိသူတွေ၊ စွမ်းအင်ဝန်ကြီးဌာန ဌာနဆိုင်ရာ အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။

စွမ်းအင်ဝန်ကြီးဌာနသည် သက်တမ်းရင့်ရေနံမြေများမှ ကုန်းတွင်းလုပ်ကွက်(၁၀)ကွက်ကို တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ တိုးတက်ထွက်ရှိလာသော ရေနံနှင့် သဘာဝ  ဓာတ်ငွေ့ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်ဖြင့် လုပ်ငန်းများဆောင်ရွက်ခွင့်ပြုပေးလျက်ရှိတယ်လို့  လည်း သိရပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ်ခွင့်ပြုပေးခဲ့သည့် လုပ်ကွက်အနေဖြင့် ယခုအချိန်တွင် သဘာဝ ဓာတ်ငွေ့များထုတ်လုပ်နေပြီး ယင်းဒေသ၏ လျှပ်စစ်မီးရရှိရေးအတွက် အသုံးပြုလျက်ရှိနေပြီဖြစ်တယ်လို့လည်း စွမ်းအင်ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ   ဖော်ပြထားပါတယ်။

#ymg/knl