YMG မတ် ၂၄၊၂၀၂၆-မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ အကြီးအကဲဖြစ်သူ မစ္စတာ ဆော်န်နစ်ခ်ဟာ ရန်ကုန်မြို့ရှိ ရန်ကုန် ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပခဲ့တဲ့ Yangon International Mobility Show ကားပြပွဲသို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ပါတယ်။
မစ္စတာဆော်န်နစ်ဟာ အဆိုပါပြပွဲအတွင်းခင်းကျင်းပြသထားတဲ့ အမေရိကန်ရဲ့ ဖို့ဒ်ကား Ford ပြခန်းကို ကြည့်ရှုအားပေးခဲ့တယ်လို့ ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
Ford ကုမ္ပဏီကို အားပေးကူညီဖို့နဲ့ အမေရိကန်ကုမ္ပဏီတွေကို မြန်မာနိုင်ငံအတွင်းမှာ မျှတတဲ့ စျေးကွက်ယှဉ်ပြိုင်မှု ရှိစေဖို့ အမေရိကန်ရဲ့ ကတိကဝတ်ကို အလေးပေးဖော်ပြဖို့အတွက် သံရုံးရဲ့ အကြီးအကဲ ဆောန်နစ်ခ်ဟာ Yangon International Mobility Show ကို သွားရောက်ခဲ့တာဖြစ်တယ်လို့ အမေရိကန်သံရုံးက ဆိုပါတယ်။
“မြန်မာ့မော်တော်ယာဉ်စျေးကွက်အတွင်း ရွေးချယ်စရာတွေ ပိုမိုများပြားလာအောင် ဆောင်ရွက်ပေးနေ တဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေနဲ့အတူ ရပ်တည်ရတဲ့အတွက် မိမိတို့ ဂုဏ်ယူမိပါတယ်” လို့လည်း မစ္စတာဆော်န်နစ်ခ်က ပြောပါတယ်။
အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံရဲ့စီးပွားရေးအရ ထိတွေ့ဆက်ဆံမှုတွေ ဆက်တိုက်ဆောင်ရွက်လာ တာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်က မြန်မာနိုင်ငံသို့ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တွေ တင်ပို့ဖို့ ဘန်ကောက်မြို့ရှိ အမေရိကန်အစိုးရ စိုက်ပျိုးရေးဝန်ကြီးဌာနရုံးခွဲမှာ မြန်မာလုပ်ငန်းရှင်များနှင့် သဘော တူညီချက်လက်မှတ်ရေးထိုးခဲ့ကြပြီး တစ်လခန့်အကြာမှာ အမေရိကန်သံရုံးအကြီးအကဲက မြန်မာ့ကား ပြပွဲကြီးသို့ သွားရောက်ပြီး မြန်မာ့လုပ်ငန်းရှင်များနှင့် ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်လာတာဖြစ်ပါတယ်။
ဓါတ်ပုံများ- အမေရိကန်သံရုံး(ရန်ကုန်မြို့)
#Local_News
Published 24 March 2026
■ မြန်မာ့ဘောလုံးလောကအတွင်း အရည်အသွေးရှိသော ဒိုင်လူကြီးသစ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)၊ ဒိုင်ကော်မတီနှင့် ဒိုင်ဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် "MFF Basic Referee Course 1/2026" သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀:၀၀) နာရီက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် ပြုလုပ်ခဲ့သည်။
■ အဆိုပါ အခြေခံဒိုင်သင်တန်းကို မတ်လ ၂၄ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး၊ ရန်ကုန်၊ ဧရာဝတီ၊ ကရင် နှင့် ပဲခူးတိုင်းဒေသကြီး အပါအဝင် ဒေသအသီးသီးမှ ပညာရေးဝန်ထမ်းများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ တက္ကသိုလ်ကျောင်းသားများနှင့် ဘောလုံးဝါသနာရှင် လူငယ်စုစုပေါင်း (၂၉) ဦး တက်ရောက်လျက်ရှိေကြာင်း သိရသည်။
■ သင်တန်းကာလအတွင်း သင်တန်းသားများသည် ဘောလုံးစည်းမျဉ်းဥပဒေများ၊ ဒိုင်လူကြီးတစ်ဦး လိုက်နာရမည့် ကျင့်ဝတ်များနှင့် ကွင်းအတွင်း ဆုံးဖြတ်ချက်ချမှတ်မှုဆိုင်ရာ အခြေခံသီအိုရီနှင့် လက်တွေ့လေ့ကျင့်ခန်းများကို စနစ်တကျသင်ကြားကြရမည်ဖြစ်သည်။
■ ယခုသင်တန်းမှတစ်ဆင့် ထူးချွန်သည့် ဒိုင်လူကြီးလောင်းများကို ပြည်တွင်းပြိုင်ပွဲများတွင် တာဝန်ပေးအပ်နိုင်ရန် ဆက်လက် လေ့ကျင့်ပျိုးထောင်သွားမည်ဖြစ်ေကြာင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 24 March 2026
၁။ သမီးလှကျွန်းကိုစတုတ္ထမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် ပြောင်းလဲသတ်မှတ်
၂။ ကမ္ဘာ့ရွှေဈေးနှင့်အတူ ကျဆင်းခဲ့သည့် မြန်မာ့ရွှေဈေးတစ်ရက်အတွင်း ကျပ်နှစ်သိန်းပြန်တက်လာ
၃။ မန္တလေးသင်္ကြန် ၂၀၂၆ ကို မဏ္ဍပ် ၄၀ ကျော်အပြင် လမ်းလျှောက်သင်္ကြန်ကိုလည်း ထည့်သွင်းကျင်းပမည်
၄။ အမေရိကန်အစိုးရစုစုပေါင်း ကြွေးမြီ ဒေါ်လာ(၃၉)ထရီလီယံကျော်လွန်သွားပြီ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို စတုတ္ထမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် ဧရိယာတိုးချဲ့ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 24 March 2026
#သမီးလှကျွန်း #တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေးစံချိန်တင်ကျဆင်းခဲ့ခြင်းနဲ့အတူ မြန်မာ့ရွှေဈေးလည်း လိုက်ပါကျဆင်းခဲ့ပြီးနောက် တစ်ရက်အတွင်း ကျပ်နှစ်သိန်းပြန်တက်လာတယ်လို့ ရွှေဈေးကွက်အသိုင်းအဝိုင်းမှ သိရပါတယ်။
#Local_News
Published 24 March 2026
#ကမ္ဘာ့ရွှေဈေး #မြန်မာ့ရွှေဈေး
#YMG/SW #Yangon_Times
၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို နန်းမြို့ကျုံးပတ်လည်၌ မဏ္ဍပ် ၄၀ ကျော်နဲ့ စည်ကားသိုက်မြိုက်စွာကျင်းပသွားမယ့်အပြင် ၂၆ လမ်းတစ်လျှောက် လမ်းလျှောက်သင်္ကြန်အစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပသွားမယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။
#Local_News
Published 24 March 2026
#မန္တလေးသင်္ကြန် #မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ယခုလအတွင်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၁၄၁ သန်း အထိရောင်းချပေးထားတယ်လို့ ဗဟိုဘဏ်ကထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 24 March 2026
#စက်သုံးဆီ
#YMG/SW #Yangon_Times
Page 114 of 2398