#Local_News
Published 23 March 2026
▪️ ရန်ကုန်မြို့ K.I.P Port သို့ MT TIRTASARI ဆီတင်သင်္ဘောကြီးဆိုက်ကပ်လာရာ ပြည်သူများထံသို့ အရည်အသွေးမီ စားသုံးဆီများ ကို စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရန်နှင့် စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်းများ အချိန်မီဖြန့်ဖြူးနိုင်ရန်ရည်ရွယ်၍ MT TIRTASARI အမည်ရှိ ဆီတင်သင်္ဘောကြီးသည် ရန်ကုန်မြို့ (K.I.P Port) သို့ မတ် ၂၁ ရက်ညပိုင်းက ဆိုက်ကပ်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါသင်္ဘောပေါ်တွင် ပါရှိသောဆီများ၏ အရည်အသွေးနှင့် အလေးချိန်တိကျမှန်ကန်မှုရှိစေရန်အတွက် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးကြီးကြပ်ရေးလုပ်ငန်းကော်မတီက ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်များ၊ ကန်ကြီးကြပ်ရေးအဖွဲ့နှင့် MITS အဖွဲ့တို့က ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
▪️ ထို့နောက် MT TIRTASARI သင်္ဘောသည် မတ်လ၂၂ရက်နေ့ည ၁၀ နာရီ ၅၄ မိနစ်တွင် ကုန်ချလုပ်ငန်းစဉ်များအားလုံးပြီးစီးခဲ့ခြင်းကြောင့် ပြည်သူများထံသို့ အရည်အသွေးမီ စားသုံးဆီများကို စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 23 March 2026
■ (၁၁) ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ ဧပြီv ၄ ရက်(စနေနေ့) နံနက်၉နာရီမှ ညနေ ၄ နာရီထိ ရန်ကုန်မြို့ဆီဒိုးနားဟိုတယ် Grand Ballroom တွင် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
■ ယင်းကို ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်းAMAUT (Association of Myanmar Alumni from Universities in Thailand)မှ ကြီးမှုးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
■ ပညာရေးပြပွဲတွင်ထိုင်းနိုင်ငံမှနိုင်ငံတ ကာအဆင့်မီ နာမည်ကျော်တက္ကသိုလ်(၂၆) ကျောင်းမှ ပါဝင်ပြ သမည်ဖြစ်ပြီးမြန်မာကျောင်းသား၊ကျောင်းသူများအနေဖြင့်တက္ကသိုလ်၊ကောလိပ်များ၊ပညာရေးအဖွဲ့အစည်းများ၏ကိုယ်စားလှယ်များထံမှသတင်းအချက်အလက်များကိုတစ်ပြိုင်နက်တည်းရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါ ထိုင်းတက္ကသိုလ်ပညာရေးပြပွဲတွင် ထိုင်းနိုင်ငံရှိ Silpakorn University International College (SUIC)၊ North-Chiang Mai University၊Southeast Bangkok University ၊National Institute of Development Administration၊ Dusit Thani College၊ Kasem Bundit University၊ University of Thai Chamber of Commerce၊Assumption University၊London University of Bangkok ၊Bridge International Bangkok၊Asia Institute of Technology (AIT)၊PAYAP University၊Thai Global Business College (TGBC)Mahidol University International College (MUIC)၊Prince of Songkla University (PSU)၊Prince of Songkla University (PSU), Faculty of Medicine၊Prince of Songkla University (PSU), Phuket Campus၊MUT International College၊King Mongkut's University of Technology North Bangkok (KMUTNB)၊Chulalongkorn University ၊.Krirk Univesity၊ Kasetsart University International College (KUIC), Thailand၊IRPCT International College၊Crismon Education၊Dhurakij Pundit University၊Faculty of Humanities, Naresuan Universityစသည့် တက္ကသိုလ်များမှ တိုက်ရိုက်ဆွေးနွေးမှုများပြုလုပ်ပေးမည်ဖြစ်ကြောင်းသိရသည်။
■ ပညာရးပြပွဲအတွင်း အပြည့်အ၀ ပညာသင်ဆုများအပြင် တစ်စိတ်တစ်ပိုင်းလည်း ထောက်ပံ့ကြေး များကိုတစ်နေရာတည်းတွင် မေးမြန်းစုံစမ်းနိုင်မည်ဖြစ်ပြီး တက္ကသိုလ် Admission Officers များ Professor များနှင့် တိုက်ရိုက်မျက်နှာချင်းဆိုင်တွေ့ဆုံကာ ဘာသာရပ်ရွေးချယ်မှု၊ ကျောင်းဝင်ခွင့်လိုအပ်ချက်များကို မေးမြန်းနိုင်ခြင်း၊ Business ၊ Engineering ၊ Medical Sciences ၊IT၊ Hospitality နှင့် အခြားသော ခေတ်မီဘာသာရပ်ပေါင်းစုံကို စိတ်ကြိုက်ရွေးချယ်နိုင်ခြင်း၊ကျောင်းလခ ၊နယ်မြေအခြေအနေ၊ အင်္ဂလိပ် စာလိုအပ်ချက်နှင့် ဘွဲ့ရပြီးနာက် အလုပ်အကိုင်အခွင့်အလမ်းများကို အသေးစိတ်သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
Published 23 March 2026
▪️ ကချင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်ငါးခု၌ အချိန်အခါမဟုတ်မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ ယနေ့မနက်ပိုင်း ထုတ်ပြန်ချက်အရသိရသည်။
▪️ ယနေ့ညနေအထိခန့်မှန်းချက်အရ ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာ ကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကာ ရွာရန်ရာနှုန်း ၈၀ ဖြစ် ကြောင်း၊ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်းသိရသည်။
▪️ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ပြီး
ယနေ့ညနေအထိခန့်မှန်းချက်မှာနေပြည်တော်၊ရန်ကုန်မြို့၊မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းမည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 23 March 2026
■ အမျိုးသမီးကို တရုတ်ဇနီးမယားအဖြစ် ပေါင်းသင်းခဲ့သော တရုတ်နိုင်ငံသားနှင့် ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူတို့ကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
■ ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကုက္ကိုတန်းကျေးရွာအုပ်စုနေ အမျိုးသမီးတစ်ဦးကို တစ်ရွာတည်းနေ တရုတ်နိုင်ငံမှ ခေတ္တပြန်လာသူ မသဲသဲဦးက တရုတ်ယောကျ်ားနှင့် ပေါင်းသင်းနေထိုင်ပါက ယွမ် ၈၀၀၀၀ ရမည်၊ ကောင်းမွန်စွာ နေထိုင်စားသောက် ဝတ်ဆင်ရမည်ဟု စည်းရုံးပြောဆိုပြီး Wechat အကောင့်ဖွင့်ပေး၍ တရုတ်နိုင်ငံသို့ ပြန်သွားခဲ့ကြောင်း၊ တစ်လခန့်အကြာ Wechat မှတစ်ဆင့် ဆက်သွယ်လာခဲ့ပြီး အမျိုးသမီးနှင့် ပေါင်းသင်းနေထိုင်ရမည့် တရုတ်အမျိုးသားကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်လာမည်ဖြစ်၍ မန္တလေးလေဆိပ်တွင် လာရောက်စောင့်ကြိုရန် ပြောကြားသဖြင့် သွားရောက်စောင့်ကြိုခဲ့ရာ မသဲသဲဦးနှင့်အတူ တရုတ်နိုင်ငံသား လင်းဟုန်း (LIN HONG) ကို တွေ့ရှိခဲ့ရကြောင်းသိရသည်။
■ ထို့နောက် တရုတ်နိုင်ငံသား လင်းဟုန်း (LIN HONG) နှင့် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် နှစ်ရက်ခန့်ပေါင်းသင်းနေထိုင်ပြီးနောက် ရွာရှိနေအိမ်သို့ပြန်လာ၍ ပေါင်းသင်းနေထိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသားနှင့် ပေါင်းသင်းနေထိုင်ခအဖြစ် မသဲသဲဦးက အမျိုးသမီးကို ငွေကျပ် သိန်း ၁၂၀ ပေးခဲ့ပြီး ၎င်းမှ ယွမ် ၂၀၀၀ ရယူခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် (မိတ္ထီလာ) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ သာစည်မြို့မရဲစခန်း (ပ) ၃၁/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး မတ် ၁၉ ရက်တွင် မိတ္ထီလာခရိုင်တရားရုံးမှ တရားခံ တရုတ်နိုင်ငံသား လင်းဟုန်း (LIN HONG) နှင့် မသဲသဲဦးတို့ နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
■ ထို့အတူ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ မိန်းကလေးတစ်ဦးသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် မိခင်ဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး မန္တလေးမြို့ရှိ “မေ” တည်းခိုခန်းတွင် တည်းခိုနေထိုင်စဉ် လူမှုကွန်ရက် Telegram (အမည်မမှတ်မိ) အကောင့်ပိုင်ရှင် မယမင်းထွေးက တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ငွေကျပ်သိန်း ၁၀၀ ရရှိမည်၊ လမ်းစရိတ်ကုန်ကျခံ၍ ခေါ်ပေးမည်ဟု ရေးသားထားသည်ကို တွေ့ရှိရသဖြင့်ဆက်သွယ်ရာ တည်းခိုခန်းသို့ မယမင်းထွေး စေလွှတ်လိုက်သည့် မူဆယ်မြို့ ဟိုနားရပ်ကွက်နေ မောင်ရဲမာန်အောင် (ခ) ရဲမာန်က လာရောက်ခေါ်ဆောင်ပြီး ဆေးစစ်ဆေးမှုများဆောင်ရွက်ခြင်း၊ အဝတ်အစားများဝယ်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံသို့ပို့ဆောင်ရန် မန္တလေးမှလားရှိုးသို့ ခေါ်ဆောင်လာစဉ် ပြင်ဦးလွင် မြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိသဖြင့် အမှတ် (၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ပြင်ဦးလွင်မြို့နယ် ပိတ်ချင်းမြောင်နယ်မြေ ရဲစခန်း (ပ) ၆၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ပို့ခဲ့ပြီး မတ် ၁၉ ရက်တွင် ပြင်ဦးလွင်ခရိုင် တရားရုံးမှ တရားခံ ရဲမာန်အောင် (ခ) ရဲမာန်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန်နှင့် တိမ်းရှောင်တရားခံ မယမင်းထွေးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ကျင့် ၅၁၂ အရ ကျင့် ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၂၀၂၆ခုနှစ် မတ် ၂၂
စက်သုံးဆီဝယ်ယူမှုကို QR စနစ်ဖြင့် ကန့်သတ်မည်ဖြစ်ပြီး တစ်ပတ်လျှင် အများဆုံး ၂ ကြိမ်သာ ဝယ်ယူ ခွင့်ပြုတော့မည်ဖြစ်ပြီး အစိုးရဝန်ထမ်းများ ဗုဒ္ဓဟူးနေ့တိုင်း အိမ်မှနေ၍ အလုပ်လုပ်ကြရမည်ဖြစ်သည်။
( AI Aided Infographic Created by YMG)
နေပြည်တော်၊ မတ် ၂၂- အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခများကြောင့် ပြည်တွင်းစက်သုံးဆီ သုံးစွဲမှု အခက်အခဲမရှိစေရန်အတွက် လာမည့်ရက်သတ္တပတ်မှစတင်ကာ ယာဉ်အမျိုးအစားအလိုက် တစ်ပတ် လျှင် အများဆုံး (၂) ကြိမ်သာ ခွဲတမ်းစနစ်ဖြင့် ဝယ်ယူခွင့်ပြုတော့မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယနေ့ သတိပေးထုတ်ပြန်လိုက်ပါတယ်။
စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စက်သုံးဆီဝယ်ယူရာတွင် ပိုမိုစနစ်တကျရှိစေရန်နှင့် အဆင်ပြေချောမွေ့စေရန်အတွက် ယာဉ်၏ အင်ဂျင်စက်စွမ်းအားအပေါ် မူတည်၍ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိမည့် ဆီပမာဏကို ကန့်သတ်သတ်မှတ်သွားမှာဖြစ်ပါတယ်။
တစ်ပတ်အတွင်း သတ်မှတ်ထားသော ဆီပမာဏကို တစ်ကြိမ်တည်းဖြစ်စေ၊ အများဆုံး (၂) ကြိမ်ခွဲ၍ ဖြစ်စေ Bar Code နှင့် QR Code စနစ်အသုံးပြု၍ ဝယ်ယူရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မော်တော်ယာဉ်များအတွက် Bar Code Scan ဖတ်ခြင်းနှင့် ဆိုင်ကယ်များအတွက် QR Code ထုတ်ပေးခြင်းစနစ်ကို လာမည့်အပတ်အတွင်း အပြည့်အဝ စတင်အကောင်အထည်ဖော်မယ်လို့ဆ ိုပါတယ်။
လက်ရှိတွင် နိုင်ငံတော်အတွင်း စက်သုံးဆီ ဖူလုံမှု ရက်ပေါင်း (၅၀) စာ သိုလှောင်ထားရှိပြီးဖြစ်သကဲ့သို့ အခြားတင်သွင်းမှု လမ်းကြောင်းသစ်များကိုလည်း ချိတ်ဆက်ဆောင်ရွက်ထားသဖြင့် ပြည်သူများ အနေဖြင့် စိုးရိမ်ထိတ်လန့်၍ ပိုမိုဝယ်ယူစုဆောင်းခြင်းမပြုရန် အသိပေးထားပါတယ်။
ထို့အပြင် စက်သုံးဆီအရောင်းဆိုင်များတွင် မမှန်မကန်ရောင်းချမှုများ ရှိပါက တိကျစွာတိုင်ကြားနိုင်ပြီး၊ စည်းကမ်းဖောက်ဖျက်သည့် ဆိုင်အချို့ကိုလည်း ရောင်းချခွင့်လိုင်စင် ပိတ်သိမ်းမှုများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။
အဆိုပါစနစ်သည် ဗုဒ္ဓဟူးနေ့တိုင်း ရုံးဌာနများ နေအိမ်မှအလုပ်လုပ်ရမည့် (Work From Home) အစီအစဉ်နှင့်အတူ စက်သုံးဆီချွေတာရေးအတွက် အစိုးရ၏ အဓိကလုပ်ဆောင်ချက်တစ်ခုအနေနှင့် တွဲဖက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
#ymg/knl
🄱🅁🄴🄰🄺🄸🄽🄶 🄽🄴🅆🅂
နေပြည်တော် မတ်၂၂- လာမယ့် မတ်လ ၂၅ ရက်နေ့ကစပြီး အစိုးရဝန်ထမ်းတွေအားလုံး အပတ်စဉ် ဗုဒ္ဓဟူး နေ့တိုင်း ရုံးတက်စရာမလိုဘဲ မိမိတို့ရဲ့ နေအိမ်တွေကနေပဲ အလုပ်လုပ်ကြရတော့မှာ ဖြစ်ပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ စက်သုံးဆီချွေတာရေးအတွက် အသစ်ထုတ်ပြန်လိုက် တဲ့ ညွှန်ကြားချက်တွင် ဖော်ပြပါရှိတာ ဖြစ်ပါတယ်။ အဓိက အကြောင်းရင်းကတော့ အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နောက်ဆက်တွဲအနေနဲ့ စက်သုံးဆီ ရှားပါးမှုတွေ ဖြစ်လာနိုင် တာကို ကြိုတင်ကာကွယ်ဖို့အတွက်လို့ ဆိုပါတယ်။
လက်ရှိမှာ စက်သုံးဆီ အရန်အတားက လုံလုံလောက်လောက် ရှိနေသေးပေမယ့် အနာဂတ်မှာ ကြုံလာရနိုင်တဲ့ စွမ်းအင်အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဆီသုံးစွဲမှုကို လျှော့ချချင်တာကြောင့် ဒီလို Work From Home စနစ်ကို ကျင့်သုံးရတာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဲဒီအပြင် အစိုးရဝန်ထမ်းတွေအနေနဲ့ ဗုဒ္ဓဟူးနေ့လို အိမ်ကနေ အလုပ်လုပ်ရမယ့်ရက်မျိုးမှာ တာဝန် ကိစ္စကလွဲရင် အပြင်သွားတာမျိုး ဒါမှမဟုတ် ကိုယ်ပိုင်ကား၊ ဆိုင်ကယ် သုံးစွဲတာမျိုးတွေကိုလည်း အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
အစိုးရဌာနတွေတင်မကဘဲ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေကိုလည်း ဒီလိုပဲ အိမ်ကနေ အလုပ် လုပ်တဲ့စနစ်မျိုး (Work From Home) ကို အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တောင်းဆို ထားတာ တွေ့ရပါတယ်။
ဒီအစီအစဉ်ဟာ နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထပ်မထွက်မချင်း အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာ ဆက်ပြီး အကျိုးသက်ရောက်မှု ရှိနေမှာ ဖြစ်ပါတယ်။
#ymg/knl
Page 116 of 2398